Friday 17 May 2013

သူ-ကျွန်တော်

“သူ-ကျွန်တော်”

တစ်ခါတလေ စိတ်ကူးနဲ့ရူးရတာဟာ
တိမ်ပေါ်မှာထိုင်ရင်း မိုးမိနေသလိုပဲ
လေထဲမှာလွင့်နေပေမယ့်
တစ်ကိုယ်လုံးကြွက်စုတ်ကိုဖြစ်လို့....


----သူ က အတိတ်ကြီးထဲ မျောတယ်
ကျွန်တော်က ပစ္စုပ္ပန်ကို ဆွဲခေါ်တယ်
နောက်ဆုံးတော့လည်း ၃နဲ့၎လို ကျောခိုင်း
တစ်နေရာမှာတော့ ပြန်ဆုံမယ်ထင်ရဲ့
ဒီအတွေးနဲ့ ရူးနေခဲ့မိတဲ့ ကြွက်စုတ်လေးတစ်ကောင်

----ပြည့်မလား ပြည့်လေမလား
မျှော်လင့်ချက်တွေက ပြည့်လေမလား
တွေးတယ် ငေးတယ်ဆွေးတယ်
သူ့အတိတ်မှာ ကိုယ်ပါပိတ်မိနေခဲ့
သူလာမလားအတွေးတွေနဲ့
သူ့အတိတ်ကို ခဏခဏချောင်ပိတ်ဖမ်းခဲ့မိတာ
ကိုယ်ပါ ရောယောင် လမ်းပျောက်
ကိုယ့်အတိတ်မှာ..သူရှိလာပြီ

----ပစ္စုပ္ပန်ကိုပါမလာဘူး
အနာဂတ်ကို ခေါ်သွားဖို့မဖြစ်နိုင်ဘူး
သိတယ်
ဒါတွေကို သိတယ်
သိလည်းပဲ ၄ ဂဏန်းကို ၃ က စောင့်မျှော်နေတုန်း
၎ ရဲ့ အတိတ်ကို ၃ ကခဏခဏသွားလည်နေမိတုန်း
လွမ်းတယ်
သူရှိတဲ့ အတိတ်ကို ခဏခဏပြန်ကြည့်ရ
လွမ်းတယ်
သူပါမလာတဲ့ ပစ္စုပ္ပန်မှာ ခဏခဏငိုကြွေးရ
တကယ်လွမ်းပါတယ်

----သူကသူပါ
ကျွန်တော်က ကျွန်တော်ပါ
အတိတ်က CD တစ်ချပ်မဟုတ်မှန်း
သူလည်းသိတယ်
ကျွန်တော်လည်းသူတယ်
သူက သူ့အတိတ်ကို ခဏခဏပြန်ဖွင့်ချိန်
ကျွန်တော်က သူပါတဲ့အတိတ်ကို repeat လုပ်ထားလိုက်တယ်
လာ အတွေးထဲမှာပဲ အသက်ရှင်ကြတာပေါ့
သူ့အလွမ်းမှာ ကျွန်တော်မပါဘူး
ကျွန်တော့်အလွမ်းမှာ သူက ဇာတ်လိုက်
ရှုံးတယ် ကျွန်တော် ရှုံးတယ်
သူလည်း ရှုံးတယ်
သူနဲ့ ကျွန်တော်က CD ချပ်ကိုယ်စီနဲ့ အသက်ရှင်နေကြသူတွေ
ဘဝအမောတွေကို CD လေးဖွင့်ပြီးဖြေသိမ့်နေခဲ့ရ
တကယ်ဆို ပြင်ပကမ္ဘာမှာ ပျော်ရွှင်ခွင့်တွေ ရှိခဲ့သား
ဒါပေမယ့်လည်း သူ့အတိတ်က ကျွန်တော့်ပျော်ရွှင်မှုကို သတ်တယ်

----သူ
ကျွန်တော်
ကိုယ်စီလေလွင့်ခဲ့ကြ
သူ့အတိတ်က ရုန်းထွက်နိုငတဲ့တစ်နေ့
ကျွန်တော့်အတိတ်က အနာဂတ်ဖြစ်ဖို့ ပန်းတွေ ဖူးပွင့်မယ်
ဆုံမလား ဆုံလေမလား
ပျော်မလား ပျော်နိုင်မလား
၃ နဲ့ ၄ ရဲ့ အကျိုးပေးကံ
အစနဲ့အဆုံးဆက်မှ
အသုံးဝင်မဲ့ သုညလေးလို
ဖြစ်ချင်တယ်

ရည်ဝေ

1 comment:

Unknown said...

တကယ်ဆို မဖြစ်နိုင်မှန်းသိပါရက် စိတ်ကူးနဲ့ ရူးခဲ့ညတွေ
အတိတ်တွေကို မေ့ဖို့ ဆေးရှိချင်ရဲ့

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်