Tuesday 30 April 2013

“၃၀-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ”



မေ့ကြည့်မိတယ်
မအောင်မြင်ဘူး


ငှက်ကလေး
အချစ်က ခါးသက်သက်နိုငတယ်ဆိုတာ ငါသိပြီ
လွမ်ရတာလည်း ခါးတယ်
ချစ်ရတာလည်း ခါးတယ်
သဝန်တိုရတာက ပိုလို့တောင် ခါးသေးတယ်
အားပေးဖေါ်လက်တစ်ဖက်ပျောက်ဆုံးတယ် ဆိုတဲ့ အတွေးက အခါးဆုံး
ဒါပေမယ့်လည်း မမေ့နိုင်ဘူးတဲ့
တိုးတိုးလေးပဲ ရေရွတ်လိုက်မိတယ်
ဒါဝဋ်ကြွေးပဲလို့။

Monday 29 April 2013

၂၉-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ




ငှက်ကလေး
ငါစိတ်ညစ်နေမှန်းသိရက်
အားပေးစကားတစ်ခွန်းတောင် မကြားရဘူးနော်
ရက်စက်တတ်လိုက်တာ
တကယ်ဆိုမေးသင့်ပါတယ်
မျှော်လင့်မိသူအမှားလို့ပဲ ကိုယ့်ကိုယ်ကို ပုံချလိုက်ပါတယ်

ငှက်ကလေး

ငှက်ကလေး
 ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး
 ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
 ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
 ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး  
ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး
 ငှက်ကလေး
 ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
 ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
 ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး
 ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး ငှက်ကလေး
ငှက်ကလေး ငှက်ကလေး
ငှက်ကလေး




Sunday 28 April 2013

၂၈-၄-၂၀၁၃ငှက်ကလေးသို့တစ်နေ့တာ




အချစ်=အချစ်
အချစ်=အချစ်
အချစ်=အချစ်
ငှက်ကလေး ဖြစ်ချင်နေတဲ့ ညီမျှခြင်းတစ်ခုပဲရှိတယ်
ယုံကြည်ရက်နဲ့

ငါ့ချစ်ခြင်းကို ပစ်ပယ်ဖို့ မင်းကြိုးစားနေတယ်
သွားပါ

Saturday 27 April 2013

၂၇-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ




(၁)

ငှက်ကလေး
စကားတွေရှားပါးကုန်ပြီနော်
သံယောဇဉ်အငွေ့အသက်မပါတောင်
သာမန်သူငယ်ချင်းအချင်းချင်းအနေနဲ့
စကားပြောခွင့်ရချင်တယ်
ငှက်ကလေး
မင်းစိတ်တွေရှုပ်နေတယ်နော်

Friday 26 April 2013

၂၆-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ငါ က လူရုပ်ကြီးဆို
မင်းက ငါကိုကစားနိုင်တဲ့
တစ်ဦးတည်းသော သခင်
မင်းပြုံးစေချင်ရင် ငါပြုံးလို့
မင်းပျော်စေချင်ရင် ငါပျော်ရတယ်
ငှက်ကလေး မတရားဘူး
ငါ ဘယ်သူ့ကိုမှ မကစားခဲ့ဖူးဘူး
ခုတော့ ငါက အကစားခံ လူရုပ်ကြီးဖြစ်လို့
မင်းလက်ထဲမှာ.........။

စိတ်

စိတ်
(၁)
ဟင်း…။ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။
            အလုပ်တွေပါးနေတာ တော်တော်ကြာပြီ။ နှစ်လကျော် သုံးလလောက်ရှိပြီ။ ပုံမှန်ဆို ဒီဆိုင်လေးက တစ်နေ့ကို သုံးသောင်းနီးပါးဝင်နေကျ။ ခုတော့ တစ်နေ့ ၅၀၀၀ တောင် ပုံမှန်မရှိချင်တော့။ နေ့စဉ်သွင်းနေရတဲ့ မဲဖိုး ၁၅၀၀၀ တောင် မတက်နိုင်တော့လို့ ရှိတဲ့ လက်စွပ်၊ ဆွဲကြိုး အားလုံးအပေါင်ဆိုင်မှာ။ မဲထုက်မှာကလည်း နောက်ထပ် လေးလလောက်လိုသေး၏။ ဒီအတောအတွင်း ဘယ်လိုနေရပါ့မလဲ။ ပိုက်ဆံလိုလို့ မိဘနှစ်ပါးဆီက ထုတ်ထုတ်သုံးနေရတာလည်း အားနာလှပြီ။

သစ်ပင်နားမလည်တဲ့ ကမ္ဘာ


သစ်ပင်နားမလည်တဲ့ ကမ္ဘာ




ကျုပ်အသက်က ရှစ်နှစ်ရှိပြီဗျ။ ပင်မြင့်မျိုးဆိုတော့လည်း အရပ်ကြီးက ထွားတာပေါ့ဗျာ။ တော်တော်များများကတော့ ကျုပ်ကို ခေါ်ကြလေရဲ့။ ဘာတဲ့……။ ခရေပင်ကြီးတဲ့လေ။ 

ကျုပ်တို့ သစ်ပင်ဆိုတာကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုတာကြီးကိုရှု၊ ပြီးရင် ကမ္ဘာကြီးအတွက် အောက်ဆီဂျင်ထုတ်ပေး ဆိုတဲ့ ဘဝပေးတာဝန်ရှိတော့လည်း နေ့စဉ်နေ့တိုင်း ရှုလိုက်ထုတ်လိုက်ဆိုတဲ့ တာဝန်နဲ့ လုံးချာလည်လိုက်နေတာပါပဲ။ ဒီလိုပဲ တာဝန်နဲ့အသားကျလာတော့ ကျုပ်လည်း မျက်လုံးကစားတတ်လာသဗျ။ အဲ့ဒီအကျိုးကျေးဇူးကတော့ ဘယ်နေရာမှာတော့ ဘယ်သူတွေရှိပြီး ဘယ်နေရာမှာတော့ ဘယ်သူတွေဘဘာလုပ်နေတယ် ဆိုတာမျိုး သိလာတာပေါ့ဗျာ။

ချစ်ဆုံး ဘယ်လိုဖြေရမယ်


ချစ်ဆုံး ဘယ်လိုဖြေရမယ်

ကျွန်မက ကိုကို့ရဲ့ အချစ်ရူးမလေးလေ။ လေရူးနွေရူးနဲ့အတူ တွေ့ခဲ့တာမဟုတ်ပဲ မိုးစက်တွေနဲ့ အတူတွေ့ခဲ့တဲ့ ကိုကို့ကို အချစ်ကြီးချစ်မိတဲ့ အချစ်ရူးမလေး။ ကိုကိုလည်း သိမယ်ထင်တယ်။ ဟုတ်တယ်။ သိခဲ့မှာပါ။
ကိုကို့ကိုတွေ့စက ကိုကိုဟာ ကျွန်မအတွက် ကြောင်လေးတစ်ကောင်လို ဆံပင်စုတ်ဖွားလေးနဲ့ ချစ်ဖို့ကောင်းနေခဲ့တယ်။ အဲ့ဒီနေ့က ရွာခဲ့တဲ့  မိုးဟာ ကိုကိုနဲ့ ကျွန်မအတွက် ရေစက်ဖန်ဆင်းပေးခဲ့တယ်လို့ ပြောရင်လည်း မမှားဘူး။ ဘက်စ်ကားမှတ်တိုင်မှာ မိုးခိုခဲ့တဲ့ လူနှစ်ယောက်ဟာ မထင်မှတ်ပဲ စကားလက်ဆုံကျခဲ့မိတဲ့အခါ အံ့သြတကြီးနဲ့ပဲ ဟက်ဟက်ပက်ပက်ကို ရယ်မောမိခဲ့ကြတယ်။ ကိုကိုက ကျွန်မတို့တိုက်ခန်းရှေ့က တိုက်မှာပဲ နေတာဖြစ်ခဲ့ပြီး ကျွန်မကော ကိုကိုပါ တစ်ယောက်ကိုတစ်ယောက် မသိခဲ့ကြဘူးတဲ့။

စိတ်ကူးပေါက်ရာ-၁-----------(အကောင်းဆုံးကစားသမားဖြစ်ချင်တယ်)


(-)
 ကိုယ့်ကိုယ်ကိုယ်တော့ဇာတ်လိုက်မှတ်တာပဲ။ ဒါပေမယ့်လည်းလေ ဘယ်သူသိမလဲ။ ကိုယ်ဟာ ဇာတ်ရံဖြစ်လိုက်၊ ဇာတ်လိုက်ဖြစ်လိုက်နဲ့မတူညီတဲ့ နေရာတွေမှာ တကန့်စီလှုပ်ရှားလို့။ လောက ဇာတ်ခုံပေါ်မှာ။
တခါတခါ မျက်ရည်ကျတဲ့အခါရှိရဲ့။ တခါတခါဟက်ဟက်ပက်ပက်ရယ်လိုက်ရတဲ့အခါရှိရဲ့။ ကဲ ကိုယ့်ကိုဘယ်သူများသံပတ်ပေးထားပါသလဲ။ ရယ်ချိန်ရယ်၊ငိုချိန်ငို ဆိုတဲ့စစ်စတမ်များသွားထားလေရော့သလား။ မထင်မှတ်ပဲလည်း ငိုခဲ့ဖူးရဲ့။ မထင်မှတ်ပဲလည်းပျော်ခဲ့ဖူးရဲ့။
တကယ်လို့များ သံပတ်မပါခဲ့ဘူးဆိုရင်ကိုယ်ရယ်နေ၊ ငိုနေရတာတွေဟာ ကိုယ်လုပ်ခဲ့တဲ့ ကံလား။
 ဒီလိုဆိုလည်းမှားလိမ့်မယ်။ တကယ်ဆို ဘဝမှာ ဘယ်သူ့ကိုမှ ဒုက္ခပေးခြင်းမရှိခဲ့သလို အပူပေးခြင်းလည်းမရှိခဲ့ပါဘူး။ ဘဝမှာ စိတ်ဖြူဖြူနေ၊ ကိုယ့်အပြုအမှုပဲ ကိုယ်ဂရုစိုက်ဆိုတဲ့စကားနဲ့ပဲ နေလာခဲ့တာ။ဘယ်သူ့မှ ဂရုမစိုက်ခဲ့ပေမယ့် ကိုယ့်အပြုအမှုဟာတစ်ဖက်သားကို အမှားအယွင်းဖြစ်စေတဲ့အပြုအမှုမဟုတ်ခဲ့ပါဘူး။ တစ်ဖက်သားကို စော်ကားတဲံ့ စကားအပြုအမှု မသုံးနှုန်းခဲ့ဖူးပါဘူးကွယ်။ 

၂၅-၄-၂၀၁၃ ငှက်ကလေးသို့တစ်နျေွှ့ာ




အလိုက်သင့်တွန့်တတ်တဲ့ နှုတ်ခမ်းထောင့်ချိုးလေးတွေ
အပိုင်စားသိမ်းပစ်လိုက်ချင်တယ်
မထိတထိထင်နေတတ်တဲ့
ပါးပေါ်က အစင်းရာလေး
ငှါ့နှလုံးသားမှာ ဘောင်သွင်းသော့ခတ်မိပေါ့
ကမ္ဘာတစ်ခုမှာ အသက်၇ှင်ရတာခြင်းတူတူ
မင်းအသက်ရှင်တဲ့ မနက်ခင်းမှာ
ငါလည်းအသက်ရှင်မယ်
မင်း ရှင်သန်နေတဲ့ နေ့လည်မှာ
ငါလည်း ရှင်သန်မယ်
မင်း တိတ်ဆိတ်နေတဲ့ ညခင်းမှာ

Wednesday 24 April 2013

၂၄-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

အငေးတွေ ခလုတ်တိုက်မိတိုင်းမှာ
နှလုံးသားဟာ ဆယ်ကျော်သက်ကလေးလို မြူးတယ်
ငေးကြည့်ချင်ရက်နဲ့ မျက်နှာလွှဲခဲ့ရသော အပြုံးတွေ
ငေးကြည့်နေချင်မိရက်နဲ့ လွှဲလိုက်ရသော မျက်လုံးလေးတွေ
ကြာလာရင် မျက်ဝန်းဘေးလေးကို လက်ကလေးနဲ့။
အသာအယာတို့ထိချင်မိတော့မယ်
ပါးပေါ်က ရှိတတ်တဲ့ အစင်းကြောင်းရာလေးကို
လက်ကလေးနဲ့ အသာအယာတို့ထိချင်မိတော့မယ်
goodbye ဆိုတဲ့ စကားသံတိုင်းမှာ
မျက်ရည်က အလိုလို ဝဲချင်တယ်
တကယ်ချစ်လွန်းရင် ဦးနှောက်က အလုပ်မလုပ်တော့ဘူးထင်ပါရဲ့
နှလုံးသားအလိုကို လိုက်နေမိခဲ့တာ တော်တော်ကြာပြီ။

Tuesday 23 April 2013

၂၃-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

သူပြုံးရင် ကမ္ဘာတစ်ခုလုံး မှေးမှိန်ပြီး သူ့အပြုံးတစ်ခုပဲ ထွန်းလင်းတယ်
သူ့စကားပြောရင် ကမ္ဘာတစ်ခုလုံးတိတ်ဆိတ်ပြီး သူ့အသံပဲ ကြားယောင်မိတယ်
သူရယ်ရင် ကမ္ဘာတစ်ခုလုံးမှာ သူ့ရယ်သံသာ လွင်လွင်လေးနဲ့ ပေါ်ထွက်နေသလိုမျိုး
ငှက်ကလေးရေ ငါက မင်းအတွက် အဲသလောက်ရူးတဲ့သူ
မင်းအသံမင်းအပြုံးမင်းအရယ်မှာ
တိတ်တဆိတ်နဲ့ ရပ်တန့်နေမိပေါ့

Monday 22 April 2013

၂၂-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

မဆုံနိုင်တော့ဘူး မဆုံနိုင်လောက်တော့ဘူး
ခဏခဏညာတယ်
ခဏခဏ ပျက်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ
ကြာလေကြာလေ ရူးလေ
ငှက်ကလေး
သစ်ပင်ရူးတစ်ကောင်ကို ခွင့်လွှတ်ပေးနိုင်မလား
ခဏခဏမပြုံးပါနဲ့ ငါထပ်ရူးမိမှာစိုးတယ်
ခဏခဏမရယ်ပါနဲ့ ငါထပ်မူးမိမှာစိုးတယ်
ခဏခဏမမှိုင်ပါနဲ့ ငါစိတ်ပူမိမှာစိုးတယ်
ခဏခဏနေမကောင်းမဖြစ်ပါနဲ့ငါစကားတွေကျွံမိတော့မယ်
ခဏခဏအသံတွေ မနာပါနဲ့ငါငိုချင်မိမှာစိုးတယ်
ခဏခဏ ခဏခဏ ခဏခဏ ခဏခဏ။

ခုတွေ့ချင်နေစိတ်တွေကို ဘယ်လိုထိန်းရမလဲ
အလွမ်းဆိုတာ ကြာလေရင့်လေ
အချစ်က ကြာလေစပ်လေ
ငှက်ကလေး ငါ တကယ်လိုအပ်နေပါပြီ
မင်းကို။

“၂၁-၄-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ”



ပျော်ရမလား ငိုရမလား
မင်းပြောတဲ့စကားတွေမှာ ကိုယ်ဟာလည်နေတယ်
စိတ်တွေဟာ ခြေလွတ်လက်လွတ်
ပျော်ပျော်ကြီး အလှည့်စားခံနေကြတယ်
မင်းပြုံးစေချင်ရင်ပြုံးလိုက
မင်းငိုစေချင်ရင်ငိုတယ်
ငှက်ကလေး
ငါဟာငါ့စိတ်ကို မပိုင်စိုးတော့ဘူး
ငါဟ ငါ့ကိုယ်ငါမပိုင်စိုးတော့ဘူး
ငါဟာ မင်းလက်ထဲက နယ်ရုပ်တစ်ရုပ်။

Saturday 20 April 2013

၂၀-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ငှက်ကလေး
တွေ့သလား
ကိုယ်ကလေးဆန်နေတယ်
ကိုယ် စိတ်ကို လွှတ်ပေးနေမိတယ်
တွေ့ချင်စိတ်ပြင်းပြင်းပြပြမှာ
ထိန်းမရတဲ့စကားလု့းတွေက
အန်းတားတစ်ချက်ခေါက်လိုက်တိုင်းပေါ်လာ
ဟောဒီဝါယာကြိုးတွေထဲ ကို ကျုံ့ဝင်နိုင်စွမ်းရှိချင်လိုက်တာ

Friday 19 April 2013

“၁၉-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ”



ငှက်ကလေးတစ်ကောင်ကိုတွေ့မိပါသလား
တွေ့မိရင် လမ်းညွှန်ပေးပါ
သစ်ပင်လေးတစ်ပင် သူ့ကိုစောင့်နေတယ်...လို့
ဟုတ်တယ်
ကျွန်တော်က သစ်ပင်
ငှက်ကလေးကိုမှ ချစ်မိတဲ့သစ်ပင်
ငှက်ကလေးကိုမှ ချစ်မိတဲ့ သစ်ပင်တစ်ကောင်ပါ။

Thursday 18 April 2013

၁၈-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


တဖျတ်ဖျတ်နဲ့
တောင်ပံခတ်သံ လာပေးသွားတယ်
ကြားလိုက်သူမှာက အရူးတပိုင်းကိုဖြစ်လို့
ငှက်ကလေး
မင်းအတွက်နဲ့ အရူးစိတ်ဟာ ကြာလေ၇င့်လေ

“၁၇-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ”




ငှက်ကလေးရေ ပျော်ရဲ့လား
မဟာစေ့စပ်ပွဲမှာ
ငှက်ကလေးနဲ့ ငှက်ကလေးရဲ့ချစ်သူဟာ
အပြုံးမြိုင်နေမှာပေါ့နော်

ငှက်ကလေးရေ ပျော်ရဲ့လား
တရွေ့ရွေ့နီးကပ်လာတဲ့
အချစ်တံခါးပိတ်သံတွေ
ချစ်ခွင့်မရှိတော့မယ့်ေ န့ရက်တွေအတွက်
ငါ ငိုပါရစေ
ဒီနေ့တစ်နေ့တာ ငါငိုပါရစေ

Tuesday 16 April 2013

“၁၆-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ”




ရိပ်ခနဲ ပြေးသွားတဲ့ သစ်ပင်တွေ
ခပ်ဝါးဝါးအမြင်တွေမှာ
ကိုယ်ဟာ ခံစားချက်တစ်ခုကို ဆန်းစစ်ကြည့်နေမိ
ငှက်ကလေးက ကျွန်တော့်အတွက် အချစ်လား
ငှက်ကလေးက ကျွန်တော့်စိတ်လှုပ်ရှားမှုလား
ငှက်ကလေးက ကျွန်တော့်အတွက် တိမ်းမူးမှုလား
သေချာနေတာတစ်ခုက
ငှက်ကလေးက ကျွန်တော့်အတွက် ဒိုင်ယာရီ ဖြစ်ခဲ့ပြီ
ငှက်ကလေးက ကျွန်တော့်အတွက် စိတ်ဖြေရာနေရာတစ်ခုဖြစ်ခဲ့ပြီ
ငှက်ကလေးက ကျွန်တော့်အတွက် နားခိုရာနေရာတစ်ခုဖြစ်ခဲ့ပြီ

၁၅-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ




ပခုက္ကူရဲ့ နံနက်ခင်းက
အေးမြလတ်ဆက်လွန်းတယ်
အတာရေကစားကြပုံကလည်း
စည်းကမ်းတကျနဲ့
နှစ်လိုဖွယ်ရာကောင်းလွန်းလှတယ်
sexy girl ဆိုတဲ့သီချင်းနဲ့ ကနေကြသူတွေမရှိဘူး
တလေးတစားအလေးပြုခဲ့မိပါတယ်
ကိုယ့်ရန်ကုန်သင်္ကြန်ကို အရှက်ပိုရင်းလေ...။

Sunday 14 April 2013

“၁၄-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ”


ခဏခဏဖွင့်နေလို့တဲ့
Call recorder ထဲက အသံတွေ ဟာ
ကျွန်တော့်ကို ဆူနေပြီ
မင်း မပျင်းသေးဘူးလားတဲ့လေ…
မတက်နိုင်ဘူး
သတိရတိုင်းပြေးမိတဲ့စိတ်တွေကို ထိန်းဖို့
Call recorder လေးကကျွန်တော့်အတွက် ပဲ့ကိုင်ရှင်
တစ်နေ့တာ အချိန်ဇယားဟာ
မဟာအံ့ထူးကံသာ၊ ပိတ်ချင်းမြောင်နဲ့ ပွဲကောက်ရေတံခွန် တဲ့
အဲ့ဒီအချိန်တွေမှာ ဒီရက်ကောဒင်းလေးဟာ ဘယ်နှစ်ကြိမ်မြောက်အလုပ်လုပ်ခဲ့ရသလဲ
ငှက်ကလေး မင်းသိစေချင်လိုက်တာ။

Saturday 13 April 2013

၁၃-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


ငွေ့ငွေ့လေးမြင်ရတဲ့အရိပ်
သဲ့သဲ့လေးကြားလိုက်ရတဲ့ တောင်ပံခတ်သံ
ငှက်ကလေးရေ
သစ်ပင်ရူးတစ်ကောင်
ရင်တွေ ပူလောင်နေတယ်
နေကျော်ရင်မူးမဲ့ ထန်းရည်ချိုကိုသောက်လို့
တဝကြီး မူးပစ်ကြည့်တယ် မေ့မလားလို့
ရေနံချောင်း ၃၆ က ထန်းရည်ချိုလည်း မကယ်နိုင်ဘူး
နေကျော်ရင်မူးမဲ့အစား
အလွမ်းတွေ ပျို့တက်လာတယ်

Friday 12 April 2013

အလွမ်းလွန်ဝေဒနာ

မတည်တဲ့ ကတိတွေအထပ်ထပ်ဟာ နှလုံးသားကိုစူးလာ
ငှက်ကလေး
ငါ မျှော်နေတုန်းပဲ။

 
မတွေးပါဘူး
မစဉ်းစားတော့ဘူး
မသက်ဆိုင်ပါဘူး
မချစ်သင့်တော့ဘူး

“၁၂.၄.၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ”



အလွမ်းတွေချည်း ထပ်နေတဲ့ရက်တွေ
ဘာတွေကို ဘယ်လိုရေးရေး
လွမ်းတယ် လွမ်းတယ် ဆိုတဲ့ စကားပဲ ထွက်လာတယ်

ငှက်ကလေး
ယုံချင်ယုံ မယုံချင်နေ
တစ်စက္ကန့်မှာ ကိုယ့်အတွေးဟာ မင်းနှလုံးသားကို အကြိမ်ကြိမ်ခေါက်မိပေါ့
ပွင့်မလာတဲ့ တံခါးချပ်တွေရှေ့မှာ
မှိုင်ခဲ့ရတာလည်း အကြိမ်ကြိမ်ရှိနေခဲ့ပြီ

ငှက်ကလေး
မြတ်နိုးခြင်းရဲ့ မြစ်ဖျားခံရာကို လိုက်ရှာကြည့်မိတယ်
ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မုန်းမိလိုက်တယ်
အဖြေမရှိတဲ့ ပုစ္ဆာကို နောက်တစ်ကြိမ်တွက်မိပြန်ပြီ မဟုတ်လား.

Thursday 11 April 2013

အတိတ်-

အတိတ်
----(၁)-----
အညိုရောင်သမ်းသောဆံနွယ်များ
လေနဲ့အတူ ယိမ်းနွဲ့သွားကြ
မထီတရီအပြုံးတစ်ချက်နဲ့သူဟာ
ကျွန်တော့်အတွက်
အလှဆုံးသက်တံ့တစ်စင်း။

“၁၁-၄-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ”




မြိုသိပ်ရခက်သော အလွမ်းများ
ငှက်ကလေးသို့ တစ်နေ့တာမှာ ကြွေဆင်းဖို့
စကားလုံးလိုက်ရှာကြည့်တယ်
ဘယ်စကားလုံးမှ အရာမဝင်ဘူး
ကိုယ့်နှလုံးသားကအလွမ်း ကိုယ်ကိုယ်တိုင်ပဲသိတယ်

“၁၀-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ.........”


-
x@x@x@x@x@x
x@x@x@x@x
x@x@x@x@x@x
x@x@x@
@
-

Tuesday 9 April 2013

၉-၄-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ

ကလေးတစ်ယောက်လို အော်ငိုပစ်လိုက်ချင်တယ်
လမင်းဆီက ထမင်းဆီဆမ်းကို ရွှေလင်ဗန်းကြီးနဲ့ မလိုပါဘူး
ငှက်ကလေး ခွံ့ကျွေးလာမယ့် ထမင်းဆီဆမ်းပဲ လိုအပ်တယ်

ငှက်ကလေး ကိုယ် အော်ငိုပစ်ချင်တယ်
ကျွေးမှာလား ထမင်းဆီဆမ်းကို။

Monday 8 April 2013

ငှက်ကလေးတစ်ကောင်အတွက်(၉)

ချစ်သူ လို့ တိုးဖွဖွ ခေါ်လိုက်မိတယ်။ သူမကြားပေမယ့် ကျွန်တော့်ရင်တွေတဆတ်ဆတ်ခုန်ပြီး ရှက်သွေးဖြာတယ်။ သစ်ပင်တစ်ပင်ရဲ့ ရင်ဖွင့်စာကို ကောင်းကင်ကြီးက ဖတ်ကြားပေးနိုင်ရင်ဘယ်လောက်ကောင်းလိမ့်မလဲ။ ဒါဆို ကျွန်တော့်ချစ်ခြင်းကို ငှက်ကလေးကော၊ တစ်ကမ္ဘာလုံးကောသိသွားလိမ့်မယ်။
(-)
တွေ့ဆုံမှုက ထူးမခြားနား။ ကျွန်တော့် လက်မှာ လာနားတဲ့ ငှက်ကလေး။ သူ့ကို ကျွန်တော် ချစ်မိသွားခဲ့တယ်။စက္ကန့်ပိုင်းအတွင်းတဲ့လေ။ ဘယ်သူရေးလိုက်တဲ့ ဇာတ်ညွှန်းလဲံ။ ဘယ်သူ ခွင့်ပြုလိုက်တာလဲ။သစ်ပင်တစ်ပင်ရဲ့ အလွမ်းဇာတ်ကတော့ အဲဒီအချိန်ကစပြီး ကရတော့တာပဲ။ ချစ်တယ်၊ လွမ်းတယ်၊ဝမ်းနည်းတယ်၊ ကြေကွဲတယ် တစာစာအော်နေမိခဲ့တယ်။ ငှက်ကလေး မကြားဘူး။
ငှက်ကလေးမှာ ငှက်ကလေးတစ်ကောင်ရှိတယ်။  ငှက်ကလေးမှာ ရည်မှန်းချက်တွေ ရှိတယ်။ ငှက်ကလေးမှာ အိပ်မက်တွေရှိတယ်။ ငှက်ကလေးမှာ ငှက်ကလေးကိုချစ်တဲ့၊ ငှက်ကလေးကချစ်တဲ့မိသားစုရှိတယ်။
ငှက်ကလေးမှာ ငှက်ကလေးတစ်ကောင်ရှိတယ်ဆိုတဲ့ အသိကိုသိစက ကျွန်တော့်ရင်တွေ အက်တဲ့နေ့ပေါ့။ငှက်ကလေးရဲ့ ရည်မှန်းချက်တွေ ၊ အိပ်မက်တွေကိုလည်း ကျွန်တော်လေ ပြည့်စုံစေချင်လိုက်တာ။ငှက်ကလေးချစ်တဲ့ မိသားစုနဲ့ ငှက်ကလေးဟာကျွန်တော့်အတွက် ပျော်ရွှင်ဖွယ်ရာ မိသားစုပြဇာတ်လေးပဲ။အထပ်ထပ်အခါခါကြည့်နေချင်တယ်။
ငှက်ကလေးက ငိုတတ်တယ်။ မယုံမရှိနဲ့ ငိုတတ်တယ်။ ငှက်ကလေးက သီချင်းလည်းဆိုတတ်တယ်။ ဟုတ်တယ်။ငှက်ကလေးဆိုတဲ့ သီချင်းဟာ ကမ္ဘာမှာအကောင်းဆုံးတေးပဲ။ သူ့သီချင်းသံတိုးဖွဖွလေးမှာ ကျွန်တော့်နှလုံးသားကအချစ်ဆိုတဲ့ မြစ်ထဲ ဝုန်းခနဲ ခုန်ဆင်းလိုက်မိခဲ့တာပေါ့။
ငှက်ကလေးက လူကြီးဆန်ဆန်ရင့်ကျက်တယ်။ တခါတလေကျ ကလေးဆန်တယ်။ အမြဲစူပုတ်ပုတ်နေတတ်သလိုအမြဲပြုံးချိုချိုလေးလည်း နေတတ်သေးတယ်။ ငှက်ကလေးရဲ့ အပြုံးက တခါတလေ ဝင့်ဝါပြီး တခါတလေကျကလေးဆန်ဆန်ဖြူစင်လွန်းတယ်။ တခါတလေကျ ပြုံးမြမြနဲ့ ရင်ခုန်ဖို့ကောင်းလိုက်တဲ့အပြုံးလေးသူမို့ပြုံးတတ်လွန်းတယ်။
ငှက်ကလေး ငိုနေတာ မတွေ့ဖူးဘူး။ ငှက်ကလေး ငိုင်နေတာ တွေ့ဖူးတယ်။ ငှက်ကလေး စိတ်ရှုပ်တတ်တယ်။ငှက်ကလေး မသိလိုက်မသိဘာသာနေတတ်တယ်။ ငှက်ကလေးဟာ ကျွန်တော့်အတွက် တစ်သက်တာ သင်ခန်းစာတွေပဲ။ဘယ်တော့မဆိုသင်ယူနေမိမယ့် ငှက်ကလေးရဲ့ စိတ်အခြေအနေပြပုံရိပ်များ။ရင်မှာ ထာဝရသိမ်းထားမိနေမှာ...။
(-)

ငှက်ကလေးက ငှက်ကလေးတစ်ကောင်ကို ချစ်ခဲ့ဖူးတယ်။
ဒီစာသားကို ရွက်ဝါတွေမှာအခါခါရေး၊ လေနဲ့လွှင့်ခဲ့ဖူးတယ်။ နင့်နေတဲ့ ရင်က ဝေဒနာတွေ လျော့သွားလေမလားလို့။ငှက်ကလေးရဲ့ ချစ်ခြင်းကို ငှက်ကလေးရဲ့မျက်နှာကိုကြည့်ပြီး လိုက်ဖမ်းခဲ့ဖူးတယ်။ ကျွန်တော်မှားသွားတယ်။ တကယ်ခံစားရတော့ ကျွန်တော်တစ်ယောက်ပါပဲ။ ငှက်ကလေးရဲ့ စိတ်ကူးယဉ်ဆန်တဲ့ချစ်ခြင်းကိုကျွန်တော်လေ ဖမ်းထားချင်လိုက်တာ။
ငှက်ကလေးက သူ့ချစ်သူကိုလေ တစ်ဘဝစာရည်ရွယ်ပြီးတော့ချစ်ခဲ့သတဲ့။ ကျွန်တော်လည်း ငှက်ကလေးကိုဘဝတစ်သက်တာ ရည်ရွယ်ခဲ့တာပါလို့လည်း ငှက်ကလေးသိအောင် အော်ပြောလိုက်မိချင်သေးတယ်။
ငှက်ကလေးရဲ့အချစ်က ဒီလောက်လေးနက်တာတောင် ငှက်ကလေးဟာ ဒဏ်ရာတွေ ရခဲ့သတဲ့။ ဝမ်းနည်းမိလိုက်တာ။ငှက်ကလေးလို ဖြူစင်သူအတွက် ဒဏ်ရာဆိုတာ မတန်မရာခံစားချက်ပဲ။ ကျွန်တော် ငှက်ကလေးကို သနားတယ်။ကြည်ကြည်နူးနူး သနားတယ်။ ကြည်နူးမှုကတော့ ကျွန်တော့်အတွက်လေ။
ငှက်ကလေး သိချင်မှသိမယ်။  သိလည်း သိနိုင်ပါတယ်။ ကျွန်တော်ဟာ အတ္တကြီးသူတစ်ယောက်။မောင်နှမချင်းရန်ဖြစ်ရင်တောင် အငယ်မို့ အကြီးကို အမှားထောက်မပြရဘူးဆိုတဲ့ ရှေးစကားကိုဒီမိုကရေစီနဲ့ ကလန်ကဆန်လုပ်နေတတ်တဲ့သူ။ အဲဒီလိုလူက ငှက်ကလေးနဲ့ ပတ်သတ်လာရင်ပျော့ပျော့ပျောင်းပျောင်း၊ဖယောင်းလေးလို လိုရာပုံသွင်းနိုင်သတဲ့။
ထူးဆန်းလိုက်တာ ငှက်ကလေးရယ်။
ငှက်ကလေးနဲ့ပတ်သတ်လာရင် ဘယ်လောက်ထိ ရူးလဲဆို ငှက်ကလေးရဲ့ ချစ်သူဟောင်းကို သဝန်မတိုမိဘူး။ငှက်ကလေးရဲ့ လေးနက်တဲ့ ချစ်ခြင်းတွေကိုပဲ နှမြောမိနေတာ။ နှမြောမိသွားတာ။
ဖြစ်နိုင်မယ်ဆိုရင်လေ ငှက်ကလေးရဲ့ချစ်ခြင်းတွေအားလုံး ကျွန်တော်သာအပိုင်စားရပစ်လိုက်ချင်တယ်။ခုတော့ မော...။ မျှော်ရင်းမောပေါ့။ ခြေကုန်လက်ပန်းကျနေတဲ့ သစ်ပင်လေး၊ ရေဘယ်လောက်လောင်းလောင်းကျွန်တော်အသက်ရှင်လာဖို့က ငှက်ကလေးရဲ့ မေတ္တာရေပါမှဖြစ်မှာ။ ငှက်ကလေးသိစေချင်လိုက်တာ။ငှက်ကလေးရဲ့မေတ္တာရေသာ မပါရင် ကျွန်တော်ဟာ သစ်ပင်တစ်ပင်အဖြစ်ပဲ အသက်ရှင်နေပြီး နှလုံးသားဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကျန်ခဲ့မှာ။
ဟော.... ဟိုမှာ ငှက်ကလေး။ ကျွန်တော့်ကောင်းကင်ကနေ ပျံသွားတယ်။ ကျွန်တော် လေ..ငှက်ကလေးကိုချစ်လိုက်တာ.။
(-)

ငှက်ကလေးကငှက်ကလေးတစ်ကောင်ကို ချစ်နေတယ်။
ဒီအသိမှာ ကျွန်တော် ကြေကြေကွဲကွဲပြုံးတယ်။ ကြေကြေကွဲကွဲပျော်တယ်။ အပြုံးနဲ့အပျော်ဟာငှက်ကလေးအတွက်လေ။ သူ အတိတ်ဒဏ်ရာတွေ မေ့နိုင်ပြီဆိုတဲ့ အတွေးနဲ့ ကျွန်တော် ပျော်မိပါတယ်။
ငှက်လေးရဲ့ ငှက်ကလေးရေ ကျေးဇူးပြုပြီး ငှက်ကလေးကို ညှာတာပါ။ သူ့ခမျာ ဒဏ်ရာတွေ ခံစားခဲ့ရတာ။ကျွန်တော့်တိုက်တွန်းပြောသံတွေဟာ ငှက်ကလေးရဲ့ ငှက်ကလေးဆီကို ရောက်မသွားနိုင်မှန်းသိတယ်။ဒါပေမယ့်လည်း ကျွန်တော် ငှက်ကလေးအတွက် စိုးရိမ်မှုတွေနဲ့ ပြောနေခဲ့မိတယ်။
ကျွန်တော့်အလွမ်းတွေသာ အားလုံးပြည့်စုံနိုင်မယ့်ဆန္ဒတွေအဖြစ်နဲ့ ငှက်ကလေးဆီရောက်သွားရင်ဘယ်လောက်ကောင်းလိမ့်မလဲ။ ဒါဆို ငှက်ကလေး အရာရာပြည့်စုံသွားမှာပဲ။
ငှက်ကလေးကို လွမ်းမိတဲ့အလွမ်းက နေ့နေ့ညည။ အချိန်မခွဲခြားဘူး။ လေပြေလေးတိုက်ရင်လွမ်းတယ်။သစ်ခက်လေးတွေ လှုပ်ရင် လွမ်းတယ်။ မနက်အလင်းရောက်ရင် လွမ်းတယ်။ ညအမှောင်ရောက်ရင် လွမ်းတယ်။
တကယ်ပါ။ အလွမ်းဆိုတာ အချစ်ရဲ့ ဘာသာဗေဒမှာ ဂုဏ်ထူးတန်းထွက်ဖို့ အလွယ်ဆုံးတဲ့။ ကျွန်တော်လက်ခံလိုက်ပါတယ်။ ကျွန်တော်လည်း အလွမ်းမှာ ဂုဏ်ထူးတန်း ထွက်လုပြီ။
ငှက်ကလေး ဒီနောက်ပိုင်း ပြောင်းလဲလာတယ်။ငှက်ကလေးရဲ့ အသံတွေ ဝင်းလက်လာတယ်။ ငှက်ကလေးရဲ့အသံတွေ ချိုမြလာတယ်။ ငှက်ကလေးရဲ့ မျက်နှာဟာ အချိန်ပြည့် ညွတ်ညွတ်နူးနူ၊ သူ့အတောင်ပံခတ်သံတွေဟာနူးညံ့သိမ်မွေ့နေတယ်။ ငှက်ကလေး အဆင်ပြေပျော်ရွှင်နေတဲ့အတွက် ကျွန်တော် ပျော်တယ်။ ငှက်ကလေးဘာတွေပျော်နေလဲ စဉ်းစားမိချိန်မှာ ကျွန်တော် ငိုချင်သွားမိတယ်။
သူ သူ့ချစ်သူငှက်လေးနဲ့ အဆင်ပြေလုပြီ ထင်တယ်။
ငှက်ကလေးရေ ကျွန်တော် ငိုချင်လိုက်တာ...။
(-)
ကျွန်တော့် အစိမ်းရောင်သစ်ရွက်တွေဟာတဆက်ဆက်တုန်လို့။ ငှက်ကလေးကို မျှော်နေလိုက်တာ။တကယ်ဆို ငှက်ကလေးက ကျွန်တော့်ဆီ မလာဘူးဆိုတာ သူတို့အသိဆုံးပါ။ ငှက်ကလေးကြားအောင်ပြောနေမိတဲ့  စကားသံတွေဟာ ငှက်ကလေးမကြားနိုင်ခဲ့တာ လက်တွေ့။ ငှက်ကလေးနဲ့ကျွန်တော့်ကြားမှာဘာသာဗေဒ ကြွဲ့ပားတယ်။ကျွန်တော့်သစ်ခက်တွေ တလှုပ်လှုပ်နဲ့ ပြောပြနေတဲ့ ငှက်ကလေးတမ်းချင်းတွေဟာငှက်ကလေးရဲ့အမြင်မှာ လှုပ်ခါနေတဲ့ သစ်ရွက်လေးပဲ ဖြစ်လိမ့်မယ်။
ငှက်ကလေးရေ ကျွန်တော်က သစ်ပင်ငယ်ပါ။ စိတ်လည်းငယ်တယ်။ အရိုင်းဆန်တဲ့နှလုံးသားက အချစ်တစ်ခု ပွင့်ဖူးလာတာကို တားမြစ်ဖို့ထိ မရင့်ကျက်တတ်ခဲ့ဘူး။ ငှက်ကလေးနဲ့သူ့ငှက်ကလေးရဲ့ ပုံရိပ်တွေ မြင်ရတဲ့နေ့ဆို ကျွန်တော် ငိုတဲ့နေ့ပေါ့။ အဲဒီနေ့တိုင်းကောင်းကင်မှာ တိမ်တွေညိုတတ်တာမို့ ငှက်ကလေးသတိထားမိရင်သိလိမ့်မယ်။ ကျွန်တော်ငိုနေတဲ့အကြောင်းကို။
မနေ့က ငှက်ကလေး၊ ဒီနေ့ ငှက်ကလေး၊ ဟိုးတနေ့က ငှက်ကလေး၊ နောင်လာမယ့်ငှက်ကလေး။ဘယ်ရက်စွဲအကြောင်းသိချင်လဲ။ ကိုယ်ငှက်ကလေးရဲ့ အတောင်ပံခတ်သံကို သေချာဝေခွဲပြမယ်။ ဘယ်နေ့ကအတောင်ပံခတ်သံမှာဘယ်လိုအနာတရတွေ ပါခဲ့ကြောင်း၊ ဘယ်နေ့က အတောင်ပံခတ်သံမှာ ဘယ်လိုပျော်ရွှင်မှုမျိုးပါခဲ့ကြောင်းတစ်ခုချင်းစီအဓိပ္ပါယ်ခွဲပြမယ် ယုံ။
(-)
ညီမျှခြင်းတိုင်းရဲ့ နောက်မှာအဖြေရှိသလား။
ငှက်ကလေးနဲ့ သစ်ပင်ကို ပေါင်းစပ်ကြည့်လိုက်တယ်။ ညီမျှခြင်းနောက်မှာအဖြေမရှိခဲ့ဘူး။ သစ်ပင်ဟာ သစ်ပင်အတိုင်း မကျန်ရစ်ဘူး။ အလွမ်းတွေ၊ နာကျင်မှုတွေ နဲ့ ကျန်ခဲ့ရတယ်။ငှက်ကလေးကတော့အဝေးကို ခပ်သွက်သွက်ပျံ။ သူ့ဘေးမှာ ငှက်ကလေးတစ်ကောင်ရှိမယ်။ ရှိလောက်တယ်။
စိတ်ကူးတွေနဲ့ ရူးခဲ့တဲ့နေ့တွေ၊ စိတ်ကူးအယဉ်လွန်းခဲ့သူလို့အပေါင်းအသင်းတွေ စကားတင်ဖျင်းဆိုနေကြလည်း ကျွန်တော် စိတ်မဆိုးဘူး။ အားလုံးထဲမှာ ကျွန်တော်ဟာရူးခဲ့တယ်ဆိုရင်တောင်သူတို့တစ်ခါမှ မခံစားဖူးတဲ့ အချစ်မျိုးနဲ့ ရူးခဲ့တာ။
အချစ်ရူးလို့ ခေါ်ချင် ခေါ်ကြပါစေ။ငှက်ကလေးအတွက် ကျွန်တော်ရူးတယ်။
ငှက်ကလေးရေ ကိုယ်က အချစ်ရူး၊ ခင်ဗျား အပြုံးတိုင်းမှာ ရင်တစ်ခုလုံးမြုပ်နှံထားမိ၊စိတ်တစ်ခုလုံး ပြုံးရယ်သွားမိ၊ တကယ်ဆို ဆယ်ကျော်သက်အရိုင်းမို့မဟုတ်ဘူး။ ရင်ထဲကကိုအရူးအမူးချစ်နေမိခဲ့တာ။
ငှက်ကလေးသိအောင် စကားတွေဆိုကြည့်တယ်။ အသံက ထွက်မလာခဲ့ဘူး။ဟုတ်တာပေါ့။ သစ်ပင်တစ်ပင်က နှလုံးသားစကားစပြောမယ်ဆိုရင် ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခြုံဖစ်သွားနိုင်တယ်။ရတယ်။ကျွန်တော် ချစ်နေရရုံနဲ့ ကျေနပ်တယ်။
(-)
ငှက်ကလေး ရယ်နေလား။ ရယ်ပါ။ ငှက်ကလေးရဲ့ ရယ်သံလေးတွေ ကြားခွင့်ရချင်တယ်။
ငှက်ကလေး ပျော်နေလား။ ပျော်ပါ။ ငှက်ကလေးရဲ့ အပျော်လေးတွေနားထောင်ခွင့်ရချင်တယ်။
ငှက်ကလေး ငိုနေလား။ မငိုနဲ့။ တကယ်ဆိုငှက်ကလေးဟာ သစ်ပင်တစ်ပင်ရဲ့သူရဲကောင်းဖြစ်နေခဲ့တယ်။ငှက်ကလေးဟာ စိတ်အားငယ်မှုထက် ရင်ဆိုင် တိုက်ခိုက်ဖို့ ရွေးချယ်တတ်သူဖြစ်တယ်။ဟုတ်တယ်မဟုတ်လား ငှက်ကလေး။
ငှက်ကလေးအတွက် ကျွန်တော် ရေးထားမိတဲ့ စာကလေးတွေဟာ မြေပြင်ပေါ်မှာကြက်ပျောက်ငှက်ပျောက်။လေပြေတစ်ချက်အဝှေ့မှာတင် အရာအားလုံးပျောက်ပျယ်။ မထင့်တထင်စကားလုံးတွေသာကျန်ခဲ့တော့တယ်။
နောက်ဆုံးအနေနဲ့ တစ်ကြောင်းရေးကြည့်မယ်။ ငှက်ကလေးကိုချစ်ခဲ့ခြင်းမှာမာနမပါဘူး၊ အတ္တမပါဘူး။ ဖြူဖြူစင်စင် အချစ်တစ်ခု ဖူးပွင့်ခဲ့ခြင်းသာ။ ဤမှန်သော သစ္စာစကားကြောင့်ငှက်ကလေး ပျော်ပါစေ။
ရည်ဝေ

၈-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


လှည့်မကြည့်မိချင်သော နှုတ်ဆက်စကားများ
လက်မပြချင်သော လမ်းခွဲများ
ငှက်ကလေးရေ ခင်ဗျားနဲ့ပတ်သတ်ရင် ကျွန်တော်ဟာ အဲဒီလောက်ထိ ရူးတဲ့သူပေါ့
နှုတ်ဆက်ခြင်းကို မုန်းတယ်

Sunday 7 April 2013

၇-၄-၂၀၁၃ ချစ်သူသို့ တစ်နေ့တာ




ဧဒင်နဲ့ပတ်သတ်လာရင်
ဇာတာက အနုတ်ဘက်မှာ
ကိုယ့်အကြောင်းကိုယ်သိပါလျှက်
မရည်ရွယ်ပဲ ခူးမိခဲ့ ဒီသစ်သီး
ပြန်ထွေးဖို့လည်း မဖြစ်နိုင်တော့
အတူတူ စားသုံးမယ့် ငှက်ကလေးကို မျှော်မိတယ်

ငှက်ကလေးတစ်ကောင်အတွက်(၈)


လှောင်ပါ ငှက်ကလေး။ ကျွန်တော့်ကို လှောင်ပါ။ သစ်ပင်တစ်ပင်ရဲ့ ချစ်ခြင်းကို လှောင်ပါ။ အချစ်ဟာ အလှောင်ခံရဖို့ သက်သက် မွေးဖွါးလာတာမဟုတ်မှန်း ငှက်ကလေး နားလည်တဲ့တစ်နေ့မှာ ကျွန်တော့်ချစ်ခြင်းကို နားလည်လာလိမ့်မယ်။ တကယ်ဆို ချစ်ခွင့်ရနေဖို့ပဲ လိုအပ်ပါတယ်။
ဒီတစ်ခါဟာ ရင်ထဲမှာ အငိုချင်ဆုံးပဲ။ ကဗျာလေးတွေ ရွတ်ပြီး စမ်းချောင်းထဲ ထည့်မျှောပစ်လိုက်တယ်။ ရင်ထဲက အောင့်သက်နေတဲ့ ဝေဒနာက မပျောက်သေးဘူး။ ကုစားနိုင်မယ့်သူ ငှက်ကလေးပဲရှိမယ်မှန်းသိရက် ကိုယ်ဟာ မကုစားနိုင်ခဲ့ဘူး။ တကယ်ဆို ငှက်ကလေးဟာ ဆရာဝန်မှမဟုတ်တာ။ ငှက်ကလေးရဲ့ ကုစားမှုဟာငှက်ကလေး သက်ရောက်ချင်သူအပေါ်မှာပဲ သက်ရောက်နေမှာ။
ငှက်ကလေး……..။
ရင်ကွဲမတက် အော်ပစ်လိုက်တယ်။ ငှက်ကလေး ကြားနိုင်၊ မကြားနိုင် ကျွန်တော်မသိဘူး။ ကျွန်တော့်ရင်အက်သံတွေ နည်းနည်းငြိမ်သွားတယ်။ ငှက်ကလေးရေ လို့ မြည်တမ်းလိုက်တိုင်းမှာ နှလုံးသားဟာ စိတ်ငြိမ်ဆေးအကျွေးခံလိုက်ရတဲ့ လူတစ်ယောက်လို ငြိမ်ငြိမ်သက်သက်၊ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ အရာအားလုံးရှင်းလင်းသွားတယ်။ ငှက်ကလေး မသိနိုင်ဘူး။ သူသိနေတာ သူ့ငှက်ကလေးအကြောင်းပဲ ဖြစ်မယ်။

ငှက်ကလေးတစ်ကောင်အတွက်(၇)

“ငှက်ကလေးတစ်ကောင်အတွက်(၇)”

ပျော်နေလား။ ပျော်ရဲ့ လား။ ပျော်နေရဲ့လား။

မေးချင်တဲ့ စကားတွေက ပြင်ပကမ္ဘာကို ထွက်မလာခဲ့ဘူး။ ဟောဒီရင်မှာ အပြင်းဆုံးမီးတွေ လောင်ကျွမ်းနေတယ်။
ပြောပြချင်တယ် ငှက်ကလေး။ ပြောပြပေးပါ ငှက်ကလေး။ မင်း ဝလုံးလေးကို ယူထားတုန်းပဲလား။ မင်း ကိုယ်ပိုင်ခံစားမှုကို ဖန်တီးသင့်ပြီ။ မင်း ဝလုံးလေးတွေကို မချစ်တတ်နဲ့တော့။
ရင်ကွဲအောင် အော်ပြောနေခဲ့တယ်။ သူ မကြားဘူး။ သူ တယတယနဲ့ပျိုးထားတုန်းပဲလား။ ကိုယ်သိချင်နေမိတယ်။
ငှက်ကလေးရေ လို့ ရင်ထဲမှာတမ်းတမိလိုက်တိုင်းမှာ နှလုံးသားက အခုန်မြန်တယ်။ ဟိုးအဝေးကိုကြည့်နေတဲ့ မင်းမျက်ဝန်းတွေဟာ ကိုယ့်ဘက်လှည့်လာဖို့ မမျှော်လင့်ပါဘူး။

Saturday 6 April 2013

၆-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ

“၆-၄-၂၀၁၃ ချစ်သူသို့ တစ်နေ့တာ”



အရာအားလုံး ဆွံ့အတိတ်ဆိတ်

တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားက

စကားတွေ ပြောကြားချင်နေခဲ့တယ်။



ငှက်ကလေး သစ်ပင်

ညီမျှခြင်းချကြည့်တယ်

အချစ်ဖြစ်လာလေမလား

ဒါမှမဟုတ်

သုည ပဲ ရလာလေမလား



လိုက်လေလေဝေးတဲ့နေရာ

ကမ္ဘာ့နွေဦးရောက်နေပါတယ်ဆိုတဲ့

နှလုံးသွေးခမ်းနေတဲ့ ငှက်ကလေး



မင်းက ကမ္ဘာ့နွေဦးမှာ

ကိုယ်က အအေးခဲဆုံးဆောင်းရာသီမှာ

အချစ်တွေဟာ အငွေ့ပျံမသွားနိုင်ဘူး

အေးခဲလွန်းတဲ့

ရေခဲပုံဆောင်ခဲအဖြစ်နဲ့ တည်ရှိနေခဲ့

မင်းရဲ့ရင်ငွေ့နွေးနွေးလေး ရမှ အသက်ရှင်မယ့်အဖြစ်

ငှက်ကလေးရေ...

တစ်ချက်လောက် စောင်းငဲ့ကြည့်

ချစ်ခြင်းတရားဟာ အပူဒဏ်မဟုတ်ဘူး။



ငှက်ကလေးက

သူ့ငှက်ကလေးရဲ့ ရာသီအတိမ်းအစောင်းကို ဂရုတစိုက်ကြည့်နေကျ

သူကိုယ်တိုင်ရဲ့ နွေရာသီကိုတော့ သူ မပြောင်းချင်ခဲ့ဘူးတဲ့လေ



 ငှက်ကလေးရေ

ကိုယ်ဟာလည်း မင်းရင်ငွေ့နွေးနွေးရမှ

အသက်ရှင်ခွင့်ရမဲ့ သစ်ပင်

အေးခဲနေတဲ့ အမြစ်တွေမှာ အတောင်ပံ ရောက်လာဖို့

ငှက်ကလေးရဲ့ ချစ်ခြင်းဖွဲ့တေးသီသံ လိုအပ်တယ်

ငှက်ကလေးရေ

ကိုယ်ဟာ မင်းရဲ့ငှက်ကလေးမဟုတ်ဘူး

ဒါပေမယ့်လည်း

ငှက်ကလေးအတွက်

တေးသီနေတဲ့ ဆောင်းရိပ်ခို သစ်ပင်

ဆောင်းခို သစ်ပင်တစ်ပင်ပါ

အေးခဲနေတဲ့ လေငွေ့တွေမှာ

ကိုယ်မျှော်လင့်နေတဲ့ ရင်ငွေ့နွေးနွေးလေးရဲ့ ရနံ့ပါမလာသေးဘူး

 ကိုယ် ရနံ့ကျူးတဲ့ သစ်ပင်မဟုတ်ပါဘူး

အထပ်ထပ် သစ္စာဆိုပြမယ်

ဤမှန်သော သစ္စာစကားကြောင့်

ချစ်သောငှက်ကလေး ပျော်ရွှင်ပါစေ...။

ရည်ဝေ

Friday 5 April 2013

၅-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ

ငှက်တစ်ကောင်နဲ့သစ်ပင်တစ်ပင်ရဲ့ စကားပြောခန်းမှာ
ငှက်ကလေးဟာ ကျင့်ဝတ်ကို အလေးထားသလောက်
သစ်ပင်က နှုတ်ဆက်ခြင်းကျင့်ဝတ်မှာ အမြဲလိုရှောင်ပုန်း
သူ လူမှုရေးမသိတတ်သူပဲ အဖြစ်ခံချင်တယ်
နှုတ်ဆက်ရတဲ့သူ မဖြစ်ချင်ခဲ့ဘူး

ငှက်ကလေးဖတ်ဖို့

(၁)
ငှက်ကလေးက ငှက်ကလေးပါပဲလေ
သူက ပြုံးတတ်တဲ့ သူတစ်ယောက်
သူပြုံးရင် ခရေတွေ ကြွေတတ်တယ်
သူက ရယ်တတ်တဲ့ သူတစ်ယောက်
သူရယ်ရင် စံပယ်တွေ ဖွေးဖွေးလှုပ်တယ်
သူ့စကားပြောသံက ဥသြသံနဲ့ဆင်ပေမယ့်
ဥသြသံထက်ပိုချိုတယ်
ငှက်ကလေးရေ
ကျေးဇူးပြုပြီး ကိုယ့်ကို စကားမဆိုနဲ့
မင်းစကားသံမှာ ကိုယ်ဟာ ယစ်ယစ်မူးမူး

Thursday 4 April 2013

“၄-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ”



နှလုံးသားရှိရာဘက်ခြမ်းဟာ
ထိခိုက်မှုမရှိပါပဲ
တသိမ့်သိမ့်ခုန်နေတတ်တာ ငှက်ကလေးအတွက်တဲ့

နေ့ည ထိန်းရခက်တဲ့ ရင်ခုန်ခြင်းတွေ
ငှက်ကလေးေ၇
မင်းသာအပိုင်စားယူ

Wednesday 3 April 2013

၃-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ

ကိုယ်က သိပ္ပံသမား
အတွက်အချက်ကို ကြိုက်လွန်းလို့
ကျက်စာကိုပြေးခဲ့သူ
ခုတော့ ဒီဦးနှောက်ကို ပြေးပြေးရိုက်ပစ်ချင်တယ်

ဒီချိန်ဆို ဘယ်နေရာမှာလဲ
ဒီချိန်ဆို ဘာများလုပ်နေမလဲ
ဒီချိန်ဆို..
ဒီချိန်ဆို.......

Tuesday 2 April 2013

၂-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ

ငှက်ကလေးရေ
ဒို့တွေ
တိတ်တဆိတ်နေကြေး
သံယောဇဉ်တွေ ပျိုးမနေမိစေအောင်
တစ်ချက်လောက်မျက်နှာလွဲပေးကွယ်။

Monday 1 April 2013

၁-၄-၂၀၁၃ ချစ်သူသို့

အပြုံးမဆောင်တတ်တဲ့ မျက်နှာတစ်ခုမှာ
ကိုယ်က
လေးစားမှုတွေ ပုံအပ်မိတယ်

၃၁-၃-၂၀၁၃ ချစ်သူသို့...

ဒီလမ်းကို ငါဆက်လျှောက်တယ်
မင်း သိရင်တောင် မမြင်ချင်ယောင်ဆောင်ပေးပါ
ဒီချစ်ခြင်းကိုဆက်ထမ်းပိုးထားတယ်
မင်း မြင်ရင်တောင်မသိချင်ယောင်ဆောင်ပေးပါ

 လေပြေလေးတွေ တိုက်ခတ်နေတာတွေ့ရင်
အရင်လို ငါ့ကဗျာတွေကို သတိတရ ရှိမနေနဲ့တော့
မင်းရဲ့ ဖေဖေါ်ဝါရီ၁၄ပိုင်ရှင်လေးဆီမှာ ဆက်နေပါ

ကောင်းကင်ကို မော့ကြည့်မိရင်
ငါ့ကဗျာတွေကို သတိတရနဲ့ မပြုံးနဲ့
မင်းပြုံးလိုက်တိုင်းမှာ
ငါ့အတွက် အချစ်ခါးခါးတွေ ဟာ သတိတရရှိစေလာတယ်