Monday 6 May 2013

၅-၅-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ




ငှက်ကလေး ဘာတွေဖြစ်နေလဲ
သိချင်လိုက်တာ
စိတ်မပါလက်မပါ အရွဲ့တိုက်နေတတ်တဲ့ မင်းပုံစံမှာ
ငါ ရင်မောလိုက်တာ

ငှက်ကလေး
တေးဆိုပါ
အမောတွေ ဖြည့်ပြီးတေးဆိုပစ်ပါ
လွတ်လပ်ခြင်းတွေ ပြန်ရှာပါ
ပျော်ရွှင်ခြင်းတွေပြန်ရှာစမ်းပါ
မင်းကိုမြင်နေရတာ
ဒဏ်ရာရနေတဲ့ ကျားနာနဲ့တူနေတယ်



ငှက်ကလေး
စိတ်မညစ်နဲ့
စိတ်မညစ်နဲ့ကွယ်
ကိုယ့်သူရဲကောင်းမင်းကစိတ်ညစ်နေတဲ့အခါ
ကိုယ်ကိုယ်တိုင် ဝမ်းနည်းလာမိ
ငှက်ကလေး ကျေးဇူးပြု၍ ပျော်ရွှင်ပါ

ငှက်ကလေး
ဘဝက အမြဲ ချောမွေ့တတ်သလား
ဒီအဖြေကို မင်းအသိဆုံး
ဆူးခင်းလမ်းကြုံပြီးရင် ပန်းခင်းလမ်းရောက်မှာပဲ
မမေ့နဲ့
ဒီခဏမှာအားတင်းထားပါ

ငှက်ကလေး
အတောင်ပံခတ်သံတွေလျော့လျော့လာတယ
မင်းယုံကြည်ရာတွေ အားပျော့လာတယ်
ငါကြားနေရတယ်
မင်းနှလုံးသားက ငိုသံကို ကြားနေရတယ်
မင်းစိတ်ထဲက ငြီးငွေ့မှုကို ကြားနေရတယ်
ဖွင့်ထုတ်ပစ်
အကျယ်ာကီး အကျယ်ကြီး အော်ထုတ်ပစ်ငှက်ကလေး
တစ်ယောက်ထဲခံစားတာထက်
ဖွင့်ထုတ်ပစ်ရင် မင်း သက်သာမယ်

ငှက်ကလေး စိတ်မပူချင်ဘူး
အရင်လိုပဲ
အရှိန်အဟုန်ပြင်းပြင်းနဲ့
ဝေဟင်မှာဝဲပစ်စမ်းပါ
ငါ မင်းအတွက် ဆုတောင်းပေးနေမယ်
ချစ်ရတဲ့ ငှက်ကလေး ပျော်ပါစေ.။