Monday 13 May 2013

၁၃-၅-၂၀၁၃---



ကမ်းပါးစွန်းကနေ ခုန်ချပစ်လိုက်တယ်
အရှိန်အဟုန်မဲ့ လွတ်ကျသွားခဲ့
ဘယ်အချိန် ဘယ်လိုမျိုး
အတောင်ပံတွေဟာ ရုတ်တရက် တဖျတ်ဖျတ်ခတ်မလဲ
ငါ့အတောင်ပံတွေဟာ အသက်ရှိကြောင်း သက်သေပြနိုင်တဲ့တစ်နေ့
အားလုံးကို အနိုင်ပိုင်းပစ်မယ်
အခုတော့ အရှိန်အဟုန်မဲ့
လွတ်ကျကြည့်လိုက်ဦးမယ်

လွှတ်ချနေလိုက်ဦးမယ်
-ဖြည်ချလိုက်မိတဲ့ ကြိုးစလေး
ဆက်ရာများစွာနဲ့ပြုံးပြလို့
ဖြည်ချလိုက်တဲ့ လက်တစ်စုံကို ဆွံ့အစေခဲ့တယ်
ဘယ်တုန်းကဒဏ်ရာလဲ
ဘယ်သူပေးတာလဲ
ဘာ့ကြောင့်ရခဲ့တာလဲ
အဖြေမသိ/မရှိတဲ့ မေးခွန်းတွေမှာ
ကြိုးစလေးက နူးနူးညံ့ညံ့ပြုံးတယ်
ဒီအဆက်က..ဒီအဆက်က..ဆိုတဲ့ စကားလေးသာဆိုတယ်
ဖြည်မိတဲ့ လက်တစ်စုံဟာ တိတ်ဆိတ်ဆွံ့အ
အရာရာကို ရုတ်သိမ်းဖို့ကြိုးစားလိုက်ရတော့တယ်
--မေ့မယ်
--မေ့ပစ်ဖို့ကြိုးစားမယ်
--ကြိုးစားကြည့်ခဲ့တယ်
--သ နေမိတဲ့ ဒဏ်ရာတွေကို
--ခဏလောက် မေ့ထားကြည့်တယ်
--မရဘူး
--စိတ်တစ်ခုလုံးဟာ ဒီဒဏ်ရာမှာပဲ ပျော်ဝင်
--နှလုံးသားတစ်ခုလုံးဟာ ဒီဒဏ်ရာမှာပဲ ပျော်ဝင်
--ပြန်မရတဲ့ အချစ်တစ်ခုကို ပျိုးနေမိတာကိုက
--ကိုယ့်ကိုယ်ကို ဒဏ်ခတ်ခြင်းတမျိုးပဲလား
--ရုန်းထွက်ဖို့ခက်တဲ့ စွဲမက်ရလွန်းတဲ့ ဒဏ်ခတ်ခြင်းမှာ
--ကိုယ်ဟာ ပိတ်မိနေခဲ့ပြီ......
မရဘူး
မေ့လို့မရဘူး
ဆက်လွှတ်ချနေပါရစေ
ဆက်လွတ်ကျနေပါရစေ
အတောင်ပံတွေ အသက်ရှိကြောင်း သတိဝင်လာတဲ့နေ့မှာ
အရာရာကို မေ့ပစ်နိုင်မယ်ထင်ရဲ့
အခုတော့ ဆက် လက် လွတ် ကျ နေ ပါ ရ စေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်