Tuesday 21 May 2013

21-5-2013----


၂၁-၅-၂၀၁၃

တိမ်ထူထပ်တဲ့ရာသီဥတု

မိုးစလေးတွေ တဖွဲဖွဲကြွေ

ပြေး



အဝေးပြေးတဲ့ စိတ်တွေ

ဝေး

ဟိုးဝေးဝေးက တိမ်စလေး

လွဲနေတဲ့ ဆုံမှတ်များ

သူက .................

ကျွန်တော်က ...............

မဟာ့မဟာ ဝေးကွာနေတဲ့ အမှတ်နှစ်ခု

မဆုံနိုင်ဘူး

ငှက်ကလေးရေ ပျံစမ်း

ဝေးဝေးလွင့်လွင့်ပျံ

အပနာမ ဘာစကားမှ ဂရုမစိုက်ကြေး

ကိုယ့်လမ်းကိုယ်လွင့်ကြ

လာ မြင့်မြင့်မားမားပေါ့

မင်းက ဧဝရက်တောင်ထိပ်မှာ နားနိုင်မယ်ဆိုရင်

ငါကလည်း ကောင်းကင်တံတားတစ်စင်းကို ဖန်တီးနိုင်ရမှာပေါ့

တူတူလွင့်ကြအောင် လာ..

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်