Sunday 12 May 2013

12-5-2013.......


စူးအောင့်နေတဲ့ ရင်ဘက်က
ဝမ်းနည်းမှုတွေ မြိုချနေကြောင်းအသိပေးနေတယ်
ခိုကိုးရာမဲ့ စိတ်တွေက
ကောင်းကင်ဆီပြေးတယ်


ဒီတစ်နေ့လည်း ပြီးဆုံးပြန်ပြီ
တိတ်တဆိတ်ပျောက်ဆုံးသွားမဲ့ ခံစားချက်တွေကို အရည်ဖျော်ချ
ဒဏ်ရာကို သနေမိတယ်
တိမ်းမရရှောင်မရ
ခံစားချက်တွေရဲ့ အနားသတ်မှာ
မတိမ်းချင်မရှောင်ချင်
ခံစားချက်တွေကို တစ်ခုချင်းစီ စုစည်းနေခဲ့တယ်
ခက်တယ်
နွံဆိုတာ ရုန်းမထွက်နိုင်သူအတွက်မှ နွံသတ္တိပြတာမဟုတ်ဘူး
ရုန်းမထွက်ချင်သူအတွက်လည်း ကြာလေနစ်လေပါပဲ
ကိုယ် ရုန်းထွက်ဖို့ ခွန်အားမဲ့ခဲ့တယ်
....................

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်