Saturday 11 May 2013

“ရူးမိုက်တဲ့ မရဏဖွါးတစ်ယောက်ရဲ့ တပိုင်းတစတေးသွား-၁”




မူးနေတယ်
မျက်လုံးတွေ မူးနေတယ်
အရာရာဟာ ရီရီဝေဝေ
ကျွန်တော်ဟာ တကယ်ကို ရူးမိုက်သူအဖြစ်ကိုယ့်ကိုယ်ကို ကင်ပွန်းတပ်
ပြီးတော့ လွှင့်ပစ်လိုက်တယ်ကိုယ့်ကိုယ်ကို
ချစ်ခြင်းတရားရဲ့ အဝေးဆီကို
မလွတ်ဘူး
ပြေးမလွတ်မှန်းသိရဲ့နဲ့


ကိုယ်ကိုယ်တိုင်ရှောင်ပုန်းတယ်
ကောက်ရိုးတစ်မျှင်အဖြစ် သွေးရူးသွေးတန်း ရှောင်ပုန်းမိတယ်
မလွတ်ဘူး
အနုတ် ၄၀၀
ကံကောင်းခြင်းလက်ဆောင်မှာကိုက ၄ ပါတယ်
ခက်တာက အနုတ်ဖြစ်နေတယ်
၂၈ ရက်ဖွား စနေသမီးတစ်ယောက်ရဲ့ဇာတာမှာ
၎ဟာ အနုတ်ပြမှ အကောင်းဘက်ဦးတည်တယ်
အနုတ်၄၀၀ ဟာ အရာရာကို ကြည်လင်ပြတ်သားစွာမြင်ဖို့ ကူညီပေးခဲ့တယ်
ခက်တယ်
၂၈ရက်ဖွါးတစ်ယောက်အတွက် ၂၈ နှစ်ဆီ ချည်းနင်းဝင်ရောက်လာခဲ့ပြီ
ခက်တာကသူဟာ မရင့်ကျက်သေးဘူး
စိတ်တွေကို ခဏခဏရွက်လွှင့်တယ်
ယုံကြည်မှုကို ခဏခဏ အသုံးပြုတယ်
သူ ကလေးလေးပဲရှိသေးတယ်
ခံစားချက်နဲ့ ပတ်သတ်လာရင် သူမရင့်ကျက်သေးဘူး
ကျွန်တော် တကယ်အဆုံးစွန်ထိရူးမိုက်မိချင်တယ်
ဒါဆို .......အရာရာကိုဖမ်းဆုပ်နိုင်မလား
ခုတော့ ရူးမိုက်မှုဒီဂရီက သိပ်မများသေးဘူး
ဆက်ရူးမိုက်ဦးမလား
ဒါဆို ၃၆၀ မှာကိုယ့်ကိုယ်ကို ပြန်တွေ့ရမယ်ထင်ရဲ့
ခက်တယ်
ခုထိ မရင့်ကျက်သေးတဲ့ မရဏဖွါးတစ်ယောက်
လမ်းဆက်လျှောက်ဖို့ပြင်နေတယ်
ချစ်ခြင်းတရားကိုမျက်ကွယ်ပြုဖို့ကြိုးစားရင်း...။