Friday 31 May 2013

၃၀-၅-၂၀၁၃---


၃၀-၅-၂၀၁၃

ထွက်ပေါက်
လိုနေတဲ့ ထွက်ပေါက်တွေကို
တကူးတကလိုက်မရှာနဲ့
အနီးဆုံးမှာ
ရှိတယ်



သီချင်းတစ်ပုဒ်ကို
ခပ်ကျယ်ကျယ်အော်လိုက်ရုံနဲ့
ရင်တစ်ခုလုံး ပြေလျော့သွားမယ်

မကျေနပ်သေးရင်
မျက်လုံးအစုံကိုမှိတ်ပစ်လိုက်
လက်တွေကို ဖြေလျော့ပစ်
အတိတ်ရဲ့ ကြည်နူးစရာတွေကို စဉ်းစားပစ်စမ်း

ပျော်
တိမ်သားတွေရဲ့ ပွေ့ဖက်မှုမှာ
နစ်နစ်ပြီးပျော်

ရော်
သူများတကာကတာကို ခဏခဏသွားမကြည့်နဲ့
မင်းပဲ စိတ်ညစ်မယ်

ကဲ
ချာချာ အကနဲ့ ကမလား
တန်ဂို နဲ့ကမလား
ချောက်ခနဲ ကက်ဆက်ဖွင့်
ကျန်တာတွေမေ့ထားကြည့်
ပျော်

ဟော
လေထုထဲက ရနံ့တွေ ရလား
သစ်ပင်တစ်ပင်ရဲ့ မြူးထူးသံတွေကြားလား
လာ တူတူကစို့။။။။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်