Monday 27 May 2013

၂၇-၅-၂၀၁၃




ပျော်ပါစေ ငှက်ကလေး
ကောင်းကင်ကြီးက လင်းလင်းလက်လက်နဲ့
ငှက်ကလေးတစ်ကောင်ကို ကြိုလင့်လို့
စူပုတ်ပုတ်နှုတ်ခမ်းကြီးက ခပ်ပါးပါးပြုံးလိုက်ပါ
နောက်
ဆိုပါ
တေးဆိုပါ
တေးချိုချိုလေးတွေ ဆိုကြည့်ပါ
ငှက်ကလေး တဖြည်းဖြည်းပျော်လာလိမ့်မယ်
ငှက်ကလေးရေ
ကမ္ဘာကြီးက ထူးဆန်းတာမှန်ရဲ့
သစ်ပင်တစ်ပင်နဲ့ ငှက်ကလေးတစ်ကောင်
ဆုံဖြစ်ဖို့ လမ်းကြောင်းတွေချော်ပါလျက်
ဆုံဖြစ်ခဲ့တာကိုက ထူးဆန်းခြင်းမဟုတ်ပါလား
ငှက်ကလေးရေ
whatever you can
မင်းသာ ဖြစ်ချင်ရင်
ကမ္ဘာကြီးကို ပြားအောင် ထုထောင်းနိုင်ပါတယ်ကွဲ့
အားလျော့နေတတ်တဲ့ အကျင့်တွေပြင်ပါ
ငှက်ကလေးရေ
ကောင်းကင်မှာ ပျံသန်းရတာကိုမှ နှစ်သက်တဲ့ ငှက်ကလေး
ပျော်မှာပါ
တခါတခါ ပျင်းရိလာတဲ့အခါ
လေထုထဲကို စိတ်ညစ်ညူးမှုတွေ သွန်ချပါ
နှလုံးသားရဲ့ အခန်းငယ်တွေမှာ ပိတ်လှောင်မထားနဲ့
ချက်ချင်းလေထုကို လွှင့်ပစ်ပါ
ငှက်ကလေးရေ
ကောင်းသောနံနက်ခင်းပါ
ပျော်ရွှင်ပါစေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်