အလွမ်းတွေဖြေဖို့
သက်တံ့တံတားတစ်စင်း
ဖန်ဆင်းပစ်ချင်တယ်
ကောင်းကင်ကနေ သူ့ကို ငေးနေလို့ရတယ်မဟုတ်လား
ဟေး
ကြားလား ကြားသလား
ဟောဒီတချက်ချက်ခုန်နေတဲ့ အလွမ်းတွေက
ပြင်ပကမ္ဘာကြီးကို ထိုးဖေါက်ခိုင်းနေတယ်
ဟေးး
မြင်လား မြင်ရဲ့လား
နေရာအနှံ့ကြွေနေတဲ့ သစ်ရွက်ဝါတွေကို
သွေးကြောတွေဟာ အညိုရောင်သမ်းလာ
သူ့ရနံ့ရမှ ရှင်သန်ခွင့်ရမဲ့ သစ်ပင်
လေပြေခရီးသည်တွေကို တွေ့တိုင်းမှာမိနေကျ
ကျေးဇူးပြု၍
ငှက်ကလေးရဲ့ ရနံ့ကိုသယ်ခဲ့ပါ
ဟေး
ကမ္ဘာ့ခေါင်မိုးကြီးပေါက်ထွက်သွားအောင် အော်ပစ်မိတယ်
ဟော ကနေပြီ
ကျွန်တော့်လက်တွေ ကနေပြီ
သစ်ခက်သစ်ရွက်တွေ ကနေပြီ
သူ မြင်မလားလို့
သူ့အတွက် ဖျော်ဖြေနေမိ
တကယ်ဆို သူ့အရိပ်အယောင်တောင် မမြင်ရသေးဘူး
ဟေး
မြင်လား မြင်ရဲ့လား
မျှော်နေကျ တောင်ပံခတ်သံလေး ပျောက်ဆုံးနေတဲ့အခါ
ငါ့ရှင်သန်မှုဟာ အဓိပ္ပါယ်မဲ့လာတယ်
လွမ်းတယ် .............။
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်