အလင်းသဲ့သဲ့မှာ အငိုက်မိနေဆဲ စိတ်တွေ
လင်းလက်မလာသေးဘူး
ညို့နေတဲ့ တိမ်တွေက ငါ့ကောင်းကင်ကို အုပ်မိုးနေတုန်းပဲ
ငှက်ကလေးရေ
ငါက ရူးတတ်တယ်
။။။။။။။။။။။။။။။။။။။။။။
မနက်ခင်း အလင်းသဲ့သဲ့မှာ ကိုယ့်စိတ်တွေ မရွှင်လန်းနိုင်သေးဘူး။ အတွေးတွေက သတ်နေတယ်။
တွေးကြည့်မိရုံနဲ့ မှောင်ပိတ်လှောင်အိုက်တဲ့ အခန်းကျဉ်းထဲ ရောက်ရှိနေသလို၊ ခိုကိုးရာ မဲ့သလို ခံစားချက်မျိုးက ရင်ထဲကို အလုံးအရင်းနဲ့ တပ်မဖွဲ့ဝင်ရောက်လာတယ်။
တကယ်ဆို အိပ်မက်ချင်းချည်နှောင်ဖို့ ကြိုးစားခဲ့သူရယ်ပါ။ ဒီအတွက်ကြောင့်များ စိတ်အနှောင့်ယှက်ဖြစ်လို့ဆိုရင်
ကြားနေရတဲ့ အသံတွေမှာ ဘာအဓိပ္ပါယ်တွေပါလဲ မဆန်းစစ်ချင်တော့ဘူး။ တွေ့နေရတဲ့ အမြင်လွှာကိုလည်း ပိတ်ထားချင်တယ်။ ဒီအချိန်မှာ သိချင်မိတာက တစ်ခုတည်း။ တကယ်ပဲ ထားခဲ့တော့မလား။
အုံ့မှိုင်းနေတဲ့ ကောင်းကင်က ကိုယ့်အစားငိုပေးနေသလိုပါပဲလား။
ခုတော့ ပူလောင်လွန်းတယ်။
ပူလောင်လွန်းတဲ့ သံယောဇဉ်တွေကြောင့် ကိုယ်ကိုယ်တိုင် လက်ပြနှုတ်ဆက်ချင်မိပေါ့။
ကိုယ်သာ လက်ပြနှုတ်ဆက်လိုက်ရင် ပျော်သွားမလား။။။။။။။။
သူပျော်မယ်ဆို အားလု့းကို နှုတ်ဆက်လို့ ပြည်ဖုံးကားချပေးမိမှာပါ။
အချစ် ဟုတ်သလား လို့ဆန်းစစ်နိုင်စွမ်းမရှိသေးသလ
သေချာနေခဲ့တာကတော့ သူ့ကို ကိုယ် သံယောဇဉ်ရှိတယ်ဆိုတာပါပဲ။
စိတ်ကစားတယ်ဆိုရင်လည်း ကိုယ့်စိတ်တို့ လမ်းကြောင်းပြောင်းစေမဲ့သူမြန်ြ
ကိုယ်အမြတ်နိုးဆုံးသူက ထပ်ထပ်နှိပ်စက်ပြန်တယ်။
ကောင်းကင်ကြီးငိုပြနေသလို ကိုယ်ငိုပြရင် သူ.........။
မဆိုင်ပါဘူး။ သူစိမ်းတွေပဲ မဟုတ်လား..။
No comments:
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်