Monday 13 May 2013

“ကြိတ်-ရူး”



သ နေမိတဲ့ ဒဏ်ရာတွေ ဖြေလျော့ဖို့ ကြိုးစားကြည့်တယ်
မြတ်နိုးခြင်းတွေသာ အင်အားကြီးမားလာတယ်
ကြိုးစားကြည့်တယ်
ကြိုးစားမှုတွေသာ ကျဆုံးသွားတယ်
ဒဏ်ရာနွံကနေ ရုန်းထွက်ဖို့မေ့နေတုန်း


ဖြေ/ဖြည်ချလိုက်တဲ့ စကားတစ်ခွန်းမှာ
အနာတရတွေ ကို မြင်သာသွားမှာကြောက်တယ်
ဒီလိုနဲ့ပဲ
တိတ်ဆိတ်
တိတ်ဆိတ်နေခဲ့တာ အကျင့်ပါနေပြီ

မြစ်တစ်စင်းဟာ ဆွံ့အတိုင်းမစီးဆင်းတော့ဘူးတဲ့လား
ဆွံ့အတိတ်ဆိတ်နေပေမဲ့ စီးဆင်းနေတဲ့မြစ်တွေ ဒုနဲ့ဒေး
ဒီလိုပါပဲ ကိုယ်လည်း ဆွံ့အတိတ်ဆိတ်
တစ်ဖက်တည်းစီးတဲ့မြစ်ကတော့...........ဆက်လက်ရှင်သန်နေဆဲ..။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်