Friday 31 May 2013

၃၁-၅-၂၀၁၃--

၃၁-၅-၂၀၁၃----

မျှော်မထားပေမဲ့
နောက်တစ်နေ့ကတော့
ရောက်မြဲအတိုင်း ရောက်လာခဲ့ပြီ



မနေ့က သံယောဇဉ်တွေဟာ
ဒီနေ့ထိ အမျှင်တန်းနေတုန်း
နက်ဖြန်ခါ ထိပါမလား
နောက်နှစ်များစွာထိ ပါမလား
မသေချာဘူး
သေချာရေရာတာတစ်ခုက
လက်ရှိမှာ ငါသစ်ပင်တစ်ကောင်အဖြစ်
ကျေကျေနပ်နပ် ပျော်ဝင်နေတယ်

ဟုတ်တယ်
ငှက်ကလေးတစ်ကောင်အတွက်
ရူးမိုက်နေရတဲ့
သစ်ပင်ရူးတစ်ကောင်
သူ့သံယောဇဉ်တွေကို ထုတ်ပြခွင့်မရှိ
သူ့စိုးရိမ်မှုတွေကို ထုတ်ပြခွင့်မရှိ
သူ့လွမ်းဆွတ်မှုကို ထုတ်ပြခွင့်မရှိ
သူ့ချစ်ခြင်းတွေကို ထုတ်ပြခွင့်မရှိ
ငှက်ကလေးရဲ့ လက်ကိုင်ဆောင်ပုဒ်က
သူ့နှလုံးသားကို အခွင့်မရှိမဝင်ရတဲ့

ငှက်ကလေးရေ
သံယောဇဉ်တွေကို မသိမ်းနိုင်ဘူး
စိုးရိမ်ပူပန်မှုတွေကို မသိမ်းနိုင်ဘူး
လွမ်းဆွတ်မှုတွေကို မသိမ်းနိုင်ဘူး
ချစ်ခြင်းတွေကို မသိမ်းနိုင်ဘူး
တစ်နေ့နေ့
တစ်နေ့နေ့ရောက်ခဲ့ရင်
ငါ မင်းကို မေ့နိုင်မယ်ထင်ရဲ့
ခုတော့
ချစ်နေပါရစေ

ငှက်ကလေးရေ
ယနေ့မနက်ခင်းမှသည် နောင်နှစ်ပေါင်းများစွာထိ
ဘဝတစ်ခုလုံး အေးငြိမ်းပြည့်စုံပါစေ

။။။။။။။။။။။။။။။။။။။။။။။။။

၃၁-၅-၂၀၁၃----

ဟာ သ မြောက် မ မြောက်
ကျေးဇူး ပြု ပြီး စဉ်း စား ကြည့် ပါ
သစ် ပင် တစ် ကောင် က
ငှက် က လေး ရဲ့ အိန် ဂျယ် ဖြစ် ချင် သတဲ့
တ ကယ် ဆို ကွယ်
မ ဖြစ်နိုင် မှန်း သိ ရဲ့
သစ် ပင် ဟာ အရူး ထ တုန်း

ကျေး ဇူး ပြု ပြီး စဉ်း စား ကြည့် ပါ
ဟာ သ မြောက် မ မြောက်
ငှက် က လေး တစ် ကောင် ဟာ
သစ် ပင် တစ် ပင် အ တွက်
က မ္ဘာ စောင့် နတ် ဖြစ် ခဲ့ သ တဲ့
အ ရာ ရာ ကို သူ ဖန် တီး တယ် ထင်
အ ရာ ရာ ဟာ သူ့ ကြောင့် လှ နေ ခဲ့
အ ရာ ရာ အ တွက် သူ့ ကို အား ကိုး တ ကြီး တိုင် ပင် နေ ခဲ့ မိတယ်
သစ် ပင် တစ် ကောင် ဟာ
အဲ သ လို ကို အ ရူး ထ ခဲ့ သ တဲ့

ကျေး ဇူး ပြု ပြီး စဉ်း စား ကြည့် ပါ
န ယူ တန် ရဲ့ နိ ယာ မ ဟာ မှန် လာ လေ မ လား လို့
ကျေး ဇူး ပြု ပြီး တွက် ချက် ပေး ပါ
လမ်း တစ် ခု မှာ ဆုံ နိုင် လေ မ လား လို့။

မေ့ လျော့ နေ ခဲ့ တယ်
ကျွန် တော့် ငှက် က လေး ဟာ
ကျွန် တော့် အ တွက်
က မ္ဘာ စောင့် နတ် ဖြစ် ကြောင်း
သူ သိ အောင် ပြော ဖို့ မေ့ လျော့ နေ ခဲ့ တယ်။

တ ကယ် ဆို ကွယ်
ပြော ချင် တဲ့ စ ကား တွေ ဟာ
ရင် အ ပြည့် မို့
ဘယ် စ ကား ကို စ ထုတ် ရ မ လဲ
ကိုယ် မ စဉ်း စား နိုင် ခဲ့ ဘူး
သူ့ ကို တွေ့ တိုင်း ကိုယ် က
က ပေါက် တိ က ပေါက် ချာ သစ် ပင်
အ မှား တွေ အထပ် ထပ် ဟာ
မ ရည် ရွယ် ပဲ ရောက် ရှိ လာ ခဲ့ ကြောင်း
ငှက် က လေး သိ စေ ချင် လိုက် တာ။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်