Tuesday 14 May 2013

၁၄-၅-၂၀၁၃.....




ဇာတ်က တဖြည်းနာသထက်နာလာတယ်
မြင်သာထင်သာဝေဒနာတွေဟာ ဖုံးအုပ်နိုင်စွမ်းမရှိတော့ဘူး
အောက်ချင်းငှက်မောင်နှံကို ကြည့်နေရတဲ့ ကိန္ဒရီလို
ရင်ကွဲအသဲကြေ
ကိုယ့်လက်ဖျံကိုယ် ဓါးနဲ့ထိုးမိဖို့
သဲ့သဲ့လေးပဲ လိုတယ်
မလာနဲ့


မလှောင်နဲ့
မပြောနဲ့
မမေးနဲ့
မကြားချင်ဘူး
မသိချင်ဘူး
ရှောင်ချင်တယ်
မတွေ့ချင်ဘူး
မတွေးချင်ဘူး
တစ်ဖက်သက်ဝေဒနာဟာ ကြာလေဆိုးလေ
ပြောင်းပြန်စီးနေတဲ့ မြစ်တစ်စင်းဟာ
ကြာလေ အရှိန်ပြင်းလေ
သွားတော့
လှည့်မကြည့်နဲ့ သွားတော့
ကိုယ့်လက်မောင်းသွေးကိုယ် ဖေါက်ထုတ်နေရင်းနဲ့ပဲ
နာကျင်မှုနဲ့ အချစ်ဆိပ်ကို တောင့်ခံပစ်လိုက်တယ်
သွားတော့
လှည့်မကြည့်နဲ့သွားတော့
ကိုယ်လက်မောင်းသွေးကိုယ်ဖေါက်သောက်ရင်း အာသီသပြင်းပြင်းနဲ့ပဲ မောင်းထုတ်မိ
ဒီဇာတ်ကို ပိုနာအောင်မလုပ်ပါနဲ့တော့
ပြောင်းပြန်စီးနေတဲ့ မြစ်တစ်စင်း
တစ်ချိန်မှာအတည့်စီးဆင်းဖို့
မင်း မသနားဖို့ လိုအပ်တယ်

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်