Monday 6 May 2013

၆-၅-၂၀၁၃ ကြယ်စင်သို့ တမ်းခြင်း


ကြယ်စင်
မင်းအလင်းတွေမှိန်လိုက်တာ
ခပ်ဖျော့ဖျော့အပြုံးက ငါ့ရင်ကိုနင့်စေတယ်

ကြယ်စင်
ကျေးဇူးပြု၍ နားထောင်
လူမိုက်ကြီးသိပ်မလုပ်စမ်းနဲ့



ကြယ်စင်
မင်းအတွက်
ရူးနေတဲ့ ဆူးတစ်ချောင်းရှိတယ်
သူက မင်းအတွက်ဆို
ကမ္ဘာကြီး လေးထောင့်ကျတယ်ဆိုလည်းယုံသတဲ့

ကြယ်စင်
မင်း စိတ်မကြည်ရင်
သူလည်း စိတ်ရှုပ်သတဲ့

ကြယ်စင်
ဟိုးအဝေးကိုကြည့်
သောကြာကြယ်ကြီးတောက်ပနေတယ်
တကယ်ဆို
မင်းလည်း သောကြာကြယ်ဖြစ်နိုင်တာပဲ မဟုတ်လား

ကြယ်စင်
အပျော်တွေ သိမ်းထားပါ
အငိုတွေ ဝေမျှပါ
စိတ်ရှုပ်ခြင်းတွေ ဝေမျှပါ

ကြယ်စင်
ပြန်လမ်းမရှိတဲ့ ကမ္ဘာဟာ
တစ်ဖတ်သတ်ဆိုတဲ့ခေါင်းစဉ်နဲ့ချစ်ခြင်းမဟုတ်ဘူး
တကယ်ဆို
ချစ်နေရရင် ကျေနပ်တတ်သူဟာ
ဆူးရိုင်းပါပဲ
သူက အူအရိုင်းမို့
ခုမှသောက်မိတဲ့ ချစ်ခြင်းရဲ့အရသာ ပူစပ်ပူလောင်ကို
တသသ စွဲမက်နေတတ်တုန်း

ကြယ်စင်
အိပ်မက်ချင်းချည်နှောင်ဖို့
မင်းအိပ်မက်ကမ္ဘာကို ငါဒီနေ့အရောက်လာပါရစေ
ကျေးဇူးပြု၍ ငါ့အကြောင်းတွေးပါ