Sunday, 30 December 2012

ပန်းမပွင့်သေးဘူး

ရှိ/မရှိ မသိချင်ဘူး
တွေ့ချင်တဲ့ စိတ်တွေက လွန့်လူး
အလွမ်းဆိုတာရဲ့ ရသကို
ခံစားမိလိုက်သလိုမျိုး
သူ့ ဖြားယောင်းမှုမှာ
ကျွန်တော် ရူးနေပြီ။

Saturday, 29 December 2012

သူ သိပါစေ

သီချင်းကို ကိုင်စွဲ၍အရာအားလုံးကို ရင်ဆိုင်နိုင်ပါသည်။ သံစဉ်တို့သည် အားအင်တို့ ပြည့်အောင် ဖြည့်ဆည်းပေး၍ အရာရာအား ရင်ဆိုင်နိုင်မှုရှိစေရန် ကျွန်တော့်အား တီးတိုးအင်အားပေးနေသည်။ ဟုတ်၏ သီချင်းရှိလျှင် သူအနားတွင်ရှိသကဲ့သို သီချင်းနှင့် သူ့အားထပ်တူပြုကာ ကျွန်တော့် စိတ်တို့သည် လန်းဆန်းဖျတ်လတ်နေပါသည်။ ယခု ကျွန်တော် သီချင်းနားထောင်နေပါသည်။ ထိုသီချင်းတွင် သူ့အတွက် သီးသန့်ဖွဲ့ဆိုသော ဂုဏ်ရည်တို့ပါဝင်သလို သူ့အတွက်သီးသန့် ပေးအပ်ထားသော မေတ္တာတို့ ပါဝင်ကြောင်း သူသိပါစေ။

Wednesday, 26 December 2012

ရေထဲက လရိပ်

အရိပ်လိုမြင်နေမိတဲ့ စိတ်အစဉ်ကို ထိန်းချုပ်ခွင့်ပေးပါ
ငါ မလွမ်းချင်ဘူး
ခံစားမှုတစ်ခုကို ပြိုင်တူဆုပ်ကိုင်မိတဲ့ ငါတို့နှစ်ယောက်ကြား
ပဝါပါးတစ်ခုခြားထားမှန်း နားလည်တယ်
ပြိုင်တူ မဖွင့်ရဲတဲ့ ဒီပဝါပါးအောက်မှာ
အချစ်ရဲ့ သိပ်သည်းမှုတွေဟာ တစတစကြီးမြတ်
မှိန်ဖျော့လာတဲ့ သူငယ်ချင်းသံယောဇဉ်တွေကို
မျက်နှာလွဲမိခဲ့ကြတယ်

Saturday, 22 December 2012

တွေးမိတွေးရာ-၁

အအေးဓါတ်လွှမ်းခြုံတဲ့အခါ ခြေဖျားလေးကို လေအေးလေး တိုးဝှေ့သွားရင်တောင် အသဲထဲထိ အေးသွားတတ်တာပဲ
အထီးကျန်လွန်းတဲ့ ညတွေမှာ နင့်အကြောင်း ရေးရေးလေးတွေးမိလိုက်ရင်တောင်
နှလုံးသားထဲက နာတယ်...........
အသဲစိမ့်အောင် လွမ်းလွန်းလို့.......

Friday, 21 December 2012

တွေ့ဆုံခွင့်


လွမ်း ဆိုတဲ့ စကားလုံးဟာ
ကိုယ်နဲ့ မတိုက်ဆိုင်ပါပဲနဲ့
ခဏခဏ လာခလုတ်တိုက်တယ်
မသိလိုက်မသိဘာသာနဲ့
လွမ်းနေမိတဲ့သူ
ကိုယ့်နှလုံးသားက သိသူ..

Thursday, 20 December 2012

တစ်ချက်လောက်တော့ အသိပေးပါ


တကယ်ပျက်လေမလား ကမ္ဘာ
အရိပ်အယောင်လောက်တော့အသိပေးပါ
တကယ်သာ ပျက်မယ်ဆိုရင်
ဖွင့်မပြောရသေးတဲ့ စကားတချို့ အံထုတ်ချင်မိရဲ့
နင့်သိပ်နေတဲ့စကားတို့ အံထုတ်ချင်မိရဲ့
အသိပေးပါ ကမ္ဘာ
တကယ်ပျက်မလား။

Wednesday, 19 December 2012

နှင်းဝှက်တဲ့ဆောင်း

တစတစလင်းလက်လာတဲ့ နေရောင်ခြည်အောက်မှာ နှင်းစလေးဟာ အရည်အဖြစ်ကနေ အခိုးအငွေ့အဖြစ်လူးလွန့်လို့သွားတော့ ကျွန်တော့်ရင်မှာလှိုင်းထန်တယ်။ စွယ်တော်ရွက်ပမာ မခွဲမခွါရှိခဲ့ခြင်းဟာ သူ ပျောက်ကွယ်သွားတာကို ကြည့်ဖို့မဟုတ်ဘူးလေ။ ခုတော့ နေ့စဉ်နဲ့အမျှ သူပျောက်ကွယ်သွားတာကို ကြည့်နေခဲ့ရတယ်။
သူနဲ့ ကျွန်တော်ပေါင်းစပ်ထားတဲ့ မနက်ခင်းတိုင်းမှာ မိသားစုတွေ ဝိုင်းဖွဲ့နေတဲ့ မီးပုံပွဲတွေရှိတယ်။ ဂစ်တာမလိုဘူး။ သီချင်းမလိုဘူး။ လှုပ်လီလှုပ်လဲ့လျှောက်ပြဖို့မလိုသလို ပေါ်ပင်အဝတ်အစားတွေမလိုဘူး။

မတူညီသော လုပ်ပိုင်ခွင့်များ

“မင်းကွာ ဂရန်ဖေါက်ပြီးသားအိမ်ကို အရောင်းအဝယ်လုပ်ပြီး နာမည်ပြောင်းတာလား အလွယ်လေးရယ် ပိုက်ဆံကလည်း သိပ်အများကြီးမကုန်ဘူး လုပ်တတ်ရင်လွယ်တယ်ကွ”
ခါးသက်သက်ဝယ် အဆိမ့်အရသာလေးနှင့် အရသာခံသောက်ရသည့် ကျဆိမ့်ကို အရသာခံသောက်နေသော ကျွန်တော့်လက်သည် တုန့်ခနဲ ဖြစ်သွားချေသည်။ ကြားနေရသည့် စကားတို့ကို အသေအချာကြားရန် အာရုံစူးစိုက်ရင်း နားထောင်လိုက်မိ၏။ ဘာ့လို့ဆို မိန်းမ၏ အမေ့ထံမှ အမွေရသော အိမ်လေးကို နာမည်မပြောင်းရသေးဘူး မဟုတ်လား။ သိသင့်သိထိုက်တာလေးတွေ သိရနိုင်သည်ဟူသည့်အတွေးနှင့် နားစွင့်မိခြင်းပင်။

Tuesday, 18 December 2012

..ပျော်ပါစေ...

စိတ်တစ်ခုလုံး နွမ်းလျမှိန်ဖျော့
သူမသိတဲ့ အလွမ်းတွေနဲ့
ကျွန်တော် ဒီနေ့ ငိုနေမိတယ်
သူမသိတဲ့
နေရာတစ်ခုမှာ
သူမလာချင်တဲ့

Monday, 17 December 2012

သိပေမယ့်လည်းလေ.....

မသေချာတဲ့ အမှန်တရားအတွက်
ရေရေရာရာ အမှားများစွာနဲ့ သက်သေပြကြတယ်
သက်သေတွေရဲ့ မှားခြင်းများစွာဟာ
အမှန်တရားအတွက် ကြိုးမိန့်ပဲ

Sunday, 16 December 2012

လမင်းရေ.....

ဒီလက်နှစ်ဘက်ဟာ
ဆုံနိုင်ခွင့်ရှိလေမလား.....
ဒီအတွေးရယ်နဲ့
ရင်မောမိတယ် ။

Saturday, 15 December 2012

နှလုံးသား ဘိုင်အိုဂရပ်ဖီ


တွေ့ချင်တယ်
ဒီစကားပဲ အထပ်ထပ်ဆိုညည်းခဲ့
သီချင်းတစ်ပုဒ်လို...............။

ခုံတန်းလေးသို့ အမှာစကား


မြင်နေရတဲ့ မြက်ခင်းတွေဟာ
အရင်လို မစိမ်းမြတော့ဘူး
တွေ့နေရတဲ့ ကန်ရေတွေဟာ
အရင်လို မကြည်လင်တော့ဘူး
တိုက်ခတ်တဲ့ လေညင်းတွေဟာ
အရင်လို မအေးမြတော့ဘူး။

Thursday, 13 December 2012

နှစ်သိမ့်တဲ့ ည



တိတ်တိတ်ဆိတ်ဆိတ်နဲ့
ဝေဒနာကို အလင်းပေးနေတယ်
ရှောင်လွဲဖို့ မကြိုးစားနဲ့..တဲ့
ဒီလိုနဲ့ပဲ ကျွန်တော် အလွမ်းကို လက်ကမ်းကြိုနေခဲ့ရတယ်။

Wednesday, 12 December 2012

သူ့ကြောင့်

ချစ်ခြင်းအသင်္ချေ လင်းလက်စေဟု
ရှင်တော်ဘုရားထံ ဆုမပန်လည်း
သူ့ကြောင့်ပြည့်ခဲ့သည်။

အလွမ်းအသင်္ချေ ဝေပါရစေဟု
ရှင်တော်ဘုရားထံဆုမပန်လည်း
သူ့ကြောင့် ပြည့်ခဲ့ပြီ။

အမုန်းအသင်္ချေ ချွေပါရစေဟု
ရှင်တော်ဘုရားထံ ဆုမပန်လည်း
သူ့ကြောင့် ပြည့်လိုက်ပြီ။

Tuesday, 11 December 2012

ကျုပ်...ဘယ်သူလဲ

ကျွန်တော့်မှာ ပိုင်ဆိုင်တာဆိုလို့ ဘာမှမရှိဘူး။ ဒါပေမယ့် ကျွန်တော့်ဆီကနေ ဇွတ်အတင်းထွက်သွားနေကြတာကတော့ အချိန်တွေပဲ။ ဟုတ်တယ်။ ပြန်သိမ်းလို့မရတဲ့ အချိန်တွေ။ တချို့တွေက သူတို့ရဲ့ ဘဝဟာ အချိန်နဲ့အမျှ တန်ဖိုးရှိနေတယ်တဲ့။ အချိန်ဟာ ငွေပဲတဲ့။ တချို့ကျတော့ တန်ဖိုးအရှိဆုံးဟာ အချိန်ပဲတဲ့။ ဘဝကို တန်ဖိုးရှိစေဖို့ ပြီးဆုံးသွားတဲ့ အချိန်တွေအတွက် နောင်တ မရပဲနဲ့ လက်ရှိအချိန်တွေမှာ အကျိုးရှိရှိအသုံးချရမှာ တဲ့။ အဲ့ဒီလို ဒဿနတွေကို ကျွန်တော် နားမလည်ပါဘူး။ ဒါပေမယ့် ကျွန်တော့်လို ဗလာဖြစ်နေတဲ့ ဘဝအတွက်တော့ အချိန်ဟာ အပိုတစ်ခုလိုဖြစ်နေတယ်။ အချိန်ဟာ အသုံးမကျတဲ့ဘဝအတွက် ပိုလွန်းနေတယ်။ ကျွန်တော့်ရဲ့ တန်ဖိုးမဲ့တဲ့ဘဝအတွက် ရတဲ့အချိန်တွေကို တခြားတန်ဖိုးရှိတဲ့သူတစ်ယောက်ကို ဝေမျှခွင့်ပေးရရင် အရမ်းကောင်းမှာပဲ။ ဒါဆို ကျွန်တော်ဟာ တန်ဖိုးအရှိဆုံးအရာတစ်ခုကို ဘဝမှာ ပြုလုပ်ခဲ့ဖူးတယ် ဆိုတဲ့အတွေးနဲ့ သေပျော်ပါတယ်။ သေချာပါတယ်။ ကျွန်တော်ပျော်ပျော်ကြီး သေဝံ့ပါတယ်။

တောင်းဆိုခြင်း


စိတ်မိုင်တိုင်ဘယ်လောက်မှာ
ချစ်ခြင်းခရီးစဉ်ကို ရောက်ပြီသက်မှတ်လဲ
ကျွန်တော်သိချင်တယ်
၁၅၀၀ နဲ့ ၅၂၈ ကြားမှာ
ဘယ်နှစ်မိုင်ကွာဝေးသလဲ
ကျွန်တော်သိချင်တယ်

တကယ်လွမ်းတယ်


မုန်းတယ်
အဖြေရှာမရတဲ့ ဝေဒနာတွေကိုမုန်းတယ်
ဟိုမှာ…ဆူနာမီအတွက် လူထောင်ပေါင်းများစွာသေရ
ဟိုမှာ …ငတ်မွတ်ခေါင်းပါးမှုပြဿနာကို အချိန်တိုင်းရင်ဆိုင်နေရတယ်
ဟိုမှာကြည့်ဦး…
ကိုယ့်မြေကိုယ့်နိုင်ငံအတွက် တိုက်ပွဲဝင်နေရသူတွေ..
သူတို့ဒုက္ခထက်ပဲ ကိုယ့်ဒုက္ခဟာ ပိုကြီးဦးမလား။
မတွေးချင်ဘူး လွမ်းတယ်

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်


အတိတ်ကို စောင်းငဲ့ကြည့်မိတော့ အရာရာသည် မှုန်ဝါးဝါးနှင့် မပီပြင်တော့သည် ပန်းချီကားတစ်ချပ်ကို ပြန်လည်မြင်ယောင်ကြည့်နေရသလိုပင်။ သို့သော် ထိုမှုန်ဝါးဝါးထဲတွင်ပင် ပစ္စုပ္ပန် အတွက် အကျိုးသက်ရောက်စေသော ပျက်စီးခြင်း၊ အောင်မြင်ခြင်း စသည်တို့ သန္ဓေ တည်ခဲ့သည်မို့ တချို့သောအရာတို့အတွက် ခြေရာကောက်မိပြန်သည်။ အတိတ်ထဲမှ ကြည်နူးမှု၊ ကြေကွဲမှု၊ လွမ်းဆွတ်မှု စသည့် ခံစားချက်အစုံစုံကို ဖမ်းယူကြည့်မိတော့ မှုန်ဝါးဝါးခံစားချက်တို့က ပြတ်သားထင်ရှားလာသလိုလို။
            ကျွန်တော် ချစ်ခဲ့ဖူးသည်။ ဟုတ်သည်။ အတိတ်ကာလက သမုဒယနွံတွင် ကျွန်တော်နစ်ဖူးခဲ့သည်။ နွံဟု မသတ်မှတ်ချင်ပါ။ နှလုံးသားရှိသူတိုင်း ဖြတ်သန်းရမည့် မှတ်တိုင်တစ်ခုကို အတိတ်ကာလက ကျွန်တော်ဖြတ်ခဲ့ဖူးသည်။ တော်တော်လေးကို နင့်နင့်သည်းသည်းချစ်ခဲ့ဖူးသည်။ ချစ်သူ့မျက်နှာ တစ်ရွာထင်သလိုမျိုး ချစ်သူကိုသာ တမြတ်တနိုးနှင့် အရိပ်လိုကြည့်ကာနေခဲ့ဖူးသည်။ စစ်မှန်သည့်ချစ်ခြင်းဆိုသည်ကလည်း လက်ခုပ်နှစ်ဖက်တီးမှ အသံမြည်သလိုမျိုးပင်။

ဒဏ်ရာများနှင့် နေသားတကျ ဘဝ

လက်ဖြင့်ဆုပ်ကိုင်ထားသော ပူလောင်သော ချစ်ခြင်းတို့အား ကျွန်တော် ကျဲဖြန့်လိုက်သည်။ ထို့နောက်တွင်တော့ ကျွန်တော်သည် အရာရာအား ပျော်ရွှင်ခြင်းအတိပြီးသော မျက်နှာဖြင့် ကြည့်နိုင်ချေပြီ။ ဟုတ်သည်။ ဆုပ်ကိုင်ထားသော ချစ်ခြင်းတို့၏ ပူလောင်ခြင်းများသည် ကျွန်တော်နှင့်ဝေးကွာ၍ ချစ်ခြင်းတို့အား တပ်မက်သောသူတို့ဆီသို့ ရွေ့လျားသွားလေတော့သည်။ သို့မဟုတ် ရွေ့လျားသွားမည်မှာ သေချာနေပါတော့သည်။

.။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တစ်ခါတစ်ခါကျ ချစ်ခြင်းက ထူးဆန်းလွန်းလှသည်။ သူမကို ချစ်မြတ်နိုးခြင်း ကင်းမဲ့နေပြီဖြစ်သော ကျွန်တော့်နှလုံးသားသည် သူမအား ချစ်ခဲ့မိသည့် အချစ်တို့ကို မစွန့်လွှတ်မိပြန်။ တနည်းဆိုရသော် ချစ်ခြင်းဒဏ်ရာတို့အား စွန့်လွှတ်ခွင့်မပြုပြန်။ ချစ်ခြင်း၏ ဒဏ်ရာသည်လည်း လူကိုစွဲလန်းတတ်စေကြောင်း အသိအမှတ်ပြုရပြန်တော့သည်။ နေသားကျနေ၍ပဲ ဒဏ်ရာအား အနာမကျက်မိစေရန် ဆွဲကိုင်ထားမိနေသည်လား။

Friday, 7 December 2012

ခွင့်ယူခြင်းး)

သူငယ်ချင်းတို့ရေ...တစ်လလောက် ဘာစာမှမရေးပဲ လောကကြီးကို ထိုင်ငေးနေဦးမယ်ဗျို့

Thursday, 6 December 2012

နိုးထခြင်း

ရင်ထဲမှာ ထိရှရှနဲ့
စကားပွင့်တွေ တစ်လွှာခြင်းချွေ
ကြွေကျသွားတာ နှလုံးသားထက်က မျှော်လင့်ခြင်းတွေ။

Sunday, 2 December 2012

သေဆုံးသွားတဲ့ မြို့


မြို့ကလေးဟာ မြစ်တစ်ခုစီးဆင်းသလို အကွေ့အကောက်များစွာနဲ့ အနိမ့်အမြင့်မညီတဲ့ လမ်းများစွာကို ပိုင်ဆိုင်တယ်။ စွယ်တော်၊ စိန်ပန်း၊ နောက် အမျိုးအမည်မသိတဲ့ပန်းမျိုးစုံဟာ လမ်းဘေးတစ်လျှောက် ပေါက်နေလေရဲ့။ တစ်ကုန်းတက်တစ်ကုန်းဆင်းနဲ့ ကိုယ့်ဘဝကိုယ် ပုံဖေါ်ထားတဲ့ မြို့လေးဟာ သမိုင်းအမွေအနှစ်တွေကို တနင့်တပိုးနဲ့ မြန်မြတ်နိုးနိုးထမ်းပိုးထားပြန်တယ်။ ကျောက်စာရုံတော်ကြီးက ပိဋကတ်ကျောက်စာ အမျိုးမျိုးနဲ့ အမွေအနှစ်တွေဟာလည်း လာလည်မဲ့ ခရီးသည်ကို မျှော်ရင်း ကျွန်တော့်မြို့ကလေးဟာ လှပမှုတို့ပြည့်နေတဲ့ မြို့လို့ ကြေငြာနေပြန်တယ်။ နှစ်တိုင်းကျင်းပတဲ့ အဲ့ဒီကျောက်စာရုံဘုရားပွဲမှာ လူငယ်တွေ နည်းနေပြီ။ စနေနံဘုရားရဲ့ ထင်ရှားကျော်ကြားမှုတွေ၊ ရွှေမြင်မိဘုရားရဲ့ တန်ခိုးကြီးကျော်ကြားမှုတွေဟာ မြို့လေးထဲမှာပဲ ပိတ်မိနေခဲ့တယ်။ မြို့ကလေးဟာ ဧရာဝတီမြစ်ရေကိုကြည့်ရင်း ရေစီးနဲ့အတူ သူ့ရဲ့ လှပမှုတွေ၊ ခမ်းနားထည်ဝါမှုတွေကို စီးဆင်းသွားစေချင်တဲ့အထိတောင်ဖြစ်နေပြီ။ သမိုင်းအမွေအနှစ်ဆိုတာ ထိန်းသိမ်းတဲ့သူရှိမှ ရေရှည်ထိန်းသိမ်းထားနိုင်မှာမလား။ ခုတော့ ထိန်းသိမ်းသူကင်းနေတဲ့ သမိုင်းဝင်အမွေအနှစ်တွေဟာ တတိတိနဲ့ ယိုယွင်းပျက်စီးစ ပြုလာပြီ။

ခေတ်သစ်


တကယ့်ဂန္တဝင်ည…
ဒဿကိုမှ ရာမ ထင်တဲ့ည
သီတာ ဘဝပျက်တယ်
ဒါက ခေတ်သစ်ရာမာယနဇာတ်။
စောင့်ထိန်းခြင်းတွေမရှိဘူး
သစ္စာတွေ ကမ်းမဲ့ကုန်ပြီ