Tuesday 14 May 2013

“အချစ်ရူးတစ်ကောင်မှာ ဦးနှောက်မရှိဘူး”



ငေးကြည့်နေတဲ့ နာရီက သံစဉ်တွေ တစ်ချက်ချက်လွင့်
ချစ်သူ့ခြေရာနောက် တစ်ကောက်ကောက်လိုက်တတ်တဲ့ ကျွန်တော်က
အချစ်ရူးတစ်ကောင်ပါ
ဘယ်အချိန်က ဝင်ကိုက်သွားလဲ မသိတဲ့ ဒီဗိုင်းရပ်စ်က ရစ်ခ်ျတာစကေး ပြင်းအားများတယ်
ကဲ ဘယ်လိုလဲ ဘယ်လိုလဲဘယ်လိုလဲ

ဒီလိုပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အဝေးခံလိုက်ရတော့မလား
ဒီမေးခွန်းကို အခါခါမေးရင်း မှိုင်နေတဲ့ အချစ်ရူးတစ်ကောင်
အချစ်ရူးတစ်ကောင်မှာ ဦးတည်ရာမရှိဘူး
အချစ်ရူးတစ်ကောင်က နှလုံးသားစေစားရာပဲလိုက်တတ်တယ်
အချစ်ရူးတစ်ကောင်ဟာ ဦးနှောက်ကို မေ့ထားတယ်
ဦးနှောက်သာ အသုံးဝင်နေသေးရင် ကျွန်တော်ခင်ဗျားကို ချစ်မိမှာမဟုတ်ဘူး လို့လည်း
တိတ်တဆိတ်ရေရွတ်မိသေးရဲ့
ဟေးးးးးး
ဟေးးးးးးးးးးးးး
ဟေးးးးးးးးးးးးးး
မချစ်ပဲနဲ့များ ချစ်အောင်ပြုစားခဲ့သေးတယ်
ဒီစကားကိုလည်း ထပ်ခါထပ်ခါဆိုမိ
ဟော အချစ်ရူးလေး မှိုင်နေပြီ
အချစ်ရူးလေး ငိုနေမိပြီ
အချစ်ရူးလေး လမ်းကြောင်းပျောက်နေပြီ
အချစ်ရူးလေး.... ရူးနေမိပြီ...........။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်