Saturday 11 May 2013

11-5-2013--



အပြုံးအရယ်
အငိုအမဲ့
အသက်မဲ့ ညနေခင်းများ
တိတ်ဆိတ်ခဲ့ တေးသံသာများ
အချစ်မရှိရုံနဲ့ ဘဝက ခြောက်ကပ်သွားတတ်သလား
အရှုံးအနိုင် မတွက်ခဲ့သူ
အမြတ်ရခဲ့တယ်
ခံစားချက်တွေ တသီတသန်းနဲ့..။

ငှက်ကလေး
မခေါ်တာကြာပြီဖြစ်တဲ့ ဒီနာမည်မှာ
ငါ့စိတ်တွေ ပျော်ဝင်နေတုန်းမှန်းသိလိုက်ရ
ငါ အဆုံးအစမရှိတဲ့ ဝင်္ကပါမှာ
ကျေကျေနပ်နပ်ကြီးဆက်လှည့်နေလိုက်တယ်
ဒီနေ့ည....
သစ်ပင်တစ်ပင်
အရေခွံလဲပြီ
ငါဟာ လျှာနှစ်ခွပိုင်ရှင်ဖြစ်ပြီ
ခံစားချက်မရှိတဲ့ ကမ္ဘာမှာ ငါမနေတတ်ဘူး
ပျိုးမယ်
လျှာနှစ်ခွနဲ့ တသီတသန်းကြီး ခံစားချက်တွေ ပျိုးပစ်လိုက်မယ်
ခေါ်လိုက ခေါ်စေတော့
မြွေဟောက်မလို့..
မင်းအတွက်ဆိုရင်တော့ ပါးပျဉ်းထောင်ဖို့ မေ့နေမယ်မှန်း
သိပ်တော်တဲ့ ရွှေဇီးကွက်ကြီး သိလိမ့်မယ်ထင်ရဲ့..။
ဒီနေ့ကစ ..ငါဟာ လျှာနှစ်ခွပိုင်ရှင်ဖြစ်ပြီ..။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်