---+++---
(၁)
“မြား..။ ဒါ မြားလား။”
မပီမသ ရေရွတ်မိလိုက်တယ်။ မှန်သားကိုယ်စီဖုံးအုပ်ထားတဲ့ မျက်ဝန်းအစုံရဲ့
ထပ်တူကျအကြည့်ဟာ လေးနက်ဖေါက်ဝင်သွားမတက်။ မျက်သားဖြူဖြူထက်က
မျက်နက်ဝန်းတွေကိုကြည့်ရင်း ကိုယ့်မျက်လုံးကို ပြန်ဆွဲထုတ်ရတာ ခက်တယ်။ ကားအနက်ကို
မှီလို့ လက်ပိုက်ရပ်နေတဲ့ သူ့ဟန်ပန်ဟာ ကိုယ့်အတွက် ဘာတစ်ခုမှ အဓိပ္ပါယ် မရှိပါဘူး။
အဓိပ္ပါယ်ရှိလိုက်တာကသူ့မျက်ဝန်းနဲ့ ထပ်တူကျ သွားစိုက်လိုက်မိတဲ့
ကိုယ့်မျက်ဝန်းတွေ။
မျက်ဝန်းနှစ်ခု တကယ်ဆုံစည်းပြီဆိုရင် အခုလို လေးနက်သွားတဲ့ ခံစားမှုမျိုးရှိကြောင်း
သိတာ ဒါ ပထမဆုံးပဲ။ သူ့မျက်ဝန်းနဲ့ ကိုယ့်မျက်ဝန်းမှာ ဘာအဓိပ္ပါယ်မှ မပါ ပါဘဲ
ထပ်တူကျဆုံစည်းမိလိုက်ရုံလေးနဲ့ ဒီလောက်ထိ လေးနက်သွားသတဲ့လား။ နှလုံးသားမှာ
ရစ်သိုင်းလာတဲ့ လေးလေးပင်ပင်နဲ့ ငြိမ့်ညောင်းလာတဲ့ တိမ်သားလေးတွေ။
ဒါဘယ်လိုခံစားချက်မျိုးလဲ။ ဟင့်အင်း။ ကိုယ် အဓိပ္ပါယ်မဖေါ်တတ်ဘူး။
မျက်ဝန်းတွေ ဆုံဖူးတယ်။ သိပ်ဆုံဖူးတယ်။ ပူလောင်နေတဲ့ မျက်ဝန်းတွေကို ကိုယ်က
ပူလောင်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ဖူးတယ်။ ဒါပေမယ့် ထပ်တူမကျဘူး။ အေးစက်နေတဲ့
မျက်ဝန်းတွေကို ကိုယ် ပူလောင်နေတဲ့ မျက်ဝန်းတွေနဲ့ကြည့်ဖူးတယ်။ အရောင်တွေ
ထပ်တူမကျခဲ့ဘူး။ ခု ကျွဲကော်ကိုင်းလို့ ခေါ်မလား။ မျက်မှန်အနက်ရောင်အောက်က
မျက်ဝန်းတွေမှာ ကိုယ့်မျက်ဝန်းတွေက
ထပ်တူကျသွားစိုက်နေခဲ့သတဲ့။ကပြာကသီပြန်လွှဲလိုက်ပေမယ့် မျက်သားဖြူဖြူနဲ့
မျက်နက်စေ့လေးဟာ ကိုယ့်နှလုံးသားထဲပါလာတယ်။ ဘယ်လို ရှောင်ရမယ်မှန်းကို မသိဘူး။
ဒီနေ့ ပန်းဆိုးတန်းမှာ မျက်ဝန်းတစ်စုံနဲ့ တွေ့ခဲ့တယ် လို့ ဒိုင်ယာရီစရေးကြည့်ရင်
ကောင်းမလားဟင်။ အဟင်း ကိုယ်ဆိုတာ စာရေးချင်ပေမယ့် စိတ်ကူးယဉ်ဆန်ဆန်
နုလှနေတတ်တဲ့သူမှမဟုတ်ဘဲ။ ကိုယ့်စိတ်ကူးကို ချက်ချင်းပဲ ပယ်ဖျက်လိုက်မိတယ်။
--+++---
Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts
Saturday, 3 May 2014
Friday, 4 April 2014
“မြိနေအောင် သွေးထားတဲ့ မြားတစ်စင်း ”
“မြိနေအောင်
သွေးထားတဲ့ မြားတစ်စင်း ”
--++--
(၁)
မြင်လား
သား။ အဲဒါ မင်းအဖေ။ မင်းအဖေ လူယုတ်မာကြီးလေ။ သေချာမြင်အောင်ကြည့်ထားစမ်း ငါ့သား။ တစ်နေ့မှာ မေမေ့အတွက် သားက လက်စားချေပေးမယ်မဟုတ်လားဟင်။
နှင်း၏
လက်ကို ဆုပ်ကိုင်ထားသည့် သား၏ လက်က ပို၍တင်းကျပ်သွားသည်မို့ သားငယ်ကြည့်ရာကို ကြည့်လိုက်မိတော့
မောင်နှင့် မိန်းမငယ်တစ်ဦး။ ဟင့်အင်း။ နှင်းအတွက်တော့ မည်သို့မျှမခံစားရပါ။ ကြိုပြီးသိထားပြီးသား
အကြောင်းအရာတစ်ခုသာဖြစ်သည်။ ဒီကုန်တိုက်ကို ဒီလိုနေ့ဆို ဈေးဝယ်ထွက်နေကြ ဆိုတဲ့ အတွင်းသိစကားအရ
သားနှင့် မောင့်ကို ရင်ဆိုင်ပေးလိုက်တာသာ ဖြစ်သည်။
သို့သော်
ကိုယ့်ကို မော့်ကြည့်လာသည့် သားငယ်၏ မျက်ဝန်းလေးများကြောင့် ဒေါသကို အရှိန်ပြင်းကာ
မျက်ဝန်းတွင် မျက်ရည်များစို့လာအောင် ပြုလုပ်လိုက်သည်။ ထို့နောက် ထိုင်ချလိုက်ရင်း
သားကို
“သား
သားတို့ အရွယ်ဝတ်တဲ့ အဝတ်အစားတန်းဘက် သွားရအောင်နော် မေမေ့အတွက် အဝတ်မဝယ်ချင်သေးဘူးနော်”
မျက်ရည်အဝဲသားနှင့်
ခေါင်းညိတ်ပြလိုက်သည့် သားလေး၏ လက်ကလေးကို ဆွဲကိုင်ကာ ကလေးအဝတ်အစားတန်းဘက် လျှောက်လိုက်ရင်း
နှင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။
“မောင်
မင်းအတွက် မြားတစ်စင်း ကိုယ် သွေးနေပြီ။ မင်း လွတ်အောင်ရှောင်နိုင်မှာလား မောင်”
သားလက်ကို
ကိုင်ကာ ထလိုက်သည့်အချိန်မှာပဲ မောင့်မျက်ဝန်းတို့ အထိတ်တလန့်ဖြစ်သွားခဲ့သည်ကို သတိပြုမိ၏။
သို့သော် နှင်းက မသိကျိုးကျွံပြုကာ သားလက်ကို ဆွဲ၍ ထွက်ခွာလာခဲ့သည်မဟုတ်ပါလား။ တစ်ယောက်လက်ကို
တစ်ယောက်ချိတ်ဆွဲထားသော မောင်နှင့်ထိုမိန်းကလေး၏ အကြောင်းကို နှင်းရှင်းမပြလည်း သုံးတန်းကျောင်းသားဦးနှောက်ဖြင့်
သားနားလည်မည်ဟု ယုံကြည်သည်လေ။
--++--
Thursday, 3 April 2014
ဆုံမှတ်မဲ့ ရင်ဝှက်တေး
“ဆုံမှတ်မဲ့ ရင်ဝှက်တေး”-ရည်ဝေ(လင်းရောင်ခြည်)
---++++-----
ကြာခဲ့ပြီ။ ဟုတ်သည်။ ကြာခဲ့ပြီဖြစ်သည်။
ခုံတန်းလေးသည်လည်း သူ၏ရှိမြဲနေရာ၌ ရှိနေသေးသည်။ သို့သော်
ခုံတန်းလေးသည်လည်း ဇရာကို အံမတုနိုင်ဟန်ဖြင့် အိုမင်းရိရော်နေခဲ့ချေပြီ။ တစ်ချိန်က
အစိမ်းရောင်ဖျော့ဖျော့တို့ ဆိုးခဲ့သော ခုံတန်းလေးသည် ယခုတော့လည်း အရောင်ပြယ်လုလု အစိမ်းရောင်ဖျော့တော့တော့ဖြင့်
ကျွန်တော့်ကို ကြိုလင့်နေသည့်အလား။
တစ်စုံတစ်ယောက်သည်ကော ခုံတန်းလေးကဲ့သို့ ကျွန်တော့်ကို
ကြိုနေလေဦးမည်လား။ သို့မဟုတ် အရာရာကို ပြည်ဖုံးကား ချလိုက်လေပြီလား။ အခွင့်ရှိလျှင်ဖြင့်
သိချင်စမ်းလှပါသည်။ သြော် သိချင်စမ်းလှပါသည်လေ။
ကျောင်းဆောင်၏ အလယ်တည့်တည့်တွင် စိုက်ပျိုးထားသည့် စိန်ပန်းနီနီကိုကြည့်ရင်း
လမ်းဘေးအလေ့ကျပေါက်တတ်သည့် စိန်ပန်းနီကိုပင် ခူးမှာစိုးသည့်အလား တားဆီးထားသည့် ဆိုင်းဘုတ်တစ်ခုကို
သတိရမိပြန်သည်။ “သတိ- ပိုင်ရှင်ရှိသည် မိမိကိုယ်ကို သူခိုးအဖြစ်မခံပါနှင့်” တဲ့လေ။
အတွေးနှင့်အတူ ခုံတန်းလေးတွင်ထိုင်ရင်း ကျောင်းတော်ကြီးကို
ငေးကြည့်နေမိသည်။ တစ်ချိန်က ဒီကျောင်းတော်ကြီးတွင် လင်းခက် ဆိုသည့် ကျောင်းသားလေးတစ်ယောက်
ပညာနို့ရည် သောက်စို့ခဲ့ဖူးသည်ပေါ့။ တစ်ချိန်ကတော့ ဒီကျောင်းတော်ကြီး၏ ကင်န်တီးန်ပေါင်းစုံတွင်
လင်းခက်နှင့် တစ်ယောက်သောသူ၏ ခြေရာတို့ အထပ်ထပ်ရှိခဲ့ဖူးပေသည်။ ထိုကဲ့သို့ အထပ်ထပ်ရှိခဲ့ဖူးသည်ကို
အမှတ်ရပါရဲ့လား မမမွန်။ စိတ်တွင်းမှ ထွက်ရှိလာသော မေးခွန်းကို ကပြာကသီသိမ်းအုပ်လိုက်ချိန်တွင်
စိတ်၌ တစ်စုံတစ်ရာသော စေ့ဆော်မှုခံလိုက်ရသည့်အလား အနောက်ဘက်ဆီသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
ပန်းတစ်ပွင့် ရင့်ကျက်တည်ငြိမ်သည့် အလှဖြင့် သူ့ကို ငေးကြည့်နေလေသည်ပဲ။
မမမွန်။ သူ့ကို ကြိုဆိုလေသည်တော့ ဟုတ်ဟန်မတူ။ မမွန်၏ မျက်နှာသည် ပကတိ တည်ငြိမ်လွန်းလှသည်။
သို့သော် မျက်ဝန်းထဲမှာတော့ အငွေ့တစ်ချို့ လှိုင်းထနေလေသည်လား။ ဖျတ်ခနဲ သူထရပ်လိုက်မိသည်။
သူ့ကို ငေးကြည့်နေရာမှ သူရှိရာသို့ တစ်လှမ်းချင်းလှမ်းလာသော မမမွန်၏ အလှသည် စံပယ်ဖြူတစ်ပွင့်၏
ရင့်ကျက်တည်ငြိမ်မှုကဲ့သို့ပင်။ ဖြူစင်အေးချမ်းလှသည်။ သို့သော်…။ သူနှင့်မမမွန်ဆိုသည်က
အဖြေမပီခဲ့သည် စွယ်တော်ရွက်လေးတွေ ဖြစ်ခဲ့သည် မဟုတ်လားလေ။
ကြာခဲ့ပြီ။ ကြာခဲ့ပါပြီ။
သူ၊ မမမွန်။ သက္ကရာဇ်များစွာသည် တစ်ရိပ်ရိပ်ပြေးလွှားလိုက်သည့်
ရထားတစ်စင်းအလား…။
Sunday, 16 February 2014
ရောင်နီကတော့ သမ်းခဲ့ပြီ
“အောက် အီးအီး အွတ်”
ရောင်နီတို့သမ်းပြီ။ အလင်းပျို့ပျို့ အန်ချေပြီ။ လက်မှကတ်ကြေးသည် အရှေ့တိုးရမည်လေလား။ အနောက်ဆုတ်ရမည်လေလား။ မျက်ရည်ကြည်တို့ ပြည့်နှက်နေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးကို အာရုံတွင်ပြန်မြင်မိသကဲ့သို့ရှိ၏။
“ဟင့်အင်း ဟင့်အင်း ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေပါရစေ”
တစ်ရက်မှသည် တစ်ပတ်တန်ခဲ့ပြီ။ သွားခေါ်တိုင်း ခေါင်းတခါခါလည်တခါခါနှင့်ငြင်းတတ်သည့် သမီးငယ်။ သူ့အဘိုးအဘွားရှေ့မှာ ဆွဲခေါ်လို့မရ၊ ရိုက်နှက်ခေါ်လို့မရနှင့် နောက်ဆုံး အဖေ့ သံသယမျက်လုံးကိုပါ အေးမိရင်ဆိုင်ခဲ့ရပြီးပြီဖြစ်သည်။
အကြည့်တို့ မှုန်ဝါးလာမှုသည် မျက်ရည်ကြောင့်လား။ ရင်တွင်းအပူကြောင့်လား။ ဝေခွဲမရခြင်းများစွာနှင့် အေးမိ ကတ်ကြေးကို ပို၍ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
ရောင်နီတို့သမ်းပြီ။ အလင်းပျို့ပျို့ အန်ချေပြီ။ လက်မှကတ်ကြေးသည် အရှေ့တိုးရမည်လေလား။ အနောက်ဆုတ်ရမည်လေလား။ မျက်ရည်ကြည်တို့ ပြည့်နှက်နေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးကို အာရုံတွင်ပြန်မြင်မိသကဲ့သို့ရှိ၏။
“ဟင့်အင်း ဟင့်အင်း ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေခဲ့မယ် ဘဘတို့နဲ့ပဲ နေပါရစေ”
တစ်ရက်မှသည် တစ်ပတ်တန်ခဲ့ပြီ။ သွားခေါ်တိုင်း ခေါင်းတခါခါလည်တခါခါနှင့်ငြင်းတတ်သည့် သမီးငယ်။ သူ့အဘိုးအဘွားရှေ့မှာ ဆွဲခေါ်လို့မရ၊ ရိုက်နှက်ခေါ်လို့မရနှင့် နောက်ဆုံး အဖေ့ သံသယမျက်လုံးကိုပါ အေးမိရင်ဆိုင်ခဲ့ရပြီးပြီဖြစ်သည်။
အကြည့်တို့ မှုန်ဝါးလာမှုသည် မျက်ရည်ကြောင့်လား။ ရင်တွင်းအပူကြောင့်လား။ ဝေခွဲမရခြင်းများစွာနှင့် အေးမိ ကတ်ကြေးကို ပို၍ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
Thursday, 6 February 2014
ကောင်းကင်ပြာ တစ်နေရာတော့ ညိုလိမ့်နိုး
“ကောင်းကင်ပြာ တစ်နေရာတော့
ညိုလိမ့်နိုး..”
-----xxxxx---------
“မရည်ရွယ်ပါဘဲ
ကာယကံ ဝစီကံ မနောကံတို့ဖြင့် ပစ်မှားခဲ့ရင် ခွင့်လွှတ်ပေးပါ ”
နှုတ်မှဆိုကာ လက်အုပ်ချီမိုးလို့ ရိုရိုကျိုးကျိုးကန်တော့လိုက်စဉ်
မမမွန်မျက်ဝန်းထောင့်စွန်းလေးမှ ငွေရောင်ခပ်လဲ့လဲ့ကို မြင်တွေ့မိလိုက်လေသလား။ ဟင့်အင်း။
မေ အမြင်မှားတာပါ။ မေအမြင်မှားတာနေမှာပါ။ မနေ့ကတည်းက ထုတ်ထားခဲ့သော မမမွန်၏ဘွဲ့ဓါတ်ပုံလေးကို
ထုတ်ပေးလိုက်ရင်း
“အိမ်မှာ တွေ့လို့ ယူလာတာ၊ ” ဟု ပြောလိုက်သည်။
“ဘာ့ကြောင့်ပြောင်းမှာလဲ
ငါ့ညီမရယ် ရန်ကုန်မှာ ညည်းဆွေမျိုးသားချင်းဆိုလို့ မွန်တစ်ယောက်တည်းရှိတာကို”
“မဟုတ်ဘူး အစ်ကို ရုံးက သူငယ်ချင်းတွေနဲ့အတူ
အဆောင်မှာနေမှာလေ တက္ကသိုလ်ကတည်းက မမမွန်ဆီမှာနေခဲ့တာဆိုတော့ အဆောင်နေအဆောင်စားဘဝတစ်ခါမှ
မကြုံဖူးဘူးမဟုတ်လား ခု အဆောင်သူအဖြစ်ကို ခဏလောက် သွားနေကြည့်ချင်လို့ အဖေ့ဆီလည်း ခွင့်တာင်းတော့
အဖေက ခွင့်ပြုတယ်လေ”
“အေးအေး ငါ့ညီမ မိမေတစ်ယောက် သွားလမ်းသာလို့
လာလမ်းဖြောင့်ပါစေကွာ မွန် ဆုတောင်းပေးလိုက်ဦးလေ ဘာလုပ်နေတာလဲ”
“အင်း မမွန်….”
မမမွန် ဘာမှမပြောနိုင်ခင်ပင် မေ ကန်တော့လိုက်သည်။
ထို့နောက် ပုဆစ်တုပ်ထိုင်နေရာမှထကာ အထုပ်အပိုးများဆီသို့ လျှောက်သွားလိုက်မိရင်း
“မေ သွားတော့မယ် အစ်ကို”
“ဟ နေဦးလေ ငါလိုက်ပို့ပေးမယ် ..”
“အဟက်..”
အိုး စိမ်းလိုက်တာ။ ဖျတ်ခနဲ သတိမျက်ဝန်းအဖြစ်ပြောင်းသွားသည့်
မမမွန်ကို မေမြင်လိုက်ရသည်မဟုတ်လား။ ဘာရယ်ကြောင့်မသိ နှုတ်ခမ်းမှ ရယ်သံတစ်ချက်ပြုမိသည်။
ထို့နောက်
“မေ ကားငှားထားတယ် အစ်ကို …. ”
နောက်လှည့်မကြည့်စတမ်းပေါ့။ အရှေ့ဆီမှ အငှားကားဆီ
ခြေလှမ်းအစုံကို အရှိန်မြှင့်လျှောက်လှမ်းလိုက်သည်။ အိုး ကြားလိုက်မိပြန်ပြီ။ ရှိုက်သံလား။
ဟင့်အင်း။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ပါဘူး။ ဒါ မမမွန် စိတ်ချမ်းသာဖို့အတွက် မေ ဖယ်ခွာသွားတာပါ။
မမမွန်ကို ချစ်တဲ့အချစ်တွေကို မေ ဖယ်ခွာလိုက်ရုံပါလေ။ သို့သော် မမမွန်ဆီက လက်ဆောင်တစ်ခုတော့
မေ့ဆီပါလာတာ သေချာသည်။ မမမွန်ဆီမှ ပါလာသည့် ဆူးတစ်ချောင်းကိုတော့ သေသည့်တိုင် မေဆွဲမနုတ်နိုင်တော့မည်မှာ
သေချာနေပြီဖြစ်၏။
ကောင်းကင်ကို သတိတရ မော့ကြည့်မိလိုက်တော့ ကောင်းကင်သည်
ပြာလွင်လျှက်ရှိသည်။ ကောင်းကင်ပြာ။ ကြည်လင်ရှင်းသန့်နေသည့် ကောင်းကင်ပြာ။ မေ့ဦးခေါင်းထက်ရှိနေသည့်
ကောင်းကင်ကြီးကတော့ ပြာပြာလွင်လွင်နှင့် ရွှန်းလဲ့တောက်ပနေသည်။ ကောင်းကင်၏ တစ်နေရာရာမှာကော
ညိုမှောင်နေမှာလား။ အတွေးနှင့်အတူ “လှလိုက်သည့် ကောင်းကင်ပြာ” ဟု တီးတိုးရေရွတ်မိရင်း
ဖျတ်ခနဲ မေ ခေါင်းငုံ့လိုက်သည်။ ကောင်းကင်ပြာကို မော့ကြည့်ရင်း အားတင်းထားရသော မျက်ရည်စတို့က
တားမနိုင်ဆီးမရ ပြိုကျတော့မည် မဟုတ်ပါလား။
မေ့ ဝဲဘက်ရင်အုံအောက်ကတော့ တဆစ်ဆစ်ကိုက်ခဲလျှက်ရှိသလို
မေ့ ဦးခေါင်းထက်က ကောင်းကင်ပြာ၏ တစ်နေရာရာတွင်တော့ မှိုင်းညို့နေပါလိမ့်မည်။ သေချာပါသည်..လေ။
(၁)
ရက်စက်တယ် ဆိုသည့် စကားလေးဖြစ်တည်ရာနေ့ကို မေ
တွေးနေမိသည်။ ထိုနေ့က မမမွန်တို့ အပြင်သွားခိုက် ဖုန်း လာသည်။
“ကလင် ကလင် ကလင်”
အဝတ်လျှော်စက်ခလုတ်ကို ဖျတ်ခနဲပိတ်လိုက်ပြီး
ဧည့်ခန်းဆီသို့ အပြေးလေးသွားလိုက်မိ၏။ မမမွန်တို့ကလည်း အပြင်သွားနေသည်၊ ဖုန်းကလည်း
မေ တစ်ယောက်တည်းရှိချိန်မှ လာသည်ဟု စိတ်က တွေးလိုက်မိရင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။
“ဟယ်လို အမိန့်ရှိပါရှင်”
“အေး မေလား ”
အသံမာဖြင့် တစ်ဖက်မှ ခေါ်လိုက်သံကြောင့် မေ ရုတ်ခြည်းစဉ်းစားသွားမိရရင်း
အဖေ့ အသံကို ကျက်မိသွားသည်မို့
“ဟုတ်ကဲ့ အဖေ မေပါ မမမွန်က အပြင်ကိုသွားတယ်
ဒီနေ့ နွယ်လေးတို့ကျောင်းမှာဆုပေးပွဲရှိလို့တဲ့ အဲဒါ အဖေ့မြေးကိုသွားအားပေးကြလေရဲ့
နွယ်လေးက အရင်နှစ်က ပထမဆုကို ဒီနှစ်မှာယူရမှာလေ အဖေ့မြေးကတော်ချက် အဖေရယ်..”
“အဲဒါ အသာထားစမ်း ပြောစရာရှိတယ် သမီး ဘယ်တော့ပြန်လာမှာလဲ
ရေနံချောင်းကို”
“အခုက သမီးက အလုပ်ဝင်နေပြီလေ အဖေကလည်း ရုံးအားရက်ရောက်မှ
ပြန်လာလို့ရမှာပေါ့ အဖေတို့စိတ်ချရအောင် မမမွန်ဆီမှာပဲ နေတဲ့ဟာကို ”
“ဖြစ်နိုင်ရင် အလုပ်က ခွင့်ယူပြီး အမြန်ဆုံးပြန်လာနိုင်မယ့်ရက်
သိချင်တယ်”
တကယ်ကို အရေးတကြီးနိုင်လှသည့် အဖေ့အသံကြောင့်
မေ အနည်းငယ်ထိတ်သွားမိသည်။ ဘယ်သူဘာများဖြစ်လို့ပါလိမ့်။ အဖေကတော့ မဖြစ်နိုင် ။ ဖုန်းပြောနေသည်မဟုတ်လား။
ဒါဆို အမေများလား။
“ဟုတ် လာမယ့် ပြည်ထောင်စုနေ့မှာပိတ်မယ်ဆိုတော့
၁၁ နေ့ည ပြန်ခဲ့မယ် အဖေ ၁၂ ရက်နေ့ရောက်မှာပေါ့ အဖေတို့အရေးကြီးတယ်ဆို မေခွင့်တစ်ရက်
ထပ်တင်လိုက်မယ်လေ”
“အေး ဟုတ်ပြီ ၁၂ ရက်နေ့ အရောက်လာခဲ့ ဒီကိုမလာခင်မှာ
နေမျိုး နဲ့ သိပ်အရောတဝင်မနေနဲ့ ကြားလား၊ မိမွန်ကိုလည်း ဘာမှပြောမနေနဲ့ ရုံးအားရက်မို့
အိမ်ပြန်မယ်လို့သာ ပြောလိုက် ကြားလား”
ဖုန်းချသွားတာ ဘယ်အချိန်ကလဲဟု မေမသိလိုက်။ မေ
သိလိုက်တာက နေမျိုးနှင့်အရောတဝင်မနေနဲ့ ဟူသည့် စကားသာဖြစ်သည်။ ဒီစကား ဘာ့ကြောင့်ဖြစ်ပေါ်လာရပါသလဲ။
---
နေမျိုးနဲ့ သိပ်အရောတဝင် မနေနဲ့ ဆိုသည့် စကား၏
အဓိပ္ပါယ်ကို မေ မွေးရပ်မြေကို ပြန်အရောက်မှာတော့ ရင်ကွဲမတက် သိလိုက်ရပါသည်။ မေနဲ့ ကိုနေမျိုး
ကို မမမွန်က စိတ်မချ ဘူး တဲ့လား။ ခါးသည်။ သိပ်ခါးသည်။ ကြားလိုက်ရသည့် အမေ့အသံသည်လည်း
ခါးသည်။ အဖေ့ဒေါသမျက်ဝန်းတို့သည်လည်း ခါးသည်။ မေ့သိက္ခာကြီးသည်လည်း ခါးလှသည်။
“ကိုယ့်အစ်မအရင်းပေမယ့် ခဲအိုနဲ့ကျတော့ တစိမ်း
မဟုတ်လားကွယ် အနေအထိုင်က မောင်နှမလိုရင်းနှီးတယ်လို့ ဘယ်လိုပြောပြော ကြာလာတော့ သူ့စိတ်ထဲမလည်း်
တမျိုးမြင်လာနိုင်တယ်လေ”
အမေ့စကားနောက်မှ အရိပ်ကလေးများကို မေ ဘာ့ကြောင့်
မြင်နေရပါသလဲ။
“အနေမတတ်အထိုင်မတတ်နဲ့ မြို့ကြီးပြကြီးမှာ အလုပ်
လုပ်ချင်သေးသပဆိုလည်း အဆောင် ရှာစေချင်တယ် ငါကတော့… ကိုယ့်အနေအထိုင်မတတ်မှုကြောင့်မဟုတ်ဘူးဆိုတောင်မှ
အနည်းဆုံးတော့ စိတ်လွတ်ကိုယ်လွတ် အနားယူနိုင်တယ်မဟုတ်လား”
စစ်သားဟောင်းကြီး ဖြစ်တဲ့ အဖေ့စကားသံမာမာနောက်သို့
လိုက်ကြည့်မိရင်း မေ့အတွက် မခံချင်စိတ်တို့ ရုန်းကြွနေသလားဟု မေတွေးမိသည်။ မေ အနေအထိုင်တတ်ခဲ့ပါတယ်
ဆိုသည့် စကားကို မည်သူ့ထံတိုင်တည်ရမလဲလေ။ မေ့ ကို တိုက်ရိုက်ဆူတာမဟုတ်ပါဘဲ တစ်စုံတစ်ယောက်ထံမှ
စကားကြောင့်သာ မေ့ကို သွယ်ဝိုက်သင်ကြားပေးနေတာဖြစ်သည်မဟုတ်ပါလား။ မေ အနေအထိုင်တတ်ခဲ့ပါတယ်။
မေအနေအထိုင်တတ်ခဲ့ပါတယ်။
“မမမွန်မရှိဘဲ နွေးလေးနဲ့ ကိုနေမျိုးနဲ့တောင်အတူတူမရှိဖြစ်အောင်
နေပါတယ် အမေရယ်။ ရင်းနှီးတယ်ဆိုတာကလည်း သာမန်ခင်မင်သူတစ်ယောက်လိုပါပဲ တစ်အိမ်တည်းနေလို့
စကားပြောဖြစ်တာတွေပဲရှိတာပါ တစ်ခါတစ်လေ ကိုနေမျိုးရုံးကပြန်လာချိန်နဲ့ မေ ရုံးကပြန်လာချိန်နဲ့
တိုက်ဆိုင်ပြီး အိမ်ကို အတူရောက်ဖြစ်တာမျိုးတွေရှိတတ်ပေမယ့် အဲဒါက..”
ဖြေရှင်းရင်း ဝမ်းနည်းလာသော မေက
“မမမွန်က ပြောတာလား မေ့ကို ကိုနေမျိုးနဲ့ သရိုးသရီဖြစ်မှာစိုးရတယ်လို့
ပြောသူက”
မေ့ မေးခွန်းမှာ အဖေရောအမေပါ ငြိမ်ကျသွားခြင်းဟာ
မေ့စကားအမှန်ဟု ဝန်ခံရာရောက်လေသည်လား။ မေ့စိတ်မှာ ဆစ်ခနဲ။ ရောက်ကတည်းက ဘုတ်ခနဲပစ်ချထားသော
ခရီးဆောင်အိတ်ကို ကောက်ကိုင်လိုက်ရင်း မေအံကြိတ်ကာ တစ်လုံးချင်းရေရွတ်လိုက်မိတော့သည်။
“မမမွန်ကို မေကိုယ်တိုင် သွားမေးမယ် သူ တကယ်ကို
ထင်တယ်ဆိုရင် သူ့ကို ကန်တော့တောင်းပန်ပြီး ဆင်းလာခဲ့မယ် တကယ်လို့ ဒီစကားပြောသူဟာ သူမဟုတ်ဘူးဆိုရင်
အမေတို့ကိုယ်တိုင် ကြားစကားပါးသူ ဘယ်သူလဲဆိုတာကို ပြောပေးပါ”
ရုတ်တရက် မေ့ လက်ကို ဆွဲကိုင်လိုက်သည်က အမေ။
အမေ ဆွဲခေါ်ရာနောက်သို့ သိစိတ်မဲ့သူတစ်ယောက်ပမာ လိုက်ပါနေမိရင်း သတိဝင်တော့မှကြည့်မိတော့
အိပ်ခန်းတွင်းပင်ရောက်ချေပြီဖြစ်သည်။
“သမီး ငိုချလိုက် ငိုချင် ငိုချလိုက် ဒါပေမယ့်
ဒါ အမှန်ပဲ မွန်ကိုယ်တိုင် ဖုန်းဆက်ရင်းနဲ့ ပြောသွားတာ သူသေရင်တော့ သူ့နေရာကို မေ့
ကို အစားထိုးခိုင်းလို့ရပြီ တဲ့လေ ပြီးတော့ သူပြောသွားတဲ့ စကားတွေက အဲဒီနေရာမှာပဲ တဝဲလည်လည်ဖြစ်နေတယ်
ဒါ့ကြောင့် အမေ မေးလိုက်တာ မေ့ကို နေမျိုးနဲ့ သရိုးသရီဖြစ်မှာကြောက်နေတာလား လို့ မေးတော့
သူက မကြောက်ပါဘူးတဲ့ ဒါပေမယ့် စကားတင်းဆိုခံထိမှာကြောက်တာပါ တဲ့ ဒါပေမယ့် မေရယ် ဒီလောက်ဆို..”
အမေ မဆက်သော စကားများစွာကို မေသဘောပေါက်သည်။
သဘောပေါက်ပါသည်။ မမမွန်သည် သူ၏ဝမ်းမနာသမီးကို သူကိုယ်တိုင် အထင်လွဲရက်ခဲ့ပြီ။ မေကကော၊
မေက သူ့ယောက်ျားကြီးကို ဘာလုပ်ရမှာလဲ ဟု ဒေါသတကြီးတွေးရင်း ဝမ်းနည်းစိတ်တို့သည်သာ လှိုက်တက်လာတော့သည်။
ထို့နောက် ခေါင်းအုံးပေါ်မျက်နှာအပ်ရင်း တအိအိနှင့် ငိုလိုက်မိတော့ အမေ အခန်းတံခါးပိတ်ကာ
ထွက်သွာတော့၏။ မေ့ ရဲ့ မမမွန်အတွက် မေ ဘာလုပ်ပေးရမလဲ ဟူသည့် အတွေးတို့သာကြီးစိုးရင်း
ထိုညကိုတော့ မအိပ်ဘဲ မိုးလင်းစေမိလိုက်တော့၏။
(၂)
လျှောက်လက်စခြေလှမ်းတို့ ဖျတ်ခနဲ တန့်၏။ ယခင်စိတ်နှင့်သာဆိုလျှင်
အိုး လှလိုက်တာ ဟု အော်ကြီးဟစ်ကျယ်ခုန်ပေါက်နေမိလေမည်လား။ ယခုတော့ ပူသည်။ မြင်နေရသည့်
အနီရောင်လက်ပံပွင့်များ ပူလွန်းလှသည်။ ဆေးရုံဝင်းကြီးအတွင်းမှ လက်ပံပင်ကြီးကတော့ တစ်ပင်လုံးဝေဆာစွာ
ပွင့်လန်းနေသည်။ လက်ပံပင်အောက် လျှောက်လာမိရင်း မျက်ဝန်းအစုံကို ဖျတ်ခနဲမှိတ်ကြည့်တော့
လက်ပံပင်အောက်က လက်ပံကောက်နေသည့် မေနှင့်မွန်ကို မေ တွေ့လိုက်ရသည်။ မေ့ခေါင်းတွင်
လက်ပံပွင့်ကြီးပန်လို့၊ မေ့ခါးမှာ ခြင်းတောင်းလေးတင်လို့၊ မွန်ကတော့ တစ်ပွင့်ပြီးတစ်ပွင့်ကောက်ကာ
မေ့ခြင်းတောင်းလေးထဲ လက်ပံပွင့်ကြီးများလာထည့်လို့။ အိုး အဲသလိုများကောက်ပြီးရင်တော့
အမေက မေတို့တစ်အိမ်သားလုံးကို လက်ပံပွင့်ချက် ကို တဝကြီးချက်ကျွေးတော့တာပေါ့။ အိမ်စရိတ်ဖူလုံတယ်ဆိုပြီးတော့လည်း
မုန့်ဖိုး ပိုပေးသေးတာ။ ခုတော့ မမမွန် လက်ပံပွင့် မကောက်ချင်တော့လေပြီလား။ ဒါမှမဟုတ်
လက်ပံပွင့်ကောက်ခဲ့သည့် နေ့ရက်တို့ကို မေ့ခဲ့လေပြီလား။
မေက မမမွန်ထက် အသက် ငါးနှစ် ငယ်သည်မို့ မမမွန်
လေးတန်းတက်ရသည့် နှစ်တွင်မှ မေ သူငယ်တန်းတက်ရသည်။ ဟောဟိုးက ဓါတ်မီးကျောင်းကြီးပေါ့။
မေနှင့်မွန်တို့ တက်ခဲ့သည့်ကျောင်းလေး။ နေ့လယ်မုန့်စားဆင်းချိန်ဆို မေရေ လို့ လာလာခေါ်ပြီး
ထမင်းခွံ့ကျွေးသူ မမမွန်။ မနက်ဆိုလည်း မေခြေထောက်ညောင်းပြီဟု ဆိုလိုက်သည်နှင့် မေ့ကို
ကုန်းပိုးကာ ကျောင်းသွားတတ်သည့် မမမွန်။ အခု ထိုမမမွန် ပျောက်လေပြီလား။
ဆေးရုံဝင်းကို ကျော်လာသည်မှာ မည်မျှပင်ကြာပြီမသိ။
မြို့လယ်ခေါင်ဘက်ချိုးကွေ့မှ မေ သတိဝင်မိသည်။ ရေနံချောင်းရဲ့ တစ်ခုတည်းသော မြို့လယ်လမ်းမကြီးမှာ
မေတို့တက်ခဲ့သည့် အထက(၁) ကျောင်းတော်ကြီး ရှိသည်မဟုတ်ပါလား။
….
“မင်္ဂလာပါ ဆရာမ ညီညီညာညာ နှုတ်ဆက်ကြ”
အော်ရင်းဟစ်ရင်းမှာပင် မေ့မျက်ဝန်းတို့သည် တိုင်အကွယ်လေးမှ
မေ့ကို ချောင်းကြည့်အားပေးနေသော မမမွန်ကို မြင်လိုက်ရသည်မို့ လေသံပင်ပိုကျယ်လာသလိုထင်ရ၏။
မေက ယခုမှ ကျောင်းပြောင်းလာတာဖြစ်ပြီး မမမွန်ကတော့ ငါးတန်းနှစ်ကတည်းကကျောင်းပြောင်းသွားသည်မှာ
ယခုဆို ကိုးတန်းကျောင်းသူကြီးပင် ဖြစ်ချေပြီ။ မေကတော့ ငါးတန်းကျောင်းသူအသစ်စက်စက်မို့
ကူကယ်မယ့်သူမရှိသည့် သဏ္ဍာန်ဖြင့် အားငယ်နေခဲ့တာဖြစ်သည်။ ကျောင်းဝန်းထဲဝင်လာကာစက မမမွန်နှင့်အတူမို့
ခြေလှမ်းတို့ အားပြည့်အင်ပြည့်ခဲ့သော်လည်း ကိုယ့်ကျောင်းခန်းကိုယ်စီဝင်ရချိန်မှာတော့
အားငယ်စိတ်က ငေါက်ခနဲ ထောင်သည်။
“ဒီကျောင်းက ဆရာ ဆရာမတွေကလည်း အရင်ကျောင်းကလိုပဲ
ကျောင်းသားလိမ္မာရင် ချစ်တာပဲ မေရဲ့ မဆိုးနဲ့နော် ကိုယ့်သန့်ရှင်းရေးအလှည့်ဆို အမြဲစောရောက်ဖို့ကြိုးစားပြီး
သန့်ရှင်းရေးလုပ်ရုံ၊ စာကြိုးစားရုံပဲ အရင်ကျောင်းအတိုင်းပဲ ဘာမှမပြောင်းလဲဘူး ဟုတ်ပလား”
လမ်းလာစဉ်တစ်လျှောက်လုံး မမမွန်က ထိုစကားသာ
ဆိုခဲ့တာဖြစ်ပြီး မေကလည်း မမမွန်ထိုစကားဆိုတိုင်း ခေါင်းညိတ်မြဲညိတ်ပြခဲ့တာဖြစ်သည်။
သို့သော် ကျောင်းခန်းထဲရောက်သည့်အချိန်မှစ အတန်းပိုင်ဆရာမကို စောင့်နေသည့် အချိန်အတွင်း
အတန်းပိုင်ဆရာမ ရုပ်ချောမှချောပါ့မလား၊ အတန်းပိုင်ဆရာမ သဘောကောင်းမှကောင်းပါ့မလားဟု
တွေးပူရင်း မေ့ကို မချစ်မှာကိုလည်း စိုးကြောက်နေမိသေးသည်။
ယခုတော့လည်း ထိုအတွေးများက သူမဟုတ်ခဲ့သလိုပင်။
အကြောက်တရားတို့ မရှိပြန်တော့။ မမမွန်က မေ့ကို တတာ ဟု လက်ကလေးပြကာပင်နှုတ်ဆက်သွားပြီဖြစ်၏။
--++----
အိုး မေ့ရဲ့ မမမွန် ဘယ်ပျောက်သွားပါသလဲ။ မေတ္တာတရားကိုပင်
သစ္စာယွင်းအပ်သူဟု မေ့ကို စွပ်စွဲရက်တဲ့ မမမွန်သည် မေ့ မမမွန် မဟုတ်။ မဟုတ်ပါလေ။ မေ့မမမွန်သည်
မေ့မေတ္တာတရားကို ယုံကြည်ဖြစ်သည်။ မေ့သစ္စာကို ယုံကြည်သူဖြစ်သည်။ ယခု မမမွန်သည်…။ အရာရာသည်
အနီရောင်သမ်းနေပါ့လား။ အိုး ကျောင်းတော်ကြီးမှာလည်း စိန်ပန်းနီတွေ သဲသဲလှုပ်လှုပ်။ ကျောင်းတော်ကြီးရေ
မေ့မမမွန်လေ မေ့မမမွန် အခု ပြောင်းလဲသွားပြီတဲ့။ တိတ်တခိုးရွတ်ဆိုမိရင်း တလုံးတခဲပြိုကျလာသည့်
မျက်ရည်စတို့နှင့်အတူ မေ့ခြေလှမ်းတို့ကို နောက်ကြောင်းပြန်လှည့်လိုက်သည်။ အဖြေဆိုသည်မှာ
ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းသေချာနေသော်ငြား ကျန် နှစ်ဆယ့်ငါးရာခိုင်နှုန်းကို မေ ဖမ်းဆုပ်ထားချင်ပါသည်။
ထို နှစ်ဆယ့်ငါးရာနှုန်းတွင် မေ့ မေတ္တာ၊ မေ့သစ္စာ၊ မေ့ယုံကြည်မှုနှင့် မေ့ဘဝ တို့ မြုပ်နှံထားသည်ဟု
မေမယုံမရဲ တွေးမိရင်း ရန်ကုန်ပြန်ဖို့ ကားလက်မှတ်ဖြတ်ဖို့ ဖုန်းဆက်ရန်ပြင်လိုက်သည်။
“ဟယ်လို ကျွန်းဆွယ်ကားဂိတ် က လားရှင့်”
(၃)
“မမမွန် ….ကိုနေမျိုးနဲ့ မေ့ကို တစ်မျိုးတစ်မည်မြင်ဘူးသလား
စိတ်မချဖြစ်ဘူးသလား”
“ဘာတွေလာမေးနေတာလဲ မေ ခရီးရောက်မဆိုက်ကွယ် သွားသွားနားချေတော့။”
မျက်နှာပျက်ပျက်နှင့် စကားဆိုလာသော မမမွန်ကို
မေအလျှော့မပေးစတမ်း မျက်တောင်မခတ်ကြည့်နေမိရင်း ထပ်မေးလိုက်မိသည်။
“မေက ကိုနေမျိုးနဲ့ ဖေါက်ပြန်ဖြစ်နိုင်တယ်လို့
မမမွန် တကယ်ပဲ တွေးမိခဲ့သလား”
မေ့ကို စူးစိုက်စွာကြည့်လာသော မမမွန်အကြည့်ကို
မေမျက်နှာမလွှဲ။
“ဖြေပါ” ထပ်မံပြောလိုက်သည့် မေ့စကားကိုနားထောင်ရင်း
မမမွန် မျက်နှာလွှဲဖို့ ကြိုးစားလိုက်သည်ကို တွေ့လိုက်ရသည်မို့ မေ့နှုတ်ခမ်းလေးကို ပြတ်လုအောင်
ခပ်တင်းတင်းကိုက်ထားလိုက်မိသည်။
“မေ့ကို ကို နဲ့ ဖေါက်ပြန်မှုဖြစ်နိုင်တယ်လို့
ထင်တာမဟုတ်ဘူး မေ မေ့သိက္ခာကိုလည်း မမွန် ယုံတယ်
မမွန်ယောက်ျားသိက္ခာကိုလည်း မမွန်ယုံတယ် ဒါပေမယ့် မပြေးသော်ကန်ရာရှိ ဆိုတဲ့အဖြစ်တွေက
အများကြီးမဟုတ်လား အဲဒါမျိုးကို တွေးကြောက်တာ မေ့ကို မယုံတာမဟုတ်ဘူး ကို့ ကို မယုံတာ
မဟုတ်ဘူး”
ပြောစရာစကားမရှိစွာ “အင်း..” ဆိုသည့် ခေါင်းညိတ်သံကိုသာ
သံရှည်ဆွဲလိုက်မိရင်း ရုတ်ခြည်းကျိန်းစပ်လာသော မျက်ဝန်းတို့ကို သက်သာလိုသက်သာငြား မျက်တောင်တို့
တဖျပ်ဖျပ်ခတ်လိုက်သည်။ ထို့နောက် မေနေနေကျ အိပ်ခန်းလေးသို့သာ တိုးဝင်လာလိုက်ရင်း..။
ဘယ်အချိန်ကတည်းက စပြီးတွေးတတ်ခဲ့တာလဲဆိုသည့်မေးခွန်းသည်
နှုတ်ခမ်းဝမှာတင် တိုးတိတ်ဆွံ့အ။ တက္ကသိုလ်တက်ပါပြီဆိုကတည်းကလား၊ ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်စပြုပါပြီဆိုကတည်းကလား။
ဒါမှမဟုတ် ဒါမှမဟုတ် ဘယ်အကြောင်းအရာတွေကများ မမမွန်ရဲ့ အတွေးကို ညစ်နွမ်းစေခဲ့ပါသလဲ။
မမမွန် သိပ် ရက်စက်သည်။ ဒီလောက်ညစ်နွမ်းသည့် အတွေးကို သူမို့ တွေးဝံ့လေသည်။ အနေအထိုင်ဟာလည်း
ဒူးထပ်ပေါင်တင်ဆိုသည့် အပြုအမှုမျိုးထိ မရင်းနှီးခဲ့ပါ။ ဘယ်အရာကများ မမမွန်ရဲ့ အတွေးကို
ညစ်ထေးစေခဲ့ပါသလဲ ဟု တွေးရင်း မေ ငိုမိပါပြီ။ ငိုမိတော့ပြီဖြစ်၏။
စေ့စေ့တွေးမှ ရေးရေးပေါ်တော့၏။ တိရိစ္ဆာန်ဥယျာဉ်သွားမယ်ဟု
မေ့ ကိုခေါ်ပြီးမှ တိရိစ္ဆာန်ရုံရောက်မှ စိတ်တိုစိတ်ဆတ်နေခြင်းများ၊ အစိမ်းရောင်မျက်ဝန်းများ။
အိုး မေထင်သလို လိုင်းကား ကျပ်၍စိတ်ရှုပ်ခဲ့ခြင်း ဟုတ်မှဟုတ်ပါလေစ။ စနေတနင်္ဂနွေရုံးပိတ်ရက်တိုင်း
ရေနံချောင်းမဖြစ်မနေပြန်ဖို့ တိုက်တွန်းတတ်ခြင်းမှာ အဘယ်သို့သော အကြောင်းအရာများ ကပ်ညိနေနိုင်ပါသလဲ။
တစ်လောကလုံးမှာ တစ်အူတုံဆင်းမောင်နှမရင်းဆိုလို့ ဒီညီအစ်မနှစ်ယောက် သာရှိတာလေ။ဘယ်လိုအကြောင်းတရားမျိုးကများ
မေ့သိက္ခာနဲ့ မေ့သစ္စာကို အရောင်ဆိုးဖို့ကြိုးစားနေခဲ့ပါသလဲ။
(၄)
ရက်စက်ခြင်း ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်ကို
မေ ရေးတေးတေးလေးတော့ သိပါပြီ ဟု ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်မိသည်။ ဟုတ်သည်။ ဘဝတွင်
အချစ်၊ အလွမ်း၊ အမုန်း၊ မေတ္တာတရားနှင့် တကွ ရက်စက်ခြင်းဆိုသည့် ခံစားချက်လေးကိုပါ ခံစားရမိမှ
ခံစားချက်စုံသည့် ဘဝဟု ခေါ်လေသည်မဟုတ်ပါလား။ ယခုက သာမန်ရက်စက်ခြင်းပင်မဟုတ်၊ အနှိုင်းမဲ့ရက်စက်ခြင်း။
အနှိုင်းမဲ့ရက်စက်ခြင်း ဖြစ်သည်။
“ရက်စက်တယ်” ဆိုသည့် စကားမှအပ “မမမွန် မို့ ရက်စက်ရက်တယ်” ဆိုသည့် စကားကိုပင်
မသုံးရက်ပါ။ တီးတိုးသာ ရေရွတ်မိနေသည်က “ရက်စက်တယ်” “ရက်စက်တယ်” “ရက်စက်တယ်” ဆိုသည့်
စကားသာဖြစ်သည်။
သိက္ခာ ဆိုသည့်အရာကို မေက လေးလေးနက်နက်မထားပါ။
သို့သော် တန်ဖိုးလည်း မနှိမ့်ချခဲ့ပါ။ မေ့အနေအထိုင်သည် မမမွန်အတွက် ဆူးခလုတ်ကန်သင်းဖြစ်ခဲ့ပါသလား။
သို့ဆိုလျှင်ဖြင့် လူငယ်ပီပီ မေကလည်း မေ့သိက္ခာလေးကို အရောင်တင်ပြချင်ပါသည်။ ကိုယ်ကိုယ်တိုင်
တလေးတနက် တန်ဖိုးမမြှင့်မိခဲ့သော်လည်း ကိုယ့်တန်ဖိုးကို သူများက လာချချိန်မှာတော့ ကောင်းကင်ထိရောက်အောင်
တကူးတကမတင်ထားရပါသော သိက္ခာတရားကို သစ္စာဆိုပြလိုက်ချင်စမ်းသည်။ မေသည် မမမွန်ကိုယ်တိုင်
ထမင်းခွံကျွေးခဲ့ဖူးသော ဝမ်းမနာသမီးတစ်ယောက်ဖြစ်နေခဲ့သည်ကို မမမွန် မေ့နေလျော့သလား။
မမမွန်ကိုယ်တိုင် ရေချိုးသုတ်သင်ပေးခဲ့ဖူးသည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်ကို မမမွန်မေ့နေလျော့သလား။
မမမွန် သွေးလိမ်းပေးသော သနပ်ခါးပါးကွက်ကျားလေးဖြင့် ကျောင်းတက်ခဲ့သူဆိုသည်ကို မမမွန်
မေ့များမေ့လျော့နေလေသလား။
ထိုအတွေးဖြင့် မျက်ဝန်းတွင် မျက်ရည်က အိခနဲဝိုင်းသည်။
ထိုမျက်ရည်ဝိုင်းလေးတို့ကို ကနဦးအစကလိုပင် တားနိုင်လိုတားနိုင်ငြားဖြင့် ကောင်းကင်ကို
မော့ကြည့်လိုက်သည်။ ကောင်းကင်ကြီးကတော့ ပြာလွင်ဆဲ…။
ရည်ဝေ(လင်းရောင်ခြည်)
Monday, 13 January 2014
အချစ်က ဂလိုဘယ်ဖြစ်ပေမယ့်...
(၁)
“အိုး သူလည်း စနေပဲတဲ့လား”
မပီမသ တီးတိုးရေရွတ်မိရင်း နွေး အံ့သြစွာ ပြုံးမိလိုက်သည်။ ကြည့်ပါဦး ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့ ကံတရားလဲ။ သူနှင့် နွေး၏မွေးနေ့၊မွေးရက်ဟာ နှစ်မတူပါပဲ တစ်ထပ်တည်း ကျနေသည် တဲ့လေ။ ကွန်ပျူတာမှာ ချရိုက်လိုက်မိသည့် ရက်စွဲလေးနှစ်ခုကို ကြည့်ရင်း နွေးရင်ထဲံ တစ်စုံတစ်ခုသည် အသံမပေးဘဲ အနီးသို့ရောက်လာဟန်ရှိ၏။ နှစ်သက်သဘောကျစွာပြုံးမိရင်း ကွန်ပျူတာဖန်သားပြင်မှ မွေးနေ့လေးနှစ်ခုကို ဒိုင်ယာရီစာအုပ်ပေါ်သို့ ကူးချလိုက်မိတော့သည်။
Saturday, 28, 1986
Saturday. 28, 1980
“အိုး သူလည်း စနေပဲတဲ့လား”
မပီမသ တီးတိုးရေရွတ်မိရင်း နွေး အံ့သြစွာ ပြုံးမိလိုက်သည်။ ကြည့်ပါဦး ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့ ကံတရားလဲ။ သူနှင့် နွေး၏မွေးနေ့၊မွေးရက်ဟာ နှစ်မတူပါပဲ တစ်ထပ်တည်း ကျနေသည် တဲ့လေ။ ကွန်ပျူတာမှာ ချရိုက်လိုက်မိသည့် ရက်စွဲလေးနှစ်ခုကို ကြည့်ရင်း နွေးရင်ထဲံ တစ်စုံတစ်ခုသည် အသံမပေးဘဲ အနီးသို့ရောက်လာဟန်ရှိ၏။ နှစ်သက်သဘောကျစွာပြုံးမိရင်း ကွန်ပျူတာဖန်သားပြင်မှ မွေးနေ့လေးနှစ်ခုကို ဒိုင်ယာရီစာအုပ်ပေါ်သို့ ကူးချလိုက်မိတော့သည်။
Saturday, 28, 1986
Saturday. 28, 1980
Thursday, 28 November 2013
တစ်နေ့မှာ..
“တစ်နေ့မှာ”
ပွဲတော်သည် အလင်းများပြန့်ကြဲစွာဖြင့် လင်းလက်လှပလွန်းနေသည်။
ပွဲတော်ကို ရောက်လာရာလမ်းသည် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား ခင်းမထားပါ။ ပွဲတော်သို့လာရာလမ်းသည်
အနည်းငယ်ကြမ်းရှရှနိုင်သော သဲတို့ ဖြန့်ခင်းထားပြီး ဖိနပ်မပါခြေဗလာများဖြင့် လာသူများသည်ကိုတော့
သတိထားမိသည်။ မည်သို့ပင်ဖြစ်စေကာမူ ပွဲတော်သည် ကြီးကျယ်ခမ်းနားစွာ လင်းလက်လှပနေသည်ကတော့အမှန်ပင်ဖြစ်သည်။
အပြုံးသည် ပွဲတော်အတွက် တည်ခင်းဧည့်ခံသည့် အစာအာဟာရဖြစ်သည်ဟု
ဆိုချင်သည်။ နေရာတိုင်းတွင် ရှိနေသော အပြုံးတို့သည် လာပါ၊ ယူပါ၊ ပြုံးလှည့်ပါဟု ခေါ်ငင်ဟန်ရှိ၏။
ပွဲတော်ရှိလူအများသည် ရုပ်သေများသဖွယ် ပြုံးချိန်တန်ပြုံးဖို့မှတ်ဥာဏ်အသွင်းခံထားရသည့်
သဏ္ဍန်ဖြင့် အသက်မဲ့အပြုံးကို တန်ဆာဆင်ထားသလိုရှိသည်။ ပွဲတော်တွင်ရောက်လာသူများ၏ ထူးခြားချက်မှာ
တာဝန်နှင့် လေးစားမှု ဆိုသည်ကို ဦးခေါင်းတွင် ချိတ်ဆွဲထားခြင်းပင်ဖြစ်သည်။
အပိုင်း(၁)
ပွဲတော်၏ လှုပ်ရှားမှုမှန်သမျှသည် ပုံသေကားချပ်ဆန်လွန်းလှ၏။
ပွဲတော်ကို အခမ်းအနားမှူးတစ်ယောက်၏ အသက်မဝင်သည့် လေသံနှင့် နှုတ်ခွန်းဆက်စတင်ထားသည်။ ပွဲတော်သို့ သီးသန့်လာရောက်သူများအပြင်
ပွဲတော်ကြီးမှူးကျင်းပရေးကော်မီတီ၊ ပွဲတော်တွင်းလှုပ်ရှားမှုမှန်သမျှ ကြည့်ရှုရေးကော်မီတီ
စသဖြင့် ပွဲတော်တွင်း အဖွဲ့ငယ်များဖွဲ့ထားပြန်သေးသည်။ ထို့ကြောင့်ပင်ပွဲတော်သည် ပွဲတော်ထက်
လွှတ်တော်အငယ်စားလေးနှင့်ပင် တူသွားသေး၏။
“ကျွန်တော်ကတော့ ကျွန်တော့်ဘဝကို စိုပြည်သာယာစေချင်တာပါပဲ
ဒီအတွက် ဘယ်သူတွေက ဘယ်လို ကြီးမှုးစောင့်ရှောက်ပေးမလဲ သိချင်တယ်”
အစိမ်းရောင်ကို အတော်ပင် နွမ်းသွေ့နေသည့် အရောင်ကိုဝတ်ဆင်ထားသော
တောင်တစ်လုံးက ထ၍ အဆိုပြုသည်။ အစိမ်းခြောက်ရောင်ဟု ခေါ်ဆို၍ ရနိုင်မည် ထင်၏။
“ဘယ်သူတွေက ခင်ဗျားရဲ့ စိုပြည်မှုကို ဖျက်ဆီးလိုက်တာလဲကော
မသိချင်ဘူးလား”
မခမ်းတခမ်းမြစ်တစ်စင်း၏အသွေးအသားကိုငုံထားသော ရေသန့်ဘူးတစ်လုံး၏
အမေးကို တောင်ကြီးက မသိကျိုးကျွံပြုနေသည်။ သူ့ကို ဖျက်ဆီးမည့်သူများသည်ပင် သူ့ကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူများဖြစ်သည်
ဟူသည့်အဖြေကိုတောင်ကြီး သိပါ၏။ ထို့အတွက်ပင် တောင်ကြီး မဖြေချင်၊ မဖြေရက်၊ မဖြေဝံ့ပါ။
Sunday, 24 November 2013
“မိစ္ဆာစီးနင်းခံ ည” (ဝါ) “အမှောင်ငတ်သူ….”
“မိစ္ဆာစီးနင်းခံ ည”
(ဝါ)
“အမှောင်ငတ်သူ….”
အရောင်တွေ မည်းနက်နေသည်လား။ အမည်းရောင်တွေလေပဲလား။ အမြင်အာရုံတစ်ခုလုံးသည်
အမည်းရောင်၏ ဖုံးအုပ်ထားမှုအောက် ကျရောက်နေသည်။
“အရောင်တွေဆာလိုက်တာ”
ရေဆာသည်ဆိုသည့် ခံစားချက်လိုပင် သူယခု အရောင်တွေ ဆာနေသည်။
ကြည့်လေရာမြင်လေရာတိုင်းသည် အမည်းရောင်။ ပိန်းပိတ်အောင် ထူထပ်နေသည့်အမှောင်မဟုတ်။ အမှောင်အုပ်ဆောင်းအောက်
ကျရောက်နေသည့် ကြက်တစ်ကောင်ပမာ ခံစားနေရသည်။ အောက်အီးအီးအွတ်ဟု ကြက်ကအော်လျှင် လူအများက
ကြားနိုင်သေးသည်။ သူသည်ကော။ ဒီအမည်းရောင်အုပ်ဆောင်းအောက်က လွတ်ဖို့ ဘယ်လိုအော်ရမလဲ
ဟု အပြင်းအထန်စဉ်းစားနေမိသည်။
ငှက်ဆိုသည်မှာ ပျံရင်းသေ၊လူဆိုသည်မှာ ကြံရင်းသေသတဲ့။ ရှေးခေတ်စာပေမှာ
ဖတ်ခဲ့ဖူးသည်။ ယခု သူ အမည်းရောင်အုပ်ဆောင်းအောက် မနေချင်သည့်အတွက် ကြံစည်ရပေတော့မည်။
သူက လူကိုး။
……………..
“အရောင်တွေ ဆာလိုက်တာ”
Monday, 11 November 2013
“ဝက်ကလေး ပျော်ပါစေ”
ဝက်ကလေးကို ချစ်မိတာ ဘယ်က စခဲ့လဲ မသိဘူး။ ဒါပေမယ့် ချစ်မိတာကတော့ သေချာနေပါပြီ။ ဝက်ကလေးက နားရွက်ဖါးဖါးလေးရှိတယ်။ နောက် အရပ်မြင့်တယ်။ ထူးခြားတာကတော့ ကိုယ့်ခန္ဓာကိုယ်ထက် သုံးဆလောက်ဝနေတဲ့ ခန္ဓာကိုယ်ပါပဲ။ ဟုတ်တယ်။ ဝက်ကလေးဆိုတာ ကိုယ်ချစ်စနိုးခေါ်တဲ့ နာမည်လေး။ သူက ကိုယ့်လို လူသားလေးတစ်ယောက်ပေါ့။
စာရေးဆရာမအပျိုကြီး၏တစ်နေ့တာ
“အချစ်ဟာ ဘဝကို
ထိန်းချုပ်ပဲ့နှင်ပေးတဲ့ အရာ မဖြစ်သင့်ဘူး လမ်းလွဲလိုက်မှာစိုးလို့ ဘေးကနေ
တစ်ချက်တစ်ချက်မှာ ထိန်းမတ်နိုင်တယ် ဆိုတဲ့ အနေအထားပဲရှိသင့်တယ်။ တကယ်ဆို
အချစ်ဟာ စိတ္တဇနာမ် သက်သက်ပဲ သူမရှိလည်း အသက်ရှင်လို့ရတာပဲ”
Tuesday, 22 October 2013
စိတ်ရဲ့အနးသတ်
“စိတ်ရဲ့အနားသတ်”
ဟောဒီရင်ဘက်ထဲက အောင့်သက်နေတာပဲ။ ကိုကို့အတွက် ကျွန်မ
တစ်စုံတစ်ရာအရေးပါခဲ့သလားဟင်။ သိချင်လိုက်တာ ကိုကို။
မိန်းမသားတဲ့။ ချစ်သူကို ချစ်တယ် ဟု ဖွင့်ပြောခွင့်မရခြင်းမှာ
သိက္ခာတရားပါသည်။ အစဉ်အလာပါသည်။ လူတစ်ယောက်ကို မည်မျှပင် မြတ်နိုးခဲ့စေကာမူ ကိုယ်ကစ၍
ချစ်ပါတယ် လို့တော့ ဖွင့်ပြောခွင့်မရ။ ဖွင့်ပြောခဲ့လျှင်လည်း ထိုမိန်းကလေးသည် မိန်းမသားတို့စောင့်ထိန်းအပ်သည့်
အစဉ်အလာကို ချိုးဖျက်ခြင်းဖြစ်သည်။ ထိုမိန်းကလေးအပေါ်မှာလည်း တဖက်ယောက်ျားသားက အထင်သေးသွားနိုင်ပါသည်။
သိသည်။ ဦးနှောက်ကြီးက သိသည်။ နှလုံးသားက ထိန်းရခက်နေသည်။ ကဲ ဘယ်လိုလုပ်မလဲလေ။
“သူနဲ့ ငါက အရင်က ညီအစ်မလို နေလာတာ ငါနဲ့ကိုအောင်နဲ့ ချစ်သူဖြစ်တာ
ဖွင့်မပြောပြပေမယ့် သူသိတာပဲ သူသိသိကြီးနဲ့ ကိုအောင့်ကို…”
စကားဆက်မဆိုတော့သော သူငယ်ချင်းကို ငေးကြည့်နေမိသည်။ အိုး
ကျွန်မကော ကိုကို့မှာ ချစ်သူရှိမရှိ သေချာမသိပဲနဲ့များ မျက်ကန်းမြတ်နိုးနေဖြစ်ခဲ့တာလား။
သို့ဆိုလျှင်တော့ မဖြစ်သေး။ ကျွန်မ အချစ်ဓါးမြ မဖြစ်ချင်ပါ။ ကိုကို့ကို ဘယ်လောက်လွမ်းလွမ်း၊
ကိုကို့ကို လွမ်းပါသည် ဟု သတိတရထုတ်မပြောတတ်ခဲ့ပါ။ ကိုကိုရှိရာနေရာသို့သွား၊ ကိုကို့မျက်နှာလေးမြင်ခွင့်ရလျှင်ပင်
ကျေနပ်တတ်ခဲ့တာဖြစ်သည်။ ကိုကို့ဆီက ချစ်တယ်ဆိုသည့်စကားတစ်ခွန်းကို သေလုအောင် မျှော်လင့်ရပါသည်။
သို့သော် ကိုကိုပြောတတ်သည့် စကားလေးကဲ့သို့ပင်။ ကျွန်မစိတ်ကို အဖြူရောင်ဆိုးထားပါသည်။
“အလိုလောဘဆိုတာ သံယောဇဉ်လည်းဟုတ်တယ်
အချစ်လည်းပါလာတယ် မချစ်လို့မခင်လို့ မုန်းလို့ဆိုရင်
ကြေကွဲရရော ခံစားနေရရရော လိုချင်တာမရရင်
ဖြစ်နေတဲ့လူ့စိတ်တွေဆိုတာ ပြာမှုန့်လေးတွေလိုပဲ
ဖြူတယ်လို့ထင်ရပေမယ့် အပြာဖက်လုပြီးအထိမခံဘူး လွှင့်မြောနေတတ်ကြတာ” တဲ့။ ကိုကိုက စိတ်ခံစားမှုအား ကောင်းသည်။ ထိရှလွယ်တတ်သည်။ ကိုကို့နှင့် ကျွန်မ ခင်မင်ခဲ့ကြသည်မှာ ပြင်ပလူနေမှုဘဝတွင်မဟုတ်ပဲ မဂ္ဂဇင်းတစ်စောင်၏ စာပေးစာယူကဏ္ဍမှာ သိကျွမ်းခဲ့ရခြင်းဖြစ်သည်။ စာပေဝါသနာပါသူချင်းမို့ ပိုလို့ပင်ရင်းနှီးခဲ့ကြသည်။ နေရပ်ဌာနချင်းလှဲလှယ်ကြတော့မှ ကိုကိုနှင့် ကျွန်မက ရန်ကုန်မြို့ကြီးထဲတွင်နေထိုင်ကြကြောင်း သိရတော့သည်။ ကိုကိုဘာအလုပ်လုပ်လဲ ကျွန်မ မသိသလို ကျွန်မ ဘာအလုပ်လုပ်လည်း မပြောဖူးပါ။ ကျွန်မသိသည်က ကိုကို ဆိုသည့် ကလောင်အမည်ဖြင့် ကဗျာရေးသည့် ကိုကို။ ကိုကိုသည်က ဝေ ဆိုသည့် နာမည်ဖြင့် ကဗျာရေးသည့် ဝေ။
ဖြူတယ်လို့ထင်ရပေမယ့် အပြာဖက်လုပြီးအထိမခံဘူး လွှင့်မြောနေတတ်ကြတာ” တဲ့။ ကိုကိုက စိတ်ခံစားမှုအား ကောင်းသည်။ ထိရှလွယ်တတ်သည်။ ကိုကို့နှင့် ကျွန်မ ခင်မင်ခဲ့ကြသည်မှာ ပြင်ပလူနေမှုဘဝတွင်မဟုတ်ပဲ မဂ္ဂဇင်းတစ်စောင်၏ စာပေးစာယူကဏ္ဍမှာ သိကျွမ်းခဲ့ရခြင်းဖြစ်သည်။ စာပေဝါသနာပါသူချင်းမို့ ပိုလို့ပင်ရင်းနှီးခဲ့ကြသည်။ နေရပ်ဌာနချင်းလှဲလှယ်ကြတော့မှ ကိုကိုနှင့် ကျွန်မက ရန်ကုန်မြို့ကြီးထဲတွင်နေထိုင်ကြကြောင်း သိရတော့သည်။ ကိုကိုဘာအလုပ်လုပ်လဲ ကျွန်မ မသိသလို ကျွန်မ ဘာအလုပ်လုပ်လည်း မပြောဖူးပါ။ ကျွန်မသိသည်က ကိုကို ဆိုသည့် ကလောင်အမည်ဖြင့် ကဗျာရေးသည့် ကိုကို။ ကိုကိုသည်က ဝေ ဆိုသည့် နာမည်ဖြင့် ကဗျာရေးသည့် ဝေ။
အို သူငယ်ချင်း မျက်ရည်တွေ ကျနေပါပေါ့ကော။ အချစ်ကြောင့်
မျက်ရည် ကျခဲ့ဖူးသလား ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ချင်လာသည်။
“ငါ ဘာလုပ်ရမလဲဟင်”
“သူ ငါ့အပြင်တွဲတာ ဒီတစ်ယောက်တည်းမဟုတ်ဘူး ဒီတစ်ယောက်ရှေ့မှာကို
လေးငါးခြောက်ယောက်လောက်ရှိတယ်”
ဘာဖြေရမလဲ မသိတတ်စွာနှင့် သူငယ်ချင်းနှင်း ကို ငေးကြည့်နေမိသည်။
“သူက ငါ့ကိုသစ္စာဖေါက်ချင်တာမဟုတ်မှန်းသိတယ် ခက်တာက သူက
ကောင်မလေးတွေ ရောလာရင် ပြန်ရောတတ်တာ တစ်ဖက်ကကောင်မလေးက သူ့ကို ကြွေနေပြီဆိုတော့လည်း
သူနောက်မဆုတ်ဘူး အလကားရတဲ့နွား သွားဖြဲကြည့်စရာလားဆိုပြီး သူတွဲတာပဲ သူ အမြဲပြောလေ့ရှိတယ်
သူ တကယ်ချစ်တာက နှင်းတစ်ယောက်တည်းပါတဲ့ ငါ ….ငါ သည်းမခံနိုင်ဘူးဟာ”
အိုး။ ကြောက်ဖို့ကောင်းလိုက်တာ။ ကိုကိုကော ဝေက ပြုံးပြနေတယ်ဆိုရင်
ဝေ့ကို ဒီလိုအတွေးမျိုးတွေးမှာလားဟင်။ သူ့ကို လာကြွေပြနေတဲ့ ကောင်မလေးဆိုပြီး တွေးမှာလား။
ခက်လိုက်တာ။ ရှက်ဖို့ကောင်းလိုက်တာနော်။ တကယ်သာ အဲဒီလိုဆို ကျွန်မ သိက္ခာက မြောင်းပေါ်မှာတဲတဲလေးပဲ
ကျန်တော့မှာပေါ့။ မြောင်းထဲရောက်မသွားအောင် ပြန်ဆယ်ရမည်။ ပြန်ဆယ်ရပါမည်။
မှတ်မိသေးသည်။ ကိုကိုနှင့် အတူတူခင်ခဲ့ရသော စာပေးစာယူစာပေသမားများနှင့်တွေ့ဆုံတော့
ဝေဆိုသည့် ကျွန်မကို ကိုကို သိပ်မခင်မင်ခဲ့ပါ။ သို့သော် တဖြည်းဖြည်းခင်မင်မှုသက်တမ်းရင့်လာချိန်မှာတော့ ကိုကိုနှင့်ကျွန်မ အကြား ခင်မင်မှုတို့တိုးလာသည်သာဖြစ်၏။
ထို့အတူ ကျွန်မက မိန်းကလေးတန်မဲ့ အို ဆက်မတွေးချင်တော့။
သို့သော် အမြင်မှာပေါ်လာသည်က ကိုကို။ ခု ကျွန်မရဲ့သူငယ်ချင်းလိုမျိုး သူ့မှာ မိန်းကလေးတစ်ယောက်သာ
ရှိနေခဲ့မယ်ဆိုရင်……….။
“ငါ သွားတော့မယ်ဟာ ဒီအကြောင်းတွေ ဘယ်သူ့မှမပြောနဲ့နော်
မခံစားနိုင်လွန်းလို့ နင့်ဆီမှာရင်ဖွင့်ရတာ”
မျက်ရည်စက်လက်နှင့် ထွက်ခွာသွားသော သူငယ်ချင်းကို ခေါင်းညိတ်ပြရုံကလွဲ၍
မတတ်နိုင်ခဲ့။ ကျွန်မ ကော အချစ်ဓါးပြ ဖြစ်လုဖြစ်ခင်လား ဆိုသည်ကိုတော့ သေချာစွာ ဆန်းစစ်ရပါဦးမည်။
---------------+++++++++++++++++++++++++++---------------------------
ကိုကို့နှုတ်ခမ်းလေးတွေ ပြုံးနေသည်။ ကိုကို့မျက်ဝန်းလေးတွေ
ပြုံးနေသည်။ ကိုကို့စကားသံလေးတွေ ပြုံးနေသည်။ သို့သော် ကျွန်မအတွက်တော့ မဟုတ်ခဲ့။ ကိုကို့အာရုံတစ်ခုလုံး
သူကိုင်ထားသည့် ဖုန်းပေါ်မှာသာ ရှိသည်။ ရေသနှ်ုဗူးထဲမှ ရေကိုဖန်ခွက်ထဲထည့်ရင်း ကိုကို့ရှေ့တိုးပေးတော့
ကိုကိုက မော့ကြည့်လာသည်။ သို့သော် ခဏသာ။
“ဟိတ် ရောက်တာကြာပြီလား ဒီနေ့မှဟာ အိမ်မှာ နည်းနည်းရှုပ်နေလို့
နောက်ကျသွားတာ ဆောတီးသူငယ်ချင်းရယ် တောင်းပန်တယ်နော် ကိုကို”
နှင်းကိုတောင် ခေါင်းလေးသာ ဆတ်ပြသော ကိုကို့ကိုကြည့်ရင်း
ဘာရယ်မဟုတ်ပါပဲ ဝမ်းနည်းလာမိသည်။ ဖုန်းလေးတစ်လုံးဆီကတောင် အာရုံမလွှဲပြောင်းနိုင်တဲ့
ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းစွာ အချစ်ဓါးပြဖြစ်လေမလား တွေးကြောက်နေသေးသည်။
တကယ်ဆိုကိုကို့အတွက် ကျွန်မသည် ခင်မင်မှုပြယုဂ်တစ်ခုသာ ရရှိထားသည်ဖြစ်သည်မဟုတ်လား။
“ဒီလို ကိုကိုရဲ့ ကျွန်မနဲ့ဝေနဲ့ ကဗျာစာအုပ် ထုတ်ချင်တာ
အဲဒါ ကဗျာလေးတွေ ရွေးပေးပါ့လား လို့ အကူအညီတောင်းချင်လို့ ချိန်းလိုက်တာ ကိုကိုက ကျွန်မတို့ထက်
ရွေးချယ်နိုင်စွမ်းရှိတယ်လေ”
ဘာရယ်။ နှင်း…. နှင်း ရက်စက်ပြီဖြစ်သည်။ ကဗျာတွေမှာ ကို့ကို့အငွေ့အသက်တွေပါသည်။
ကိုကို့အရိပ်တွေ ပါသည်။ တစ်ပုဒ်တည်းကြည့်လျှင်မသေချာသော်လည်း ထပ်ခါထပ်ခါတွေ့ပါများသည့်အခါ
သည်ချစ်ခြင်းဖွဲ့ကဗျာတွေမှာ ကိုကို့အရိပ်အယောင်တွေပါတာ ကိုကိုသိသွားနိုင်လေမလား။
ကိုကို ခေါင်းမညိတ်ပါနဲ့၊ အလုပ်များတယ်ဆိုပြီးခေါင်းခါပေးပါ။
ကိုကို့ဆီ အလန့်တကြားကြည့်ရင်း မျက်ဝန်းများဖြင့်တောင်းဆိုနေမိသည်။ ကိုကို နားလည်မှာလားဟင်။
“အိုခေ ကူညီရတာပေါ့ ကဗျာတွေ ရွေးပေးရုံပဲ မဟုတ်လား ကဗျာတွေ
ပေးထားလေ တစ်ယောက်ကို ဘယ်နှစ်ပုဒ်လဲဆိုတာလဲ ပြောဦး”
“ရော့ ဒီမှာ စတစ် ယူလာတယ် ကွန်ပျူတာနဲ့ ဖွင့်ကြည့်လိုက် တစ်ယောက်ကို ၁၅ ပုဒ်စီသုံးမယ်လို့ စဉ်းစားထားတာပဲ အဲဒီမှာ စိတ်ကြိုက်ရွေးပေးပေတော့ ”
“ရော့ ဒီမှာ စတစ် ယူလာတယ် ကွန်ပျူတာနဲ့ ဖွင့်ကြည့်လိုက် တစ်ယောက်ကို ၁၅ ပုဒ်စီသုံးမယ်လို့ စဉ်းစားထားတာပဲ အဲဒီမှာ စိတ်ကြိုက်ရွေးပေးပေတော့ ”
ဘုရားရေ ကျွန်မ တားလို့ မရတော့ဘူးလား။ ဇွတ်ဖြတ်လိုက်ရင်တော့
ကိုကိုက ကျွန်မကို တမျိုးမြင်သွားနိုင်ပါသည်။။
“ကဲ မိရွှေချော ဘယ်ထိ ထိုင်နေဦးမှာလဲ ကိုကိုတောင် ပြန်သွားပြီ
သူ အလုပ်ရှိလို့ဆိုလားပဲ ညည်းက ခုထိ ထိုင်နေတုန်း ပြီးရင် ဒို့တွေ တစ်နေရာရာလစ်အောင်လေ”
နှင်းစကားကို ခေါင်းညိတ်ပြလိုက်မိသော်လည်း ရင်မှာ တထိတ်ထိတ်။
မှတ်မှတ်ရရ မေးလိုက်မိသည်ကိုက ကျွန်မအမှားလား။ စိတ်မှာတော့ ဆတ်ခနဲ ဖြစ်သွားသည်မှာ သေချာပါသည်။
“နင်နဲ့ နင့်ချစ်သူအခြေအနေ ဘယ်လိုလဲ”
“ငါက တစ်ခုခုကို ပြတ်အောင်လုပ် လို့ ပြောလိုက်တာကို အင်းမလှုပ်အဲမလှုပ်နဲ့ တစ်ဖက်ကောင်မလေးကိုလည်း မဖြတ်ရက်ဘူး
ငါ့ကိုလည်း မဖြတ်ချင်ဘူးတဲ့ဒါဆိုလည်း ငါက ဖြတ်မယ်ဆိုတော့ လည်း မရပြန်ဘူး စိတ်ညစ်တယ်ဟာ
အဲဒီကောင်မလေးတွေ တစ်နေ့ဝဋ်ပြန်လည်လိမ့်မယ်သိလား တပါးသူချစ်ခြင်းကို ဖြိုခွဲတဲ့ မိန်းကလေးတွေ
သူတို့ကိုကြည့်ပြီးတွေးမိတယ်သိလား ဘာ့ကြောင့်များ သူတပါးအိမ်ထောင်ရေးကို လိုက်ဖျက်ဆီးနေကြတာလဲလို့
သူတို့ငရဲမကြောက်ဖူးလားမသိ”
ကိုကို့မှာ ချစ်သူရှိခဲ့ရင် ထိုသူမလည်း ဒီလိုအတွေးမျိုးတွေးနေပါလိမ့်မည်။
ကျွန်မ ခြေလှမ်းတို့ တဖြည်းဖြည်းလေးလံလာသည်ကို ကိုယ့်ဘာသာသိ၏။ နှလုံးသားကတော့ ဝုန်းဒိုင်းဆန်ဆူညံတုန်း။
ကျွန်မကော မသိလိုက်မသိဘာသာငရဲတောထဲများ ဆင်းမိခဲ့ပြီလား ……။
--------------------+++++++++++++++++++++++++++++++++---------------------
“တိုးဖွဖွ
ဆိုပြခဲ့သော သီချင်းများ နှလုံးသားဖြင့်ကြားနာခဲ့ အချစ်ပင်လယ်ကို သူခွင့်မပြုလည်း ခြေစုံပစ်ပြီးခုန်ဝင်ပစ်လိုက်တယ်
တစ်ဘက်သတ်အချစ်ဟာလည်းရိုးသားမှုနဲ့ဖြစ်တည်လာတဲ့ ချစ်ခြင်းပဲ မဟုတ်လား...။”
ဒီကဗျာလေးရောက်ရင် ကိုကို
သိလောက်မလား။ ဒါမှမဟုတ်ဟိုကဗျာလေးရောက်ရင် သိလောက်မလားဆိုသည့် အတွေးမျိုးစုံနှိပ်စက်လျှက်
ပူလောင်လွန်းလှသည်။
“လှည့်မကြည့်မိချင်သော
နှုတ်ဆက်စကားများ လက်မပြချင်သော လမ်းခွဲများ ငှက်ကလေးရေ ခင်ဗျားနဲ့ပတ်သတ်ရင် ကျွန်တော်ဟာ
အဲဒီလောက်ထိ ရူးတဲ့သူပေါ့ နှုတ်ဆက်ခြင်းကို မုန်းတယ်”
ကိုကို့ကို ငှက်ကလေးဟု အမည်တပ်၊ ကိုကို့အတွက်စာတွေ ရေးခဲ့မိတာ မှားလေပြီလား။ နှင်း ကျွန်မကို ဘာ့ကြောင့်များအသိမပေးခဲ့ပါသလဲ။ သိမ်ငယ်စိတ်တို့ဖြင့် ပူလောင်လွန်းလှသည်။ သိက္ခာတရား၏ အဆိပ်ဆိုသည်မှာ ဒါကို ခေါ်လေသလား။ ကိုကိုများသိသွားခဲ့လျှင်ဆိုသည့်အတွေးများးဖြင့်
ကိုကို့ကို ငှက်ကလေးဟု အမည်တပ်၊ ကိုကို့အတွက်စာတွေ ရေးခဲ့မိတာ မှားလေပြီလား။ နှင်း ကျွန်မကို ဘာ့ကြောင့်များအသိမပေးခဲ့ပါသလဲ။ သိမ်ငယ်စိတ်တို့ဖြင့် ပူလောင်လွန်းလှသည်။ သိက္ခာတရား၏ အဆိပ်ဆိုသည်မှာ ဒါကို ခေါ်လေသလား။ ကိုကိုများသိသွားခဲ့လျှင်ဆိုသည့်အတွေးများးဖြင့်
“ငှက်ကလေးက
လူကြီးဆန်ပါ
ရင့်ကျက်ပါ ကျွန်တော့်ရဲ့ ဒိသာပါမောက္ခ သင်ပြပေးပါ ကျွန်တော် လူငယ်ဆန်လွန်းသွားရင်
ကျွန်တော့်ကို ဆူပါငေါက်ပါ။
သစ်ပင်က မရင့်ကျက်သေးဘူး ဟိုလူးဒီလူး ဆယ်ကျော်သက်အရူးလေးပါ ဒါပေမယ့်လည်း အကြီးကြီး ချစ်တတ်တယ် ခိုင်ခိုင်မြဲမြဲ။
ငှက်ကလေးရေ ကျွန်တော်က သစ်ပင်ငယ် စိတ်လည်းငယ်တယ် ကျွန်တော့်စိတ်ရဲ့ ကြီးမြတ်မှုဟာ ဝလုံးလေးတွေ မြင်မိတိုင်းသိမ်ငယ်သွားရ ဝန်တိုမှုမဟုတ်ဘူး အားလျော့မှုပါ။
ငှက်ကလေးရေ မပြီးသေးတဲ့ဒီကဗျာတွေကို အစကနေ သေချာဖတ်ကြည့်လာခဲ့ ကဗျာထဲက စကားတွေနားလည်ရဲ့လား
နားမလည်ရင် တစ်ခေါက်ထပ်ပြောမယ် ကျွန်တော်က ဆယ်ကျော်သက်အရူးလေးပါ ဒါပေမယ့် စိတ်ကူးမယဉ်ဘူး
အချစ်တစ်ခုကို ရူးရူးမိုက်မိုက် ဖူးပွင့်မိယုံတင်။”
ကျွန်တော့်ကို ဆူပါငေါက်ပါ။
သစ်ပင်က မရင့်ကျက်သေးဘူး ဟိုလူးဒီလူး ဆယ်ကျော်သက်အရူးလေးပါ ဒါပေမယ့်လည်း အကြီးကြီး ချစ်တတ်တယ် ခိုင်ခိုင်မြဲမြဲ။
ငှက်ကလေးရေ ကျွန်တော်က သစ်ပင်ငယ် စိတ်လည်းငယ်တယ် ကျွန်တော့်စိတ်ရဲ့ ကြီးမြတ်မှုဟာ ဝလုံးလေးတွေ မြင်မိတိုင်းသိမ်ငယ်သွားရ ဝန်တိုမှုမဟုတ်ဘူး အားလျော့မှုပါ။
ငှက်ကလေးရေ မပြီးသေးတဲ့ဒီကဗျာတွေကို အစကနေ သေချာဖတ်ကြည့်လာခဲ့ ကဗျာထဲက စကားတွေနားလည်ရဲ့လား
နားမလည်ရင် တစ်ခေါက်ထပ်ပြောမယ် ကျွန်တော်က ဆယ်ကျော်သက်အရူးလေးပါ ဒါပေမယ့် စိတ်ကူးမယဉ်ဘူး
အချစ်တစ်ခုကို ရူးရူးမိုက်မိုက် ဖူးပွင့်မိယုံတင်။”
ကဗျာနဲ့ပက်သတ်လာရင် ကိုကိုက
ကျွန်မအတွက်တော့ ဆရာသာ ဖြစ်သည်။ ကိုကိုသင်ပေးသည့် စကားအသုံးအနှုန်းတွေကို လေ့လာသင်ယူရင်း
ကိုယ်ရေးသည့်ကဗျာလေးတွေ တစ်နေ့တစ်ခြားလှလာတာကိုကြည့်၍ ကြည်နူးရတာဖြစ်သည်။ ခုတော့ ကဗျာရေးခြင်း၏
အနှစ်သာရကိုလည်း မေ့ပြီဖြစ်သည်။ ကိုကို ကျေးဇူးပြုပြီး ကျွန်မရဲ့ ချစ်ခြင်းကဗျာတို့ကို
မျက်ကွယ်ပြုနိုင်ပါစေဟုသာ ဆုတောင်းနိုင်တော့သည်။
“ဟိတ် ဒေါ်ဝေ ကွန်ပျူတာကြီးရှေ့မှာချပြီး
ဘာတွေတွေးနေတာလဲ”
“ဟင့်အင်း ဘာမှမဟုတ်ပါဘူး
ဒါ့ထက် နှင်း ငါ ပြောစရာရှိတယ်”
“ပြောလေ ဘာပြောမလို့လဲ
”
“ငါနောက်ဆို မြို့ထဲကို
ခုလိုမလာနိုင်လောက်တော့ဘူး ငါ့အလုပ်စပြီလေ ဆိုင်ဖွင့်တော့မယ် ဒါကြိုပြောတာပါ တခြားသူတွေနဲ့
တွေ့ဆုံဖို့တော့မလွယ်လှတော့ဘူး နင်ကတော့ ငါနဲ့တွေ့ချင်ရင် အိမ်လာခဲ့လို့ရတာပဲ ဖြစ်တယ်မဟုတ်လား
ကဗျာစာအုပ်ကလည်း ကိုကို့ဆီက ကဗျာတွေ ပြန်ယူရင် ကိုယ့်ဘာသာယူလိုက်တော့နော် စာအုပ်အပ်တာဘာညာဖြစ်တယ်မဟုတ်လား”
ခေါင်းညိတ်ပြသော နှင်းကိုကြည့်ရင်း
ပြုံးလိုက်မိသည်။
“အရေးအကြီးဆုံးအချက်က ငါ့အိမ်ကို
နင်တစ်ယောက်ပဲ လာခဲ့နော် ကျန်တဲ့ ဘယ်သူ့မှ ခေါ်မလာနဲ့နော် ဟုတ်လား”
ဘာ့ကြောင့်လဲ မမေးလို့ ကျေးဇူးပါ
နှင်းရယ် ဟု ဖြေသိမ့်တွေးလိုက်ရင်း။
------+++++++++++++++++++++++++++--------------------
“ငှက်တစ်ကောင်ရဲ့အိပ်မက်
ပျံသန်းခြင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သစ်ပင်တစ်ပင်ရဲ့အိပ်မက်ကတော့
ငှက်တစ်ကောင်ရဲ့ဘေးနားရှိနေချင် ခဲ့တယ် အဲသလောက်ထိ ရိုးစင်းခဲ့ပါတယ်။”
ငှက်တစ်ကောင်ရဲ့ဘေးနားရှိနေချင်
ကွန်ပျူတာစခရင်မ်မှာမြင်နေရသည့်
ကဗျာစာအုပ်မျက်နှာဖုံးမှစာသားကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိသည်။ ဒီစကား၊ ဒီစာသားကိုမှ
ရွေးရလားဟင်ဟုလည်း အပြစ်မဆိုဝံ့တော့ပြီ။ ကျွန်မကို မပြောမဆိုနှင့်ခေါ်လာသည့် နှင်းကိုသာ
ဒေါသထွက်နေမိတော့သည်။ ထို့နောက် ကျွန်မကို ငေးငေးရီရီကြည့်နေသည့် ကိုကို့မျက်ဝန်းများမှ
ရှောင်ထွက်လိုက်ရင်း
“စာအုပ်မျက်နှာဖုံးလေး လှသားပဲ
နှင်း ကိုကို့ဆီရွေးခိုင်းတာ တကယ်မှန်ပြီထင်တယ်။”
“အင်း ဟုတ်တယ် လှတယ်”
မျက်ဝန်းတို့ကို ကွန်ပျူတာဆီသာ
ပို့ထားရသည်။ ကိုကိုသိသလား၊ မသိဘူးလား ဆိုသည့် အဖြေကို ကျွန်မ တဒိတ်ဒိတ်ကြောက်ရွံ့နေခဲ့၏။
သိများသိခဲ့လျှင်ဟူသည့်အတွေးဖြင့် ထူပူရှိန်းတိန်းနေသော မျက်နှာသည် အနည်းငယ်တော့ နီရဲနေမည်မှာ
သေချာလှသည်။
“သြော် ဒါ့ထက် ပြောရဦးမယ်
တစ်ခါတည်း ကြိုနှုတ်ဆက်ထားတာ ကျွန်မ အရင်လို မြို့ထဲလာဖြစ်တော့မယ်မထင်ဘူး မုန့်ဝယ်ကျွေးခိုင်းချင်ခုထဲက
ဝယ်ကျွေးခိုင်းနော်”
ရယ်ဟဟပြောလိုက်သော ကိုယ့်အသံကိုယ်
အံ့သြချင်လှသည်။ ထို့အတူ ရုပ်ပျက်ဆင်းပျက်မနိုင်သည့်အတွက်လည်း ကျေနပ်သွားရသည်။
“ဒါဆိုလည်း စား၇ချည်သေးရဲ့”
ဟုဆို၍ မုန့်မှာနေသော ကိုကို့ကို ကြည့်ရင်း စိတ်အေးသွားရသည်။ နှင်းကတော့ မုန့်တွေ ပလုတ်ပလောင်းစားမြဲစားလျှက်။
သူ့ကောင်လေးနဲ့ အဆင်ပြေမပြေတောင်မမေးရသေးပါ့လား ဆိုသည့် အသိကြောင့် နှင်းအား အားနာသွားရသည်။
----------------+++++++++++++++++-------------------------
“ဒါဆို နောက်မှတွေ့မယ်နော်”
ဟု နှုတ်ဆက်သွားသော ကိုကို့နောက်ကျောကို ငေးကြည့်နေမိသည်။
ကိုကို့အတွက် ကျွန်မက တစ်စုံတစ်ရာ
အရေးပါခဲ့သလားဟင်။ ဘယ်လိုပဲ ကျောခိုင်းမယ်ပြောပြော ဒီမးခွန်းရဲ့ အဖြေကို သိချင်နေတုန်းပဲ။
ဖြေပါ လို့ မပြောရဲခဲ့ပါဘူး။ ငေးကြည့်ခွင့်လေး ဆုံးရှုံးပြီ ဆိုတဲ့ အသိနဲ့ပဲ ကျွန်မ
....။ ဟင့်အင်း။ ဝေ လို့ မခေါ်နဲ့တော့နော် ။ စိတ်ချလက်ချ နှုတ်ဆက်သွားပါရစေ။ လှည့်မကြည့်ကြေး။
လမ်းမှာတွေ့ရင်တောင် ပြုံးမပြနဲ့လို့ ဆုံးဖြတ်ပြီးသားမဟုတ်လား။ ဂွတ်ဘိုင် ကိုကို။
“ငါလည်း သွားဦးမယ် ကိုအောင်နဲ့
ချိန်းထားလို့”
နှင်းကို ခေါင်းညိတ်ပြလိုက်ရင်း
အငှားကားတစ်စီး တားလိုက်သည်။ ကျွန်မလည်း အိမ်ပြန်ရဦးမည်လေ။
တချို့က ဆိုကြသည်။ စိတ်ဆိုသည်မှာ
အနားသတ်မရှိတဲ့။ ကြီးမြင့်တဲ့ အလျဉ်နှင့် နေရာစုံရောက်အောင်သွားနိုင်သူ တဲ့။ တခြားအရာမှာတော့မသိ။
ချစ်ခြင်းတရားနှင့် ပတ်သတ်လာလျှင်တော့ စိတ်မှာ အနားသတ်ရှိပါသည်။ ဟုတ်သည်။ သိက္ခာတရား၊
အစဉ်အလာတို့ကို စိတ်၏ အနားသတ်ဟု ကျွန်မ ဆိုချင်လှသည်။ အချစ်နှင့်ပတ်သတ်သည့် သိမ်ငယ်ဆိပ်ကို
ကျွန်မဆက်လက်ထမ်းပိုးမထားလိုတော့။ တစ်ဖတ်သတ်ဆိုသည့်ချစ်ခြင်းက ကန့်သတ်နယ်အတွင်းသို့
ရောက် မရောက် ကျွန်မ မသိပါ။ မိန်းမသားတစ်ယောက်အတွက်တော့ ကန့်သတ်နယ်သို့ရောက်သွားပြီထင်မိ၏။
“နောက်ဆို ကျွန်မ အပြင်ထွက်ဖြစ်မယ်မထင်ဘူး
အိမ်ထဲပဲ အောင်းနေဖြစ်မှာ”
“နောက်ဆို ကျွန်မ ကိုကိုနဲ့
တွေ့ဖို့မလွယ်ဘူးထင်တယ် အလုပ်တွေ ရှုပ်တော့မှာ”
“နောက်ဆို ကျွန်မ ဘယ်မှသွားဖြစ်တော့မယ်မထင်ဘူး”
ကိုယ့်စကားသံကိုယ် ပြန်ကြားရသလိုရှိ၏။
ဟုတ်သည်။ ကိုကိုနှင့်တွေ့တိုင်း ထိုစကားတို့ကို ပြောခဲ့ဖူးသည်။ သို့သော် ကျွန်မ အလွမ်းတို့နှိပ်စက်လာတိုင်း
ကိုကို့ဆီကို နှင်းနဲ့အတူ သွားမိစမြဲ။ ကိုကို ဘာအလုပ်လုပ်သည် သေချာမသိရသော်ငြား ကျွန်မချစ်သည့်
ကဗျာဆရာလေးက တနင်္ဂနွေတိုင်းမှာ နေ့လယ်တစ်နာရီလောက်ဆို စာအုပ်ဆိုင်လေးတစ်ဆိုင်ကို ဝင်မွှေတတ်သည်တဲ့။
ထိုအသိလေးတစ်ခုဖြင့်ပင် တနင်္ဂနွေတိုင်း ထိုစာအုပ်ဆိုင်လေးကို သွားခဲ့ဖူးသည်။ ခုတော့
ကိုယ့်ခြေထောက်တို့ကို ကိုယ်ကိုယ်တိုင် ရိုက်ချိုးဖို့ကြိုးစားရပါဦးမည်။ ကြိုးစားရတော့မည်။ သိသည်။ သိပါသည်။ မြင်ခွင့်မရရှိသည့်
နေ့ရက်များနှင့်အတူ ကွန်ပျူတာလေးအတွင်းမှာလည်း မပြီးဆုံးသေးသည့် ချစ်ခြင်းဖွဲ့ကဗျာတွေ တစ်နေ့ပြီးတစ်နေ့
များလာဦးမည်မှာ သေချာလှသည်။ သိပါသည်လေ။ အချစ်ဆိုတာ မြင်ခွင့်မရရုံနဲ့ ပျောက်ပျက်သွားမည်မဟုတ်မှန်း။
သို့သော်ကိုယ့်သိက္ခာလေးကိုတော့ တန်ဖိုး မြှင့်ချင်လှသည်မဟုတ်ပါလား။
“အလွမ်း”
ကမ်းမဲ့မြစ်ပဲ
တက်လိုက်ကျလိုက် အရှိန်အဟုန်မညီဘူး
လေပြေလေးတိုက်ခတ်သလို
သိမ့်သိမ့်လေးဖြစ်လိုက်
မုန်တိုင်းထန်သလို ဝုန်းဒိုင်းကျဲလိုက်နဲ့
ကိုယ်တစ်ယောက်တည်း
အိပ်ပျက်နေတဲ့ ကမ္ဘာ။
ကမ်းမဲ့မြစ်ပဲ
တက်လိုက်ကျလိုက် အရှိန်အဟုန်မညီဘူး
လေပြေလေးတိုက်ခတ်သလို
သိမ့်သိမ့်လေးဖြစ်လိုက်
မုန်တိုင်းထန်သလို ဝုန်းဒိုင်းကျဲလိုက်နဲ့
ကိုယ်တစ်ယောက်တည်း
အိပ်ပျက်နေတဲ့ ကမ္ဘာ။
(ဝေ)။
ဟောဒီရင်ဘက်ထဲက အောင့်သက်နေတာပဲ။ ကိုကို့အတွက် ကျွန်မ
တစ်စုံတစ်ရာအရေးပါခဲ့သလားဟင်။ သိချင်လိုက်တာ ကိုကို။
ရည်ဝေ(လင်းရောင်ခြည်)