Wednesday 1 May 2013

၁-၅-၂၀၁၃ ငှက်ကလေးသို့ တစ်နေ့တာ


ငှက်ကလေး
အချစ်ကြောင့်ရူးသွပ်ရင်း
ကိုယ့်ချစ်သူကိုယ် ဒဏ်ရာပေးနေမိတဲ့ ချစ်လူမိုက်တွေ တွေ့နေရတယ်
ကိုယ် ချစ်လူမိုက်မဖြစ်ချင်ဘူး
ငှက်ကလေးပျော်မယ်ဆို ကိုယ်ရှောင်ပေးပါရစေ
လမ်းချင်းတူနေရင်တောင် လမ်းခွဲမှာရပ်ရင်း
ငှက်ကလေး ကျော်ဖြတ်ပြီးမှ ကိုယ်ဖြတ်ပါ့မယ် ငှက်ကလေး
ငှက်ကလေးရေ လွမ်းလိုက်တာ
မေ့မယ်ဆိုတဲ့ ငါက မင်းကို လွမ်းနေတယ် ငှက်ကလေးရဲ့

တစ်နေ့နေ့..
တစ်နေ့နေ့မှာတော့ မဖြစ်မနေမေ့ရမယ်မှန်းသိပါရဲ့
ခုတော့ မအောင်မြင်သေးဘူး ငှက်ကလေးရေ
အယောင်ဆောင် မာနတွေကို ခင်းပြထားမိတယ်
ငါကချစ်လူမိုက်မဟုတ်တဲ့ လူမိုက်ကြီးပါ
အတ္တထူထူတွေနဲ့
မင်းအနားကိုလာဖို့ မာနတွေခင်းထားတယ်
ကိုယ်ကိုယ်တိုင် ဖြတ်မလျှောက်နိုင်သေးဘူး
ငှက်ကလေးအတွက်ရေးမိတဲ့ အက်ဆေးတွေ
တစ်နေ့ ကျ စာအုပ်အထူကြီးအဖြစ်ဖန်တီးပစ်မယ်
မင်းမဖတ်နဲ့ ငှက်ကလေး
သစ်ပင်တစ်ကောင်ရဲ့ အဆုံးစွန်ထိ ရူးသွပ်မှုကို ပြုံးကြည့်နေပေးပါ
လိုက်မခံစားပါနဲ့
လွမ်းတယ် ငှက်ရယ်

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်