Sunday 26 May 2013

၂၆-၅-၂၀၁၃----




လွမ်းခွင့်မရှိတဲ့ နယ်မြေကနေ စည်းကျော်လွမ်းနေမိခဲ့
အမြဲရောက်တဲ့ နေ၇ာတစ်ခု
ဒီနေ့ရှောင်သွားမိတယ်
အမြဲ ကြည့်ခဲ့တဲ့ နေရာလေးတစ်ခု
ဒီနေ့ ကျော်သွားမိပြီ
အလွမ်းနက်လို့ ညတာရှည်လေသလား


ညတာရှည်လို့ အလွမ်းနက်လေသလား
ဘာပဲဖြစ်ဖြစ်
လမ်းတစ်ခုတော့ ရွေးသင့်ပြီ
ကိုယ့်ကိုယ့်ကို သတိပေးနေဆဲ
သတိပေးနေခဲ့
လမ်းလေးတစ်ခုကို ငေးနေမိခဲ့တယ်
လမ်းလေး
ဟုတ်တယ်
အတိတ်လမ်းလေး
အဲဒီမှာ အလွမ်းတွေ သိုမှီးခဲ့တာပေါ့
အချစ်တွေ သိမ်းဆည်းထားတာပေါ့
ဝမ်းနည်းနာကျင်မှုတွေကို မသိလိုက်မသိဘာသာ
မေ့ချင်ယောင်ဆောင်နေခဲ့တာပေါ့
ငါ့ဒိန်ခဲကို နေရာရွှေ့လိုက်တာ ငါကိုယ်တိုင်ပါပဲ
အချစ်ဆိုတဲ့ အိမ်ငယ်လေးကို
အတိတ်တစ်ခုရဲ့ လမ်းထဲ စုပုံသိမ်းပစ်
ငါ လျှောက်ရမယ့်လမ်းကို ကိုယ်တိုင်ရွေးပြီ
တစ်ခုတော့ မှာချင်ရဲ့
ညိုးငယ်တဲ့ မျက်ဝန်းတွေကို မမြင်ချင်ဘူး
ထိန်းချုပ်ထားတဲ့ အရယ်တွေကို မမြင်ချင်ဘူး
ငါနဲ့ ကြုံကြိုက်လို့များဆုံဖြစ်ရင်
လွတ်လွတ်လပ်လပ်လေးပြုံးပြပါ
ဒါမှမဟုတ် လွတ်လွတ်လပ်လပ် မဲ့ပြပါ

2 comments:

မိုးနတ်ကြယ်စင် said...

ထုံးစံအတိုင်း ဒီနေ့လဲ
အလွမ်းတွေ လာကြည့်ခဲ့ :)
အတူတူ မျှဝေခံစားခဲ့ :)

Unknown said...

:D ကျေးကျေး ညလေးး)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်