Saturday 25 May 2013

၂၅-၅-၂၀၁၃-----




သူစိမ်းတွေပါ
တားမြစ်ခွင့်မရှိတဲ့ နယ်မြေမှာ နေအပ်တယ်
တကယ်ဆို
ဖုန်းလေးတစ်ကောလောက်ဆက်ရုံနဲ့
ပွန်းပဲ့သွားမယ့် ထားအပ်တဲ့ သိက္ခာတရားတွေ
လူး


ရေမရှိတဲ့ ကန်ထဲ ထွန့်ထွန့်လူးနေတဲ့ ငါးရံ့တစ်ကောင်ကို မြင်မိလား
အဲဒါ ငါပါပဲ
သစ်ပင်တစ်ပင်က
သူ့အခက်အလက်တွေ စိမ်းမြဖို့မေ့လျော့နေခဲ့တယ်
သူ ကောင်းကင်ကိုမော့ကြည့်
နေသာ မိုးရွာ ရာသီဥုတုသဏ္ဍန်ကို အကဲခတ်
နောက် မျှော်လင့်တယ်
မျှော်လင့်နေခဲ့တယ်
ဘာသံယောဇဉ်အပိုင်းအစမှ မပါတဲ့ စကားတစ်ခွန်း
ရူး
ရူးတယ်
ကိုယ့်ကိုယ် ကို အရူးလို့ မက်မက်စက်စက် ခေါ်တတ်သူထဲ
သစ်ပင်တစ်ကောင်ပါ ပါဝင်လာခဲ့တယ်
ကိုယ့်မန်မိရီကိုယ် ပြန်သတိပေး
သူစိမ်း -ဆိုတဲ့အတိုင်း သူ စိမ်း ပေါ့
ကိုယ့်ဘက်က မစိမ်းနိုင်တော့
ငေးကြည့် ရစ်ချည်လိုက်ဦး
သံယောဇဉ်အမျှင်တွေ...။

2 comments:

မိုးနတ်ကြယ်စင် said...

ရေမရှိတဲ့ ကန်ထဲ ထွန့်ထွန့်လူးနေတဲ့ ငါးရံ့တစ်ကောင်ကို မြင်မိလား
အဲဒါ ငါပါပဲ.....

သူစိမ်း -ဆိုတဲ့အတိုင်း သူ စိမ်း ပေါ့
ကိုယ့်ဘက်က မစိမ်းနိုင်တော့
ငေးကြည့် ရစ်ချည်လိုက်ဦး
သံယောဇဉ်အမျှင်တွေ........

:)))))

Unknown said...

သူ ပြုံးတွားတယ် :D

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်