Wednesday 8 May 2013

၈-၇-၂၀၁၃ ငှက်ကလေး/ကြယ်စင်သို့ တစ်နေ့တာ

တားမရတဲ့ မြစ်တစ်စင်းက
တသွင်သွင်စီးဆင်းတုန်း
ငှက်ကလေး
မင်းမချစ်လည်း ငါချစ်တယ်
အချစ်ဆိုတာက ပြန်မရတိုင်း ပျောက်ကွယ်တတ်သလား
ခုထိတော့ ငါက ဒီမြစ်မှာ ရင်တွေ တဆစ်ဆစ်ကိုက်ရင်း ကူးခတ်တုန်း
ငှက်ကလေး ချစ်တယ်

။။။။။။။။။။။။။။။။။
ကြယ်စင်ရေ
အလင်းတွေ ဖြန့်ပေးဦး
မင်းအပြုံးတွေ မျှဝေပေးပါဦး
လွမ်းတယ်