Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, 25 February 2013

“သော်ဇင်(လွိုင်ကော်) ရဲ့ ရင်လွဲမိုး ဝတ္ထုတိုချဉ်းကပ်ခြင်း”

“သော်ဇင်(လွိုင်ကော်) ရဲ့ ရင်လွဲမိုး ဝတ္ထုတိုချဉ်းကပ်ခြင်း”

စာရေးကောင်းလှသူ ကိုသော်ဇင်(လွိုင်ကော်) ရဲ့ စာကို ချဉ်းကပ်မယ်ဆိုတော့ အမှားတွေပါမှာစိုးလို့ ကြောက်မိသား။ သို့သော် ဒီစာမပြီးရင် အကြွေးကျန်နေသလို ခံစားနေရလို့ (ရေးမယ်ဆိုပြီး မရေးဖြစ်တာလေ) အသေအချာချဉ်းကပ်လိုက်ပါကြောင်း။ မိုဘာကတည်းက သူငယ်ချင်းဖြစ်လာသူမို့ အမှားရှိရင်လည်း ခွင့်လွှတ်တော့ ကိုသော်ဇင်ရေ။

…………..

“ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနှုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့ စခဲ့တဲ့ ဘ၀ကို ခုထိ အံ့သြနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့ ဘ၀တစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြတာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။ တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး  အူလှိုက်သည်းလှိုက်။ တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့ ယူကြုံးမရသလိုငိုခြင်း။  သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍ စိတ်ပျက်စရာကောင်းတဲ့အရာဟာ ဘာလဲလို့မေးလာခဲ့ရင် ခု သူရရှိပိုင်ဆိုင်ထားတဲ့ လူ့ဘ၀ကြီးပါပဲ။ မဟုတ်သေးဘူး။ သူ ငှားရမ်းထားတဲ့ လူ့ဘ၀ကြီးပါပဲ။”

Wednesday, 24 October 2012

တရားရိပ်သာငယ်

တိတ်ဆိတ်ခြင်းတေးသံ….ဆိုရမလားပဲ… ငှက်ငယ်တစ်ချို့ရဲ့ တီတီတာတာ
အော်မြည်နေသံက လူနေထူထပ်တဲ့နေရာဒေသက မြည်သံတွေလောက် ဆာလောင်မွတ်သိပ်မှု့
ပြင်းပြမနေပါဘူး……………..
အော်……..ဒီခြံဝန်းလေးထဲ အဟိတိရိစ္ဆာန်ဖြစ်တဲ့ ငှက်ကလေးတွေတောင်
ငြိမ်းချမ်းနေလိုက်တာနော်
တိတ်ဆိတ်ငြိမ်သက်တဲ့ သစ်ကြီးဝါးကြီးတစ်ချို့ မွေးမြူထားတဲ့
ဒီခြံဝန်းလေးထဲမှာ………ရာထူးကြီးတာမရှိဘူး…ပိုက်ဆံတတ်နိုင်တယ်ဆိုတာမရှိဘူး……..တတ်နိုင်တဲ့
ဒါနထည့်…………စိတ်အေးချမ်းချင်သလောက်နေ…………ချထားတဲ့ မခက်ခဲတဲ့
စည်းကမ်းတစ်ချို့ လိုက်နာဖို့ပဲ လိုပါတယ်…………တစ်ခုတော့ ရှိတာပေါ့လေ
….စားရင်းသွင်းဌာနမှာ မှတ်ပုံတင်လေးတွေတော့ ပေးခဲ့ရတာပေါ့
စည်းကမ်း…………?

Friday, 5 October 2012

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တည်းဟူသော ကာလသုံးပါးသည် လူသားတိုင်းတွင်ရှိသည်။  သက်၇ှိကမ္ဘာထဲသို့ သက်ဆင်းမိပြီဆိုသည့် လူသားတစ်ဦး၌ ထိုကာလသုံးပါးသည် အလိုအလျောက်ပင် ဖြစ်ထွန်းသည်။ ကျွန်မထံတွင်လည်း ပြီးဆုံးခဲ့သော အတိတ်ရှိပြီး လက်၇ှိရှင်သန်နေသော ပစ္စုပ္ပန်ကာလရှိသည့်အပြင် မျှော်မှန်းနေသော အနာဂတ်လည်း ရှိပေသည်။ ကမ္ဘာပေါ်ရှိ အရာရာတိုင်းသည် ကာလသုံးပါးစလုံး ပိုင်ဆိုင်ကြသည်ကတော့ အမှန်ပင်။

လူသည် လူနှင့်ဆိုင်သော ကာလသုံးပါးကိုပိုင်ဆိုင်သလို သစ်ပင်သည်လည်း သူနှင့်ဆိုင်သော ကာလသုံးပါးကိုပိုင်ဆိုင်သည်။ အတိတ်တွင် သူသည် သစ်စေ့လေးတစ်စေ့ဖြစ်သော်လည်း ပစ္စုပ္ပန်တွင် သစ်ပင်တစ်ပင် အဖြစ်ရပ်တည်နေသည်။ အနာဂတ်တွင်မူ သူသည် စားပွဲတစ်လုံး ဖြစ်နိုင်သလို ကုလားထိုင်တစ်လုံးလည်း ဖြစ်နိုသည်။ ပန်းပုရုပ်လည်းဖြစ်နိုင်သလို မီးလောင်ကျွမ်းကာ ပြာမှုန်အဖြစ်သို့လည်း ရောက်ရှိနိုင်သည်။ လူကဲ့သို့ ကိုယ့်ဘဝကိုယ် ပုံဖေါ်နိုင်ခွင့်မရှိသော်လည်း သက်မဲ့များတွင် ကာလသုံးပါးရှိသည်သာ။