Wednesday 22 May 2013

“ငိုချင်တယ်”



ရင်တစ်ခုလုံး တဒိတ်ဒိတ်နဲ့
ငလျှင်လှုပ်နေသလိုပဲ
မြင်နေရတာက မီးပင်လယ်
ကျော်ဖြတ်ဖို့ မလွယ်တော့ဘူး
ဟုတ်တယ်
မကျော်ဖြတ်နိုင်တော့ဘူး
ဒီမီးပင်လယ်ကိုယ် ဘာနဲ့ငြိမ်းသတ်ရမလဲ
ဖြေပါ
ကျေးဇူးပြု၍ ဖြေပါ။

မှိုင်းအုံ့လာတဲ့ စိတ်တွေဟာ
မျက်ရည်များစွာသွန်ချနေတယ်
တကယ်ဆို မလိုအပ်ဘူးထင်ပါရဲ့
ဟုတ်တယ်
ဟုတ်တယ်နော်
သူစိမ်းနှစ်ယောက်ကြား
ဘာမျက်ရည်တွေ လိုအပ်မလဲ
လက်ပြနှုတ်ဆက်
လမ်းခွဲလိုက်ကြရုံ။

အိပ်မက်
အိပ်မက်တွေ ပျက်တယ်
အိပ်မက်တွေ ပျောက်တယ်
ချည်နှောင်စရာ လမ်းစ ပျောက်တယ်
ငို
နက်နက်ရှိုင်းရှိုင်းငို
တားမရတဲ့နောက်တော့ လွှတ်ပေးလိုက်ရုံပေါ့
ပင်လယ်ကြီးငြိမ်းအောင်ငို။

၃နဲ့ ၄လား
၎ နဲ့ ၃ လား
မီးပင်လယ်ကြီးက ပူလွန်းတယ်
ပူလောင်လွန်းတယ်
ငေးကြည့်ရုံနဲ့ မဝတဲ့ဘဝ
သာသာယာယာ အသံခြောက် တေးတစ်ပုဒ်ဆိုနေလိုက်မယ်
ဒီပင်လယ်ကြီးက ကိုယ့်နားကမှ မပျောက်တာပဲ။

အားးးးးးးးးးးးးးးးးးးးးးးးးးးး
စိတ်တစ်ခုလုံး အမြင့်ကို ပျံပစ်ချင်တယ်
ဒါဆို ခဏတော့ လွတ်မြောက်သွားမှာပဲ
ခုတော့
နှလုံးသားက မီးပင်လယ်
စိတ်က မီးပင်လယ် ကို မုန်းတယ်။

အိပ်မက်ပျက်တွေကြား
မြို့တည်ရတော့မယ်ဆိုတာသိလိုက်တယ
ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ရတော့မယ်
ဒီမီးပင်လယ်ကို ပျိုးဖို့
ဘယ်လိုများ.............
ဘယ်လိုများ.....................
အိပ်မက်ပျက်တွေကြား ခုတော့လည်းကိုယ်တစ်ယောက်တည်းပဲ။

တွေးကြည့်လိုက်ရုံနဲ့ မဲမှောင်တိတ်ဆိတ်
အိပ်မက်ပျက်တွေနဲ့ အခန်းကျဉ်းမှာ
ခိုကိုးရာမဲ့လွန်းတယ်
ငိုချင်တယ်။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်