Monday 6 May 2013

၆-၅-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ



တဖြည်းဖြည်းသေချာလာခဲ့ပြီ
ငှက်ကလေး
မင်းမရှိလို့မဖြစ်တော့ဘူး

pls take care your health
pls take care your habbit
pls take care your mind
pls take care yourself



မှာနေတဲ့ စကားတွေသူမကြားဘူး
မှာနေတဲ့ငိုသံနဲ့ရှိုက်သံတွေသူမကြားဘူး
သူကြားလိုက်မှာက
ကိုယ့်ရဲ့ အပြုံးအရယ်မဲ့မျက်နှာ

ငှက်ကလေး
ကိုယ် ရူးတယ်
ကိုယ်တကယ်ရူးတယ်
မင်း အတွက် တကယ်ရူးတယ်

ရွေးချယ်ရာလမ်းမတူညီကြဘူး
စိတ်စေရာလမ်းမတူညီကြဘူး
ငှက်ကလေး
ငါ မင်းမရှိလို့မဖြစ်ဘူး


ငှက်ကလေး
ကိုယ်ရူးတယ်
တကယ်ရူးတယ်
မင်းအတွက် တကယ်ရူးခဲ့တယ်

မချစ်တတ်သောနှလုံးသားတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးပါ
မလွမ်းတတ်သော နှလုံးသားတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးပါ
မစိုးရိမ်တတ်သော နှလုံးသားတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးပါ

ကြည့်လေရာနေရာတိုင်း ငှက်ကလေးသာဖြစ်
ချစ်ခြင်းစစ်မှန်လျှင် သူစင်စစ် အကျွန်ုပ်ရှေ့မှောက်
အရောက်လာပါစေ

ငှက်ကလေး ရူးတယ်
ငါတကယ်ရူးခဲ့တယ်
ငါ တကယ်ရူးနေဦးမယ်ထင်ရဲ့


ငှက်ကလေး
ကိုယ်တကယ်ရူးပါတယ်
ငှက်ကလေးရဲ့ မျက်ဝန်းညိုတွေကိုကြည့်လို့
စိတ်တွေတကယ်မူးပါတယ်

ငှက်ကလေး
ကျန်းမာပါစေ ချမ်းသာပါစေ
စိတ်ချမ်းသာပါစေ
အထပ်ထပ်ဆုတောင်းတွေ ငှက်ကလေးဆီမရောက်ဘူးလား
ငှက်ကလေး
အိပ်ပျော်အောင်အိပ်ပါ
ဘဝအမောတွေကို တဆင့်ချင်းစီဖြည်ချပါ
ကြိုးပြေသွားတဲ့အခါ မင်း စိတ်ချမ်းသာမှာပါ

ငှက်ကလေး
ငှက်ကလေး
ငှက်ကလေး
ဆိုစရာစကားမရှိတော့ဘူး
ဝမ်းနည်းတယ်
ငါချစ်တဲ့ ငှက်ကလေး
စိတ်ချမ်းသာပါစေ
ဒီစကားတစ်ခွန်းသာ အထပ်ထပ်ဆိုလို့ ဆုတောင်းပေးနေမယ်
ငါချစ်တဲ့ ငှက်ကလေး စိတ်ချမ်းသာပါစေ...။