မျှော်လင့်ချက် ကမ်းပါးတွေ ပြိုမကျအောင် ထိန်းသိမ်းရင်း
အနာဂတ်ဆိုတာကိုတွေးကြည့်လိုက်တိုင်း လေနေတဲ့ စိတ်ကြီးက ထထရယ်တယ်။ ကိုယ်
တကယ်ပဲ ပျော်ရွှင်ခြင်းကို မေ့လျော့တတ်ခဲ့ပြီထင်ရဲ့..။
Showing posts with label အလွမ်း. Show all posts
Showing posts with label အလွမ်း. Show all posts
Sunday, 12 January 2014
Friday, 10 January 2014
“မျှော်လင့်ချက်တို့ တောင်ပုံရာပုံ”
“မျှော်လင့်ချက်တို့ တောင်ပုံရာပုံ”
---++++-------------------------
ပြောစရာ စကားများစွာတို့ရှိ၏။ သို့သော်
ပြောခွင့်ရနိုင်သော စကားမှာ တစ်ခွန်းသာဖြစ်သည်။
ရင်နှင့်အပြည့် လွမ်းဆွက်နေရသော
ခံစားချက်များစွာတို့ကို “သတိရတယ်” ဟူသည့် စကားလေးဖြင့် တန်ဖိုးမလျော့ပါးစေလိုပါ။
ထို့ကြောင့်ပင် အရာရာတွင် တိတ်ဆိတ်သူသည် ကိုယ်ဖြစ်ရတော့သည်။ ကိုယ့်မျက်ဝန်းတွင်
ကြည့်တတ်မည်ဆိုလျှင် ဝေ့သီနေသော အပူရောင်အငွေ့များတွေ့ရှိနိုင်သည်။ ကိုယ့်အပြုံးတို့ကို
ကြည့်တတ်မည်ဆိုလျှင် အပူရောင်သမ်းနေသော နှုတ်ခမ်းတွန့်ချိုးကို မြင်တွေ့နိုင်မည်။
ကိုယ့်နှလုံးသားကိုကြည့်တတ်မည်ဆိုလျှင်………။
ပြောစရာစကားများစွာရှိ၏။ သို့သော် ပြောခွင့်ရသော
စကားမှာ တစ်ခွန်းသာ ဖြစ်သည်။
Wednesday, 1 January 2014
နှုတ်ဆက်ပါတယ်...
“နှုတ်ဆက်ပါတယ်”
ပူလောင်ကျိန်းစပ်နေတဲ့ မျက်ဝန်းတွေမှာ အငွေ့တွေနဲ့။ မျက်ရည်ဆိုတာ အငွေ့ပျံတတ်ကြောင်း မျက်မှန်က မှန်သားရဲ့ မှုန်မှိုင်းမှိုင်းကြောင့် အသိတိုးခဲ့ရ။
--++++++++++++++++++++++-----------
ပူလောင်ကျိန်းစပ်နေတဲ့ မျက်ဝန်းတွေမှာ အငွေ့တွေနဲ့။ မျက်ရည်ဆိုတာ အငွေ့ပျံတတ်ကြောင်း မျက်မှန်က မှန်သားရဲ့ မှုန်မှိုင်းမှိုင်းကြောင့် အသိတိုးခဲ့ရ။
--++++++++++++++++++++++-----------
Sunday, 20 October 2013
ပုံပြင်တစ်ပုဒ်ရဲ့ အဆုံးသတ်
တချို့အရာတွေကို စစ်ထုတ်ဖို့ ကြိုးစားနေခဲ့မိတယ်
မအောင်မြင်ခဲ့။
ကမ္ဘာဟာ ဘာ့ကြောင့်များ အမှောင်ရောင်သမ်းနေခဲ့သလဲ
စိတ်တစ်ခုလုံး နာနာကြည်းကြည်း။
စိတ်လိုလက်ရ ရေးမိတဲ့ ပုံပြင်တစ်ပုဒ်ဟာ
ပုံပြင်ရေးသူကိုပါ သူ့ကမ္ဘာဆီ ဆွဲခေါ်ခဲ့လေတော့…………………။
ဟေး……………………။
မအောင်မြင်ခဲ့။
ကမ္ဘာဟာ ဘာ့ကြောင့်များ အမှောင်ရောင်သမ်းနေခဲ့သလဲ
စိတ်တစ်ခုလုံး နာနာကြည်းကြည်း။
စိတ်လိုလက်ရ ရေးမိတဲ့ ပုံပြင်တစ်ပုဒ်ဟာ
ပုံပြင်ရေးသူကိုပါ သူ့ကမ္ဘာဆီ ဆွဲခေါ်ခဲ့လေတော့…………………။
ဟေး……………………။
Monday, 14 October 2013
သူငယ်ချင်းသို့....
ရေစက်….တဲ့။
မမြင်မတွေ့ရပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှု၊ ယုံကြည်မှုတွေရှိတယ်။ မမြင်မတွေ့ဖူးပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မှုတွေရှိတယ်။ မမြင်မတွေ့ရပေမယ့် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်ကြတယ်။ တစ်ယောက်လမ်းမှားမှာ တစ်ယောက်က စိုးရိမ်သလို တစ်ယောက်အောင်မြင်မှုကို တစ်ယောက်က မုဒိတာပွားပေးတယ်။ တစ်ယောက်အားငယ်မှုကို တစ်ယောက်က နှစ်သိမ့်ပေးတယ်။
ရူးတာတဲ့လား။
ကိုယ့်ပတ်ဝန်းကျင်က ရှိသူကို အားပေးနှစ်သိမ့်ဖို့ အရင်ကြိုးစားပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသူနဲ့ ချစ်ခင်ရင်းနှီးအောင် အရင်နေကြည့်ပါ တဲ့။ ကွယ် မတူတဲ့ အကြောင်းအရာနှစ်ခုကို ယှဉ်ပြောနေတာပဲ။ စိတ်မတူလူမတူပေမယ့် ဝါသနာတူတဲ့အခါ ပြောသမျှစကားတိုင်းဟာ ထပ်တူကျနေတတ်တာကို သိမှမသိကြတာပဲ။ နားလည်မှုဟာ ညှိယူစရာမလိုပဲအလိုလိုရောက်လာတယ်။
တစ်ယောက်နဲ့တစ်ယောက်ကြား ငြင်းခုန်မှုတွေရှိမယ်။ စိတ်ဆိုးမှုတွေရှိမယ်။ ပြဿနာတွေရှိမယ်။ ဒါပေမယ့်လည်း……။
တိတိပပသေသေချာချာဖြေရှင်းပြစရာမလိုအောင်ကို စက္ကန့်အနည်းငယ်ကြာတာနဲ့ ပြေပျောက်သွားကြတာပဲမဟုတ်လား။ အဲဒီလိုပဲ ပြဿနာတိုင်းကို အဖြေတူတူရှာပြီး သံယောဇဉ်တွေ ပိုခိုင်မာလာခဲ့တာပဲ မဟုတ်လား။
နားလည်မှု။
ဒီစကားတစ်ခွန်းကို အသေအချာယုံကြည်နားလည်ထားကြတယ်။ စိတ်ဆိုးဒေါသထွက်စရာ ကြုံရင်ဖြေရှင်းကြေး။ ကိုယ်လက်မခံနိုင်တဲ့ အပြုအမှုမျိုးတွေ့ရင် ဖြေရှင်းကြေး။ မဖြေရှင်းပဲ နှုတ်ဆိတ်နေခြင်းဟာ ပြဿနာရဲ့အစပဲ။ ဒီလိုခံယူနားလည်ထားကြတယ်။
ယုံကြည်မှု။
သူကတော့ ငါ့ကို နားလည်မှာပါ ဆိုတဲ့ ယုံကြည်မှု။ အဲဒီယုံကြည်မှုလေးတစ်ခုတည်းနဲ့ပဲ ပြောသမျှစကားတွေက အထိန်းအကွပ်မဲ့လာတယ်။ ဒါပေမယ့်လည်း ယုံကြည်မှုကမြဲမြံခိုင်မာနေတဲ့အခါ ပြဿနာ ဆိုတာ ခပ်ဝေးဝေးကနေ ငေးကြည့်နေရရှာပေါ့။
တစ်ယောက်ယောက်က စိတ်အားငယ်နေရင် ကျန်တစ်ယောက်ရဲ့စိတ်မှာ နှစ်သိမ့်ဖို့ အတွေးကိုအချိန်ရှိသရွေ့တွေးနေမိတတ်ကြတယ်။ တကယ်ဆို မြင်ဖူးခြင်းမမြင်ဖူးခြင်းမဆိုင်ပါဘူး။ စိတ်ကို ဖွင့်ကြည့်ပါ။ အလှဆုံးပန်းတွေ ပွင့်နေတာ မြင်ရလိမ့်မယ်။
အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာအပြီးမှာ ဘယ်လိုငြင်းငြင်း၊ စိတ်ကြီးက ဒီလူကတော့ မင်းရဲ့ ချစ်မိတ်ဆွေ လို့ သတ်မှတ်ပေးပြီးတဲ့နောက် ဘယ်လိုမှ ရှောင်ပုန်းလို့မရတော့ဘူး။ တစ်ယောက်နဲ့ ပတ်သတ်သမျှ အရာအားလုံး ကျန်တစ်ယောက်က ဝေမျှခံစားပေးရရှာပြီ။
ကိုယ်နဲ့ စိတ်တူကိုယ်တူ မျှဝေခံစားပေးမယ့်သူတွေရှိနေတဲ့ ကမ္ဘာလောကမှ မလှရင် ဘယ်ကမ္ဘာ လှမလဲ။ ဒီရေစက်ကို ရှေ့ထိ တူတူဆက်ကြပါစို့လို့ မတိုက်တွန်းလည်း ဆက်ရှိနေမယ့် ရေစက်ပဲမဟုတ်လား....။

Friday, 27 September 2013
ငှက်ကလေးတစ်ကောင်အတွက်-၁၁
“ငှက်ကလေးတစ်ကောင်အတွက်-၁၁”
ကိုယ်က ရေညှိစိမ်းမဟုတ်ပေမယ့်လည်း ချစ်ရသူအတွက်ဆို ဟောဒီလက်ဖျံကသွေးကို
ထုတ်ပေးရက်ခဲ့သူပါ။ ကိုယ့်လက်ဖျံသွေးမှာ မင်းအတွက် အားအင်မရနိုင်တာကတော့ ကိုယ့်အားနည်းချက်ပေါ့။
ငှက်ကလေးရေ အိပ်မက်က မနိုးသေးဘူးလား။ မင်း သိပ် အအိပ်မက်လွန်းတယ်။ မင်း သိပ်တွေးတတ်လွန်းတယ်။
မင်း သိပ် အားနာတတ်လွန်းတယ်။
သတ္တဝါကွဲ့၊ သတ္တဝါ။ အသက်ရှိတယ်။ စိတ်ရှိတယ်။ လွတ်လွတ်လပ်လပ်နေခွင့်ရချိန်မှာ
ဘာ့ကြောင့်များ ကိုယ့်ကိုယ်ကို ကြိုးတွေနဲ့ တုပ်နှောင်ထားပါသလဲ။ ရယ်၊ မင်းရယ်ချင်ရယ်ပစ်လိုက်၊
ငို မင်းငိုချင် ငိုပစ်လိုက်၊ ပြုံး မင်းပြုံးချင် ပြုံးပစ်လိုက်။ တစ်ခါတလေမှာ အစဉ်အလာဆိုတာ
ခေါင်းငုံ့ဖို့ထက် တော်လှန်ဖို့လိုအပ်တယ်။
Wednesday, 7 August 2013
သစ်ပင်ပျောက်ဆုံးခြင်း
သူ
ကျွန်တော်
အိပ်မက်တွေ ပျောက်ဆုံးခဲ့ပြီဖြစ်၏။
တနေ့တခြားဟာတာတာနိုင်လာသော
ကိုယ့်နှလုံးသားကိုယ်မုန်းမိရင်း သူ့အတွက်အလွမ်းများကိုရှာကြည့်တော့ဗလာ။ သူသည်ကျွန်တော့်အတွက်
ဗလာဖြစ်နေပြီဖြစ်သည်။ ငှက်ကလေးကျွန်တော့်ကိုမပြုစားတော့ပါ။ သူ့ပြုစားခြင်းများကိုလွှတ်ချလိုက်လေသည်လား။
Friday, 12 July 2013
နှုတ်ဆက်တယ် ငယ်
“ငယ်”
တေးသံမပါတဲ့အိပ်မက်တွေ
သွေ့ခြောက်လွန်းခဲ့
ငယ်
နင်ငါ့ကိုစိမ်းသက်ပစ်လိုက်တော့
နင့်အပြုံးမှာငါမရူးချင်တော့ဘူး
ငှက်ကလေးသို့....
“ငှက်ကလေးသို့...”
ငှက်ကလေးအတွက်
ကိုယ်ဟာအမောပြေလေနုအေးလေး ဖြစ်ခဲ့ဖူးတယ်ဆိုရင်
ကျေနပ်တယ်
ငှက်ကလေးအတွက်
ကိုယ်ဟာအမောပြေလေနုအေးလေး ဖြစ်ခဲ့ဖူးတယ်ဆိုရင်
ကျေနပ်တယ်
Saturday, 22 June 2013
သူ့အတွက် အက်ဆေး
သူမေ့နေသည့်
ကျွန်တော့်နှလုံးသားရပ်ဝန်းတွင် ယနေ့ ရာသီဥတု အနည်းငယ်ထိုင်းမှိုင်း၍ မိုးရွာသွန်းမှု
များပြားသည်။ တိုက်ခတ်နေသောတမ်းတမှုလေပြည်တို့သည် မုန်တိုင်းအဆင့်သို့ရောက်ရန် ရာခိုင်နှုန်းများပြားလျှက်ရှိသည်။
သူသည်
ကျွန်တော့်အတွက်တော့ ကမ္ဘာစောင့်နတ်ကလေးဖြစ်သည်။ ကျွန်တော့်ကမ္ဘာ၏ ရာသီဥတုကို သူစိုးမိုးသည်။နောက်
ကျွန်တော့်နှလုံးသား၏ ရာသီဥတုကို သူ စိုးမိုးသည်။ ကျွန်တော့်ကမ္ဘာကို ပျော်စေချင်လည်း
သူအစွမ်းရှိသည်။ ငိုစေချင်လည်း သူ အစွမ်းရှိသည်။ သူသည် ကျွန်တော်၏ နှလုံးသားစောင့်နတ်ကလေးဖြစ်သည်။
ဒိုင်ယာရီ(၁)
ကျွန်တော်က
သူ့လက်သည်းလေးကို ချစ်သည်။ သူ့မျက်ဝန်းတို့ကို မြတ်နိုးသည်။ သူ့စကားသံတို့ကို တန်ဖိုးထားသည်။
သူပြုံးလိုက်တိုင်းပေါ်လာသည့် သူ့ပါးထက်မှ အစင်းရာလေးကို ချစ်သည်။ သူ့မျက်ဝန်းထဲမှ သူ၏
စိတ်ရာသီဥတုတို့ကို မြတ်နိုးစွာ ဖမ်းယူရခြင်းကို မြတ်နိုးသည်။ သူစကားပြောလိုက်တိုင်း
အနည်းငယ် ဖြစ်ပေါ်တတ်သော ရှက်ကိုးရှက်ကန်းအမူအယာလေးကို
ချစ်သည်။
ခပ်ကြာကြာမပြုံးတတ်သော
သူ့အပြုံးတို့ကို သိမ်းဆည်းထားချင်စိတ်တို့နှင့် ကျွန်တော်ရူးဖူးသည်။ သူ့ရယ်သံ ရှတတတို့ကို
ဖမ်းဆုပ်ထားချင်စိတ်ဖြင့် ကျွန်တော်ရူးဖူးသည်။ လမ်းလျှောက်လျှင် ကိုယ်ကို မတ်ထားသော်လည်း
အနည်းငယ်ဝနေပြီဖြစ်သည့် သူ့ဗိုက်ကိုကြည့်ရင်း ကျွန်တော်ပြုံးဖူးသည်။ ရေနွေးကြမ်းကိုမှနှစ်သက်သူ
သူ့အတွက် ကျွန်တော် ရေနွေးကြမ်းသောက်ခဲ့ဖူးသည်။ စကားပြောလျှင် ကျွန်တော် ကျွန်တော်ဟု
သုံးစွဲတတ်သံလေးကိုတော့တကယ်ပင် မြတ်နိုးခဲ့ဖူးသည်။ ယခုချိန်တိုင်လည်း မြတ်နိုးနေဆဲသာ
ဖြစ်သည်။
Tuesday, 18 June 2013
ငှက်ကလေးတစ်ကောင် သစ်ပင်တစ်ပင် ကောင်းကင်တစ်ခုအောက် အတူရှိခဲ့ဖူးပါသည်။။။
“ငှက်ကလေးတစ်ကောင်
အတွက်”
ဟော့ဒီ့နေရာလေးက သဲမွမွလေးတွေနဲ့
ဖုံးအုပ်ခံထားရတဲ့ မြေပြင်။ ဟော့ဟိုနေရာလေးမှာက ပုရွက်ဆိတ်လေးတွေ အုံဖွဲ့လို့
တက်ညီလက်ညီ လမ်းလျှောက်နေကြတာ။ အသိုက်ဆီ လျှောက်လိုက်၊ အစာရှာလိုက်နဲ့လေ။
ဟော့ဒီမှာက ကျွန်တော်။ ကျွန်တော် ဆိုတဲ့ သစ်ပင်။ ကျွန်တော့်လက်တွေမှာက လူကြီးတစ်ယောက်ရဲ့ လက်မလောက်ရှည်တဲ့ အဆူးတွေ ပြည့်နှက်နေတယ်။ အဆူး တိုတိုလေးတွေလည်း ရှိတာပါပဲ။ ကျွန်တော့် ခန္ဓာကိုယ်ရဲ့ အရွက်တွေက ရှည်လျားလျားတွေ။ ကလေးတချို့ပြောကြတာတော့ ဘာတဲ့။ စိန်ပန်းပင်ရဲ့ အရွက်လိုပဲ။ ကျစ်ဆံမြီးကျစ်ဆော့လို့ရသတဲ့။

Wednesday, 12 June 2013
ငှက်ကလေးတစ်ကောင်အတွက်-၁၀
ငှက်ကလေးတစ်ကောင်အတွက်-၁၀
သူ ကျွန်တော် အိပ်မက်တွေ
မပျောက်ဆုံးချင်။ ပျောက်ဆုံးလုလု အိပ်မက်များစွာကို ကမူးရှုးထိုး သိမ်းရင်းနှင့်ပင်
ကျွန်တော့် အိပ်မက် အိတ်ကြီးထဲဝယ် သူနှင့် ကျွန်တော့် အိပ်မက်ဟောင်းလေးများ အတော်ပင်
သိမ်းဆည်းရမိနေပြီဖြစ်၏။
သစ်ပင်တစ်ကောင်နှင့် ငှက်ကလေးသာ
ပါဝင်သော အိပ်မက်သည် အနည်းငယ်တော့ ခြောက်ကပ်နေနိုင်ပါသည်။ သို့သော် ငှက်ကလေး၏ အပြုံးများစွာကြောင့်
ကမ္ဘာကြီး လှနေသည်ကတော့ အမှန်ပင်ဖြစ်သည်။
ငှက်ကလေး၏ အိပ်မက်သည် တခမ်းတနားနိုင်လွန်းသလောက်
ကျွန်တော်၏ အိပ်မက်သည် ငှက်ကလေးတစ်ကောင်သာ လိုအပ်ခဲ့သည်။ ငှက်ကလေးနှင့် ကျွန်တော့်အိပ်မက်တွင်
လက်နှစ်ဖက်အတူတွဲနိုင်လျှင် အရာရာကို ကျော်ဖြတ်နိုင်သည်ဟု ကျွန်တော် ယူဆမိသည်။ ကျွန်တော်
မှားကောင်းမှားနိုင်ပါသည်။ အချစ်ကိုမှ ရူးသွပ်လေခြင်းဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့သော်
အမှန်တကယ်လိုအပ်နေသည်ကတော့ ငှက်ကလေး၏ လက်တစ်ဖက်သာဖြစ်သည်။
Wednesday, 5 June 2013
၅-၆-၂၀၁၃
တေလေ
လွင့်ချင်နေတယ်
လွှင့်ချင်နေတယ်
ခပ်မိုက်မိုက် ဆွဲညှစ်ပစ်လိုက်မိတဲ့ ဘရိက်မှာ
ဆိုင်ကယ်က ဘီးချော်သွား
ဝုန်းဒိုင်းပစ်လဲကျသွားရင်း
လည်နေဆဲ ဘီးတွေမှာ ကိုယ့်စိတ်ကိုယ်ပြန်ရှာ
မဖြစ်ဘူး
ဒီစိတ်တွေ တေလေဖြစ်ချင်လို့မရဘူး
မဖြစ်စလောက်ရလာတဲ့ ဒဏ်ရာအပိုင်းအစတွေရဲ့နာကျင်မှုက
ရင်တွင်းနာကျင်မှုကို မထိုးဖေါက်နိုင်ဘူး
ရူးတယ်
မိုးသည်းမှာ ဆိုင်ကယ်စီးမိတာလည်း ရူးတယ်
ဆိုင်ကယ်လဲလောက်အောင်ထိ စိတ်နဲ့ကိုယ်နဲ့ မကပ်တာလည်း ရူးတယ်
အလွမ်းတွေကို ရူးတယ် ဆိုတဲံ့စကားကြွင်းဖို့ ဘာနဲ့များစားခဲ့သလဲ
လောလောဆယ် ငါ
တေလေ
၎-၆-၂၀၁၃--
4-6-2013
အုံနဲ့ကျင်းနဲ့ အလွမ်းတွေက နာဖျားခြင်းအဆင့်သို့ကူးပြောင်း
ပူလောင်ကျွမ်းစိပ်နေတဲ့ မျက်ဝန်းတွေက
မျက်ဝန်းတစ်စုံကို တောင့်တောင့်တတ
စွဲလန်းမှုကြောင့် ရလာတဲ့ အိပ်မက်မှာတောင်
သူဟာ ကိုယ့်ကို ပြုံးမပြခဲ့ဘူး
သူ အဲဒီလောက်ထိ ကိုယ့်ကို မုန်းတယ်

Monday, 3 June 2013
၃-၆-၂၀၁၃
တိတ်တိတ်ဆိတ်ဆိတ်ပဲ
ဒီနေ့အတွက် နှုတ်ဆက်တယ်
ငှက်ကလေးရေ ဂွတ်ဘိုင်
ပန်းလက်ဖဝါးလေးကို ငါ့အတွက် နင်ဖြန့်မခင်းပေးသရွေ့
ငါ့နှလုံးသားဟာ အထီးကျန်ကမ္ဘာပဲ ဆိုတာ နင်သိစေချင်ရဲ့
ဒါပေမဲ့လည်း
ဒီနေ့အတွက် နှုတ်ဆက်တယ်
ဂွတ်ဘိုင်
နေ့ည
အရာရာကအကျည်းတန်လွန်း
ချစ်ခြင်းတစ်ခုမှာ အဆိပ်သင့်မှုပါ ပါဝင်တတ်မှန်းသိခဲ့ရပြီ
ထပ်နှုတ်ဆက်ပါရစေ
ဒီနေ့အတွက် ဂွတ်ဘိုင်
၂-၆-၂၀၁၃---
တိတ်ဆိတ်နေတယ်
လေပြေတွေ မချိုတော့ဘူး
ငှက်ကလေးရဲ့တေးသံမရှိမှတော့
အရာရာဟာ ခြောက်သွေ့
ခပ်ဝေးဝေးကလွမ်းပါ့မယ် လို့ ဘယ်လိုပြောပြော
တောင်ပံခတ်သံလေးကို ကြားခွင့်မရှိခြင်းမှာ
ငါ့ စိတ်တွေ တဒင်္ဂ သေချင်နေတယ်
Friday, 31 May 2013
Wednesday, 29 May 2013
29-5-2013----
၂၉-၅-၂၀၁၃-----
အလင်းစတွေကို ဖမ်းပြီး လေထုနဲ့အတူပို့လိုက်တယ်
ငှက်ကလေး
မင်း တွေ့မိပါရဲ့လား
အလင်းတွေထဲမှာ မေတ္တာတရားတွေက တလူးလူးတလွန့်လွန့်
ကျွန်တော်ချစ်တဲ့ ငှက်ကလေး အေးမြပါစေ....
ကျွန်တော်ချစ်တဲ့ ငှက်ကလေး အေးမြပါစေ
ကျွန်တော်ချစ်တဲ့ငှက်ကလေး အေးမြပါစေ။

Tuesday, 28 May 2013
၂၈-၅-၂၀၁၃
အလွမ်းတွေဖြေဖို့
သက်တံ့တံတားတစ်စင်း
ဖန်ဆင်းပစ်ချင်တယ်
ကောင်းကင်ကနေ သူ့ကို ငေးနေလို့ရတယ်မဟုတ်လား
ဟေး
ကြားလား ကြားသလား
ဟောဒီတချက်ချက်ခုန်နေတဲ့ အလွမ်းတွေက
ပြင်ပကမ္ဘာကြီးကို ထိုးဖေါက်ခိုင်းနေတယ်
ဟေးး
မြင်လား မြင်ရဲ့လား
နေရာအနှံ့ကြွေနေတဲ့ သစ်ရွက်ဝါတွေကို
သွေးကြောတွေဟာ အညိုရောင်သမ်းလာ
သူ့ရနံ့ရမှ ရှင်သန်ခွင့်ရမဲ့ သစ်ပင်
လေပြေခရီးသည်တွေကို တွေ့တိုင်းမှာမိနေကျ
ကျေးဇူးပြု၍
ငှက်ကလေးရဲ့ ရနံ့ကိုသယ်ခဲ့ပါ
ဟေး
ကမ္ဘာ့ခေါင်မိုးကြီးပေါက်ထွက်သွားအောင် အော်ပစ်မိတယ်
ကျွန်တော့်လက်တွေ ကနေပြီ
သစ်ခက်သစ်ရွက်တွေ ကနေပြီ
သူ မြင်မလားလို့
သူ့အတွက် ဖျော်ဖြေနေမိ
တကယ်ဆို သူ့အရိပ်အယောင်တောင် မမြင်ရသေးဘူး
ဟေး
မြင်လား မြင်ရဲ့လား
မျှော်နေကျ တောင်ပံခတ်သံလေး ပျောက်ဆုံးနေတဲ့အခါ
ငါ့ရှင်သန်မှုဟာ အဓိပ္ပါယ်မဲ့လာတယ်
လွမ်းတယ် .............။
Monday, 27 May 2013
သူနဲ့ကျွန်တော်(၂)
ကျွန်တော်က သူမေ့နေတဲ့ တေးသွားလေးပါ
သူက ကျွန်တော်ဆိုနေကျ သံစဉ်လေးရဲ့ ပိုင်ရှင်
အသွင်မတူသူနှစ်ယောက်
ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုမှာ ဆုံခဲ့ကြတယ်
သူက ကျွန်တော်ဆိုနေကျ သံစဉ်လေးရဲ့ ပိုင်ရှင်
အသွင်မတူသူနှစ်ယောက်
ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခုမှာ ဆုံခဲ့ကြတယ်