Saturday 4 May 2013

၎-၅-၂၀၁၃ ကြယ်စင်သို့တမ်းခြင်း



ကြယ်စင် စကားတွေဆိုချင်တယ်
ကြယ်စင့် ကို ငေးကြည့်ရင်း
ကြယ်စင့်အပါးမှာ ခဏနားနေချင်မိတယ်
ဆူးတစ်စင်းရဲ့ ပြင်းပြတဲ့ ရင်တွင်းတေးသံ
ကြယ်စင် မင်းမကြားဘူး
မကြားဘူးမဟုတ်လား


ကြယ်စင်
ရည်ရွယ်ချက်တွေ မတူညီဘူး
ရပ်တည်ချက်တွေ မတူညီဘူး
ရှင်သန်ရာနေရပ်တွေ မတူညီဘူး
ထားပါ
မတူညီမှုတွေချည်းတွေးနေတဲ့ မင်းရင်ထဲ
ငါနဲ့ တူညီတာတစ်ခုတော့ရှိမယ်ဆိုတာ မင်းကိုယ်တိုင်သိတယ်မဟုတ်လား
ကြယ်စင်
ငါနဲ့အတူ ဒီလမ်းကို ဖေါက်ရအောင်
လာ လက်ကမ်းပေးမယ်
(ဝါ)
ငါ့ကို လက်တွဲခေါ်ပါ

ကြယ်စင်
အလွမ်းတွေက တစ်နေ့တစ်ခြားများသထက်များလာ
အခြေကျနေတဲ့ဘဝကိုပဲ
ခဏခဏယိုင်နဲ့အောင်လုပ်ချင်မိ
ကြယ်စင့်အနားရောက်ဖို့
ကိုယ်တိုင်ကြယ်တစ်စင်းဖြစ်ချင်မိပြီ
ကြယ်စင်
ကောင်းကင်နယ်မြေမှာ ဆုံကြမယ် ငါ ကတိပေးတယ်

ကြယ်စင်
တွေ့ချင်လိုက်တာ
မင်းနဲ့ငါ အိပ်မက်ချင်းချည်နှောင်ချင်တယ်
ခွင့်ပြုပေးကွယ်