Saturday 18 May 2013

18-5-2013----------------




တချက်ချက်နဲ့မြည်နေတဲ့ စက္ကန့်တံတွေမှာ
ကျွန်တော့်နှလုံးသားလေးကပါ လိုက်လို့ခုန်
ညို့နေတဲ့ တိမ်သားတွေက
ကျွန်တော့်နှလုံးသားမှာပါ နေရာယူလာကြ
လွမ်းတယ်
ဆိတ်ငြိမ်အရပ်ကနေ ငေးကြည့်
မကျွမ်းတဲ့ တောအရပ်မှာရောက်နေပြီလား
ဒီတောက နက်လွန်းတယ်
လင်းချင်းနေတဲ့ ကျွန်တော့်စိတ်တွေဟာ
တောနက်နက်မှာ အလင်းမပြနိုင်ဘူး
လမ်း ပျောက်တယ်

အလွမ်းတွေနဲ့ လမ်းပျောက်တယ်
အလွမ်းတွေနဲ့ လမ်းပျောက်တယ်....

..
()
သစ်ပင်ရူးတစ်ကောင်ရဲ့ တမ်းချင်းက
အချိန်တန်ရင် နှလုံးသားထဲကို ခုန်ခုန်ရောက်လာ
အဝေးကိုသွားပါ
သွားပါ အဝေးကိုသွားပါ
သစ်ပင်ဆိုတဲ့ အကောင်ကို နှင်ထုတ်နေပေမယ့်လည်း
သူက ကပ်ပါးပီပီ ထွက်မသွားဘူး
ကျွန်တော့်နှလုံးသားကို လယ်မြေလုပ်လို့ ထွန်ယက်တယ်
ခက်တာက သူပျိုးသမျှဟာ
အလွမ်းနဲ့ ကြေကွဲမှုချည်းထွက်လာတာ ခက်တယ်

သွား...အဝေးကို သွား
()
လက်ကျန်အားအင်နဲ့ နှင်ထုတ်လိုက်တယ်
သူ ဖျက်ခနဲ ပျောက်
ကျွန်တော့်စိတ်တွေ အကြည့်တွေ ကောင်းကင်ဆီအကြည့်ရောက်တယ်
စကားမစပ်
အခုအသက်ရှင်နေတာ ကျွန်တော်လား သစ်ပင်လား
ဝေခွဲမရဘူး
ကျွန်တော် ခု ငှက်တစ်ကောင်ကို လွမ်းနေတယ်
သစ်ပင်က လွမ်းတာလား ကျွန်တော်ကလွမ်းတာလား
ခု ကျွန်တော် .........
သို့မဟုတ်...
သစ်ပင်...
အလွမ်းဆိုတဲ့ ရာသီမှာ ပျော်ပျော်ကြီး မြူးကြွ
HipHop သီချင်းတွေနဲ့ ကနေလိုက်တာ............
ကောင်းကင်ကြီးတောင် မှိုင်းမှိုင်းမှုန်မှုန်နဲ့ သြဘာပေးနေသလိုလို..။

3 comments:

Unknown said...

မကျွမ်းတဲ့ တောအရပ်ပါ
တစ်ယောက်တည်းလည်နေတယ်
စိတ်မီးအိမ်လည်း အလင်းမပြနိုင်ဘူး
လွမ်းတယ်
တကယ်ကို လွမ်းတယ်

မိုးနတ်ကြယ်စင် said...

ဝိုးးးးးးးးးးးးးးးးးး
အရမ်း အရမ်းမိုက်နေပါလားးးးးးးးးး
ရေးထားတာ သိပ်ကြိုက်တယ်...သိလားးးးးးးးး
အမှတ်မထင် ရေးထားတာလား ဘာလားတော့
မသိပေမဲ့ အဲ့ဒိအရေးအဖွဲ့တွေကပဲ မရည်ဝေရဲ့
စာတွေကို လာမဖတ်ပဲ မနေနိုင်အောင် ဆွဲဆောင်
နေတယ်....တော်တော်ထူးဆန်းတယ် ခင်ဗျား
ရေးတဲ့ စာတိုင်းကို ကျုပ် အတော်နှစ်သက်မိတယ်
မရည်ဝေ....အမှန်တကယ်တော့ ခင်ဗျားဟာ
ပါရမီရှင်ပါပဲ....တကယ့်ကို ပါရမီရှင်လို့မြင်မိတယ်
ကျုပ်အမြင် မှန်တယ်ဟုတ် :PPPPPPPPPPPPPP

တကယ်ပြောတာပါ အမရေ....
ညလေး အမစာတွေကို သိပ်ကြိုက်တယ်ရှင့် :)))
ချစ်တဲ့.....မိုးနတ်

Unknown said...

ကျေးဇူးပါ မိုးနတ်ရေး) ကျေးဇူးကမ္ဘာပါ

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်