Friday 3 May 2013

၃--၅-၂၀၁၃ ကြယ်စင်သို့တမ်းချင်း



ကြယ်စင်
နေ့ခင်းမှာ ခပ်တည်တည်ခြောက်သွေ့ထက်ရှနေတဲ့ ငါ့ကိုကြည့်ပြီးရယ်နေသလား
မရယ်နဲ့
ဆူးတစ်စင်းက ပန်းတစ်ခင်းကိုလည်း ပျိုးတတ်ပါတယ်
မင်းအတွက် ပျိုးပေးတဲ့ပန်းတစ်ခင်း
ကမ္ဘာပျက်သည်ထိ လင်းလင်းချင်းချင်းရှိနေမယ်။


တဖျတ်ဖျတ်ခတ်နေတဲ့ အလင်းမှာ ပိတ်မိနေတဲ့ ဆူးတစ်စင်း
ညအမှောင်မှာ အဆင်းအရောင်မဲ့နေတတ်ပေမယ့် သူပျော်တယ်
ကြယ်တစ်စင်းရဲ့ အလင်းခတ်သံမှာ ရင်ခုန်တတ်ခဲ့လို့........တဲ့လေ

ကမ္ဘာတစ်ခြမ်းမှာ လင်းနေတဲ့အခါ ကျန်ကမ္ဘာတစ်ခြမ်းမှာ မှောင်နေမှာလား
ကြယ်စင် မင်းအားမငယ်နဲ့
ဒီကမ္ဘာအတွက်သာမင်းအလင်းဟာအဖျောက်ခံထားရတာ ကျန်ကမ္ဘာတစ်ခြမ်းမှာမင်းဟာ
လင်းလက်တဲ့ ကြယ်စင်တစ်ပွင့်ပဲ
မင်းအလင်းမှာ ငါ့လိုရင်ခုန်တတ်ခဲ့သူတွေ ဘယ်လောက်များရှိမလဲ
မသိမသာ သဝန်တိုစိတ်လေးနဲ့အတူ မင်းအတွက် လှိုက်ခနဲ ပျော်သွားမိတယ် ယုံ

ကြယ်စင်
ဆူးတစ်စင်းအတွက်အလင်းတစ်ပွင့်လောက်ပွင့်ပေးပါ
ခဏလောက် ရင်ခုန်ကြည့်ချင်တယ်
ခုတော့
အလွမ်းတွေချည်း သိပ်ထားရတဲ့ဆူးဟာ
အရည်အချင်းမဲ့နေတဲ့ ဆူးကောက်တစ်ချောင်းလိုပဲ
ဘာပဲလုပ်လုပ် စိတ်လက်မပါဘူး
ရှင်သန်နေတဲ့ နေရပ်ဌာနေတောင်
အကျည်းတန်လွန်းနေတယ်
ကြယ်စင်
ကောင်းးကင် နယ်မြေမှာ အတူတူဆုံမယ်
သံန္နိဌာန်ချပစ်တယ် ရူးရူးမိုက်မိုက်

ကြယ်စင် လွမ်းတယ်