Saturday 4 May 2013

ကြယ်စင်သို့

သစ်ပင်+ငှက်ကလေး= ဆူးတစ်စင်း+ကြယ်စင်
ကြယ်စင်- သစ်ပင်= -(ငှက်ကလေး-ဆူးတစ်စင်း)
(ကြယ်စင်-သစ်ပင်)+(ငှက်ကလေး-ဆူးတစ်စင်း)= သုည
ကြယ်စင်-ဆူးတစ်စင်း-+ငှက်ကလေး-သစ်ပင်= သုည
-(ကြယ်စင်+ဆူးတစ်စင်း)-(ငှက်ကလေး+သစ်ပင်)= သုည
ညီမျှခြင်း ချကြည့်လိုက်တော့ဘက်ညီပါတယ်
အနုတ်ကိုသာ ဘုံထုတ်ကြည့်လိုက် မင်းနဲ့ငါက ပေါင်းစပ်ဖို့နီးတယ်
ငှက်ကလေး
ကြယ်စင်
အဆိုးမြင်ဝါဒီတွေ တဆိတ်လောက် မောင်းထုတ်ပစ်စမ်းပါ
အဆုံးသတ်မှာ သုညရကတည်းက သေချာနေပြီ
ဒို့တွေ ဘဝရဲ့ မိုင်တိုင်ဆုံးထိ အတူရှိကြမယ် တဲ့