Thursday 16 May 2013

၁၆-၅-၂၀၁၃....



စိတ်တွေက ကိုယ်မှာမကပ်ဘူး
ပြေးတယ်
အဝေးကိုပြေးတယ်
မင်းရှ်ရာကိုပြေးတယ်


ငါက ငါပါ
ငါ့ကိုယ်ငါ ပြန်ပြန် ဖမ်းနေရ
ငါက ပျောက်ပျောက်သွားပြီး
သစ်ပင်တစ်ကောင်သာ ကျန်နေတာ ခဏခဏ
မဟုတ်ဘူး
လုံးဝမဟုတ်ဘူး
အချစ် ကဘဝနဲ့ အလဲအထပ်လုပ်ရတဲ့ ကစားစရာလား
မင်း ခဏခဏပြောတတ်တဲ့ နင်းပြားတေးသွားတွေ
မင်းကိုယ်တိုင် တောက်ခေါက်ရ၉င်း မင်းကိုယ်တိုင်မုန်းနေတတ်တာတွေ
မဟုတ်ဘူး ငါက သစ်ပင်မဟုတ်ဘူး
ဘယ်လိုပုန်းပုန်းမလွတ်တော့ဘူး
သစ်ပင်ရူးဟာ ငါ့စိတ်မှာကပ်ပါးလို
ငါ့အသွေးအသားတွေစုပ်လို့
ငါ့ကိုယ်ပါ မြှိုချသွားပြီ

ငါက ပျောက်ရှ
ငါ ဘယ်မှာလဲ ပြန်ပြန်ဖမ်းတယ်
မရဘူး
ငါက ပျောက်နေတုန်းပဲ

သစ်ပင်ရူးတစ်ကောင်က
ငါ့ဆီလာလာပြီး ငှက်တစ်ကောင်ကို တမ်းတပြနေတယ်
မုန်းတယ်
ငှက်ကိုလည်းမုန်းတယ်
သစ်ပင်ကိုလည်း မုန်းတယ်
အခွင့်ရှိမယ်ဆို ခံစားတတ်တဲ့ ငါ့နှလုံးသားကို ဖေါက်ထုတ်လို့
ငါကိုယ်တိုင် မြည်းပစ်ချင်တယ်
ဒါဆို သစ်ပင်ရူးလေးများ သေသွားမလား..လို့။

2 comments:

မိုးနတ်ကြယ်စင် said...

အခွင့်ရှိမယ်ဆို ခံစားတတ်တဲ့ ငါ့နှလုံးသားကို ဖေါက်ထုတ်လို့
ငါကိုယ်တိုင် မြည်းပစ်ချင်တယ်......

အဲ့နားလေး အရမ်းလန်းတယ် :)
နောက်ပြီး အဲ့အရသာက ဘယ်လိုမျိုးမှန်းလဲ
သိပ်သိချင်တယ်...တော်တော်
စိတ်ဝင်စားစရာ ကောင်းမှာပဲနော် :)

Unknown said...

း) သိချင်တယ် နာလည်းး)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်