Saturday 25 May 2013

၂၄-၅-၂၀၁၃----



ငှက်တစ်ကောင်ကို လွမ်းဆွတ်နေတဲ့ သစ်ပင်တစ်ပင်

တကယ်ဆိုသူက အရူးပဲ

စိတ္တဇ အချစ်တွေကို အထပ်ထပ်ပျိုး

လိုချင်သူမရှိလည်း

သူကတော့ ပန်းပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့်ခြွေတယ်



သူက ကဉ္စနာကို သဘောကျသူ

ဥပက္ခာဒေဝီ စာအုပ်ကို ဖတ်မိတိုင်း

ဇာတ်သိမ်းခန်းဆို အမြဲ

သန်လျက်ကိုကိုင်တတ်ချင်သူ

အဲသလိုလူက ငှက်ကလေးတစ်ကောင်ကို သဘောကျခဲ့တယ်

သူက ဘာဆိုရိုးစကားကိုမှ မဖတ်ဖူးခဲ့သလို

အသိပညာလည်း မထက်မြက်ခဲ့ပါဘူး

သင်ကြားခဲ့တဲ့ ရိုးရိုး အတန်းပညာရပ်မှာတောင်

ဂုဏ်ထူးတစ်ခုမရခဲ့ဘူး

သူက ရေဆို သန့်မှ ကြိုက်တတ်သူ

တွင်းရေဆို မသောက်ချင်ဘူး

ထမင်းဆို ပျော့တူးမနပ်ဆိုတဲ့ အရာကို ရှောင်တတ်သူ

အဲ့သလို ဇီဇာကြောင်တတ်သူက

ငှက်ကလေးတစ်ကောင်ကို အကြောင်းပြချက်မရှိပါပဲ ငေးကြည့်နေတတ်ခဲ့တယ်

ရွာတယ်

မိုးတွေ သဲကြီးမဲကြီးရွာတယ်

ငိုတယ်

သစ်ပင်လေး လွမ်းလွန်းလို့ ငိုတယ်

ဟုတ်ကဲ့

အဲဒီနေ့က သစ်ပင်လေးတစ်ပင် ခဏတာ နာဖျားသွားခဲ့တယ်

လွမ်းလွန်းလို့တဲ့လေ...။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်