နာရီလက်တံတွေပြေးနေတယ်
ဟုတ်တယ်
သူတို့ပြေးနေတယ်
ကျွန်တော် ငေးနေတယ်
ဟုတ်တယ်
ကျွန်တော် ငေးနေတယ်
call ဆိုတဲ့ ခလုတ်လေးက ကျွန်တော့်ကိုလှောင်တယ်
မလှောင်နဲ့
မလှောင်နဲ့
တခါတခါကျ မာနတွေ သိက္ခာတွေဆိုတာ သိပ်ရှုပ်တာပဲ
ညည
အိပ်မက်တွေ မမက်ချင်တော့ဘူး
တာရှည်လာတဲ့ ညတွေကို ပိုတိုအောင်လုပ်ဖို့
ဘာဆေးသောက်ရမလဲ
တိုက်ဆိုင်မှုတစ်ခုကို အရူးလိုပြုံးမိတာအခါခါ
တကယ်သာဆိုရင်.................
ကမ္ဘာတစ်ခုလုံးပြိုအောင် ထခုန်မိမတက် ပျော်မိမယ်
ညည
အိပ်မက်တွေ မက်ရတာအခါခါ
ညတာကလည်း ပိုပိုရှည်လာဆဲ
.......
2 comments:
အဲ့ဆေး တကယ်သောက်မလို့လား မရည်ဝေ :P
မလုပ်နဲ့နော် :)
သောက်ဘူး :D
Post a Comment
မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်