Saturday 11 May 2013

“..ဘဝပန်းချီဟာ.ဘောင်..မှာ ပိတ်မိနေတယ်.”



ပြေးထွက်ချင်စိတ်တွေနဲ့
စိတ်တွေ လွှင့်တင်နေခဲ့တယ်
ဒါပေမဲ့လည်း မလွတ်ပါဘူး
တာဝန်ဆိုတာ
ရှောင်လွှဲဖို့မှ မဟုတ်တာပဲ။


မမြင်နိုင်တဲ့ ကြိုးတွေနဲ့ ချည်နှောင်ထားခဲ့
မမြင်နိုင်တဲ့ ဝန်တွေနဲ့ ဖိထားခဲ့
မပြတ်နိုင်တဲ့ ကြိုးတွေနဲ့မှ တုပ်နှောင်ခံမိခဲ့သူ
.............
ကိုယ်ခြယ်တဲ့ ဆေးသားဟာ ကိုယ်ရွေးချယ်ခဲ့တာပဲ
ဘာတတ်နိုင်မလဲ
ခြယ်လက်စအတိုင်းဆက်ခြယ်ရုံ..။

မငေးနဲ့ မငေးနဲ့တော့
မတွေးနဲ့ မတွေးနဲ့တော့
မတွေဝေနဲ့ မတွေဝေနဲ့တော့
ကိုယ်ခြယ်တဲ့ဆေးသားနောက်
တည့်တည့်မတ်မတ်လိုက်လျှောက်တော့
ကိုယ့်နှလုံးသားနဲ့ ခြယ်တဲ့ ဘဝပန်းချီ
တပါးသူအတွက် လှဖို့မလိုဘူး
ကိုယ့် စိတ် လုံရင် ပြီးပြီ
တာဝန် ဆိုတာ ရှောင်လွှဲလို့မရဘူး
ဒီစကားတစ်ခွန်းနဲ့ပဲ ...
ဘဝပန်းချီကို ဆက်ဆေးခြယ်တော့
ဘာပန်းချီကားပဲထွက်ထွက်
ကိုယ်ကိုယ်တိုင်တာဝန်ယူရမဲ့ ဆေးစက်တွေမဟုတ်လား
မတွေဝေနဲ့တော့
ဆက်..ခြယ်...ပါ။

ပြေးထွက်ချင်စိတ်တွေနဲ့
စိတ်တွေ လွှင့်တင်နေခဲ့လည်း
ကိုယ့်စိတ်ရဲ့ဘောင်မှာ ငြိနေတယ်.....။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်