Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, 24 February 2014

မိတ်ဆွေ

စိတ်ရှိသမျှ ရွာချဖို့ စကားတွေ ခန်းနေတဲ့အခါ
ကိုယ်ကိုယ်တိုင်ပဲ တိတ်ဆိတ် ဆွံ့အ
တေမိလူသား ဆိုတဲ့ အဖြစ်သာ ထိုက်တန်တယ်။

စိတ်ရှိသမျှ စကားတွေရွာချဖို့ မသင့်တော်တဲ့အခါ
---

Friday, 21 February 2014

“ထမင်းရည်ပူ စည်း ဘေးက လွယ်အိတ်နှစ်လုံး”


“ထမင်းရည်ပူ စည်း ဘေးက လွယ်အိတ်နှစ်လုံး”


--+++---
ငါ့လို ဘေးစောင်းလွယ်အိတ်လေးတစ်လုံး တွေ့တယ် ။

သူ့မျက်နှာမှာ ငါ့လိုပဲ အကြည်ရောင် ကျည်ကာလေးဝတ်ဆင်ထားတဲ့ လွယ်အိတ်လေးကို တွေ့တယ်။
သိလား။ ငါတို့နှစ်ဦးကြားက နားလည်မှုအရ။ ကျည်ကာ ကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ အနာတရတွေရှိတယ်။ ကျည်ကာကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ အမှန်တရားတွေရှိတယ်။ ကျည်ကာကိုယ်စီအောက် ဖုံးကွယ်ထားတဲ့ ထေ့ငေါ့မှုလေးတွေရှိတယ်။
“ခင်ဗျားက သိပ်မာန်တက်တာပဲ”
သူ့ပြောစကားမှာ ငါ့မျက်ဝန်းတွေ ရယ်ဟဟပြောင်းသွား။ ဟင့်အင်း။ စိတ်မဆိုးခဲ့ပါဘူး ကလေးရယ်။ မာတင်းနေဟန်ဆောင်ရတဲ့ ငါ့စိတ်ကြီးကို မင်းနားမလည်တာပဲ ရယ်ချင်တာ။ သိလား။ ငါ့အမှန်တရားကို ထုတ်ပြဖို့ တစ်ခါမှ မရဲဝံ့ဖူးဘူး ကလေးရဲ့။ ငါရဲဝံ့ခဲ့ဖူးတာ မင်းတစ်ယောက်တည်းအတွက်ပဲ။ အတွေးထဲမှာ စကားတွေ ဆိုနေခဲ့ပေမဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြင်ပမှာနေထိုင်တယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် ငေးကြည့်နေကြရအောင်။ ငါ့မျက်ဝန်းနဲ့ မင်းမျက်ဝန်း အကြည့်ချင်း သော့ခတ်ထားကြေး။ ကဲ ဘယ်လိုလဲ။

Sunday, 16 February 2014

“စိတ်အခင်းအကျင်းဟာ လိုက်မမီနိုင်လောက်အောင်ထိ ဝင်္ကပါဆန်နေတဲ့အခါ ကျွန်တော် သိမ်ငယ်လာမိတယ်”


ပေါင်း နုတ် မြှောက် စား
ခုထိ မကျွမ်းကျင်သေးတဲ့အရာပဲ
လမ်းတစ်ဝက်ရောက်ြ့ပီလား
အရှေ့ဆီ ငေးလေသမျှ
ဝေးနေဆဲ လမ်းကြောကိုပဲ မြင်တဲ့အခါ
စိတ်ကြီးက ပိုပိုမောလာ။

Sunday, 9 February 2014

ငါတို့ ရိုးသားဖို့ မေ့ခဲ့ကြ

ငါတို့ ရိုးသားဖို့ မေ့ခဲ့ကြတယ်
---xxx----




အရှေ့အရပ်က နေထွက်တယ်
ဘယ်သူပြောခဲ့သလဲ ဒါဟာအရှေ့ပါလို့
ဒီသီဝရီကို အမှန်တရားလို့ လက်ခံရင်းနဲ့ပဲ ငါတို့
ရှေ့ဆက်
စောဒက ဆိုတဲ့စကားကို မေ့လျော့ထားခဲ့တာ ဘယ်လောက်ကြာခဲ့သလဲ
အနောက်ရပ်ဆီ နေဝင်တယ်

Tuesday, 28 January 2014

ရင်အက်ရာသီ

“ရင်အက်ရာသီ”

ဖျတ်ခနဲ ဖြုတ်ခနဲ အသိဝင်တယ်
စည်း
တကယ့်အတည်သာ ကြုံတွေ့ဖြစ်ခဲ့ရင် ရင်တစ်ခုလုံးနင့်နေမလား

ခုထိ ငါ့နှလုံးအိမ်က မျက်ရည်စတွေ မခမ်းသေးဘူး
ဆက်လက်
တစက်စက် စီးယိုကျ

သွေး
မတော်
သား
မစပ်
ရင်ခွဲဖို့ ဓါးတစ်လက်ကို
အလိုလို ပေးအပ်မိလျှက်သား

စိတ် ကြီး မနာတတ်ခဲ့ပေမယ့်
စိတ် ကြီး နင်နေတတ်ခဲ့
စက္ကန့်မလပ် တွေးမိတဲ့ အရာတစ်ခုက
အတည်ကြီးသာ ဖြစ်ခဲ့ရင်

အောင့်သက်နေတဲ့ ရင်ဘက်ကြီးက
ခုထိအနာမကျက်ခဲ့
ဖျတ်ခနဲ ဖြုတ်ခနဲ
စည်း
ဆိုတဲ့ စကားလေးကိုသတိရလိုက်တယ်

စည်းလွတ်ဝါးလွတ်
တစ်ကိုယ်တော် ကကွက်တွေနဲ့
ငါ
ကကြိုးဆင်ခဲ့မိသလား

ကိုယ့်မျက်ချေးကိုယ်ပြန်မြင်မိတိုင်းမှာ
အားနာစိတ်တွေနဲ့
ပွဲခင်းက ထွက်ပြေးချင်နေမိခဲ့

စည်းလွတ်ဝါးလွတ် ကကြိုးဆင်ခဲ့မိတယ်ဆို
တောင်းပန်စရာ ဆိုစရာ
စကားဟာ အ ထစ် အ ထစ်
ရင်နင့်တဲ့ ရာသီ
ရင် အက် ရာသီ
ဖြိုးခနဲ ဖြောင်းခနဲ
ချိုးချိုးချွတ်ချွတ် ကျိုးကြေ
နှလုံးသား အကိုင်းအခတ်တွေ
တစ်လွှာချင်းစီ
ကြွေ
..................ကျ
.......................................ခဲ့။

ရည်ဝေ(လင်းရောင်ခြည်)

Wednesday, 1 January 2014

“တစ်နေ့နေ့....”



>>>>>>အချိန်
>>>>>>
>>>>>>လူ
တစ်နေ့မှာ
>>>>>>
>>>>>စိတ်
>>>>>>>
?????????????????????????
အရှိသည်ပင် မရှိခြင်းဖြစ်၍
မရှိခြင်းသည်ပင် အရှိဖြစ်သည်။
အဖူးအငုံလေး၏ ကြီးရင့်ခြင်းသည်ပင် ပွင့်အာခြင်းဖြစ်၍ ပန်းပွင့်လေး၏ ကြီးရင့်ခြင်းသည်ပင် မြေသက်ကြွေကျခြင်းဖြစ်သည်။
တစ်နေ့နေ့တွင်
အချိန်(လူ+စိတ်)
အချိန်(စိတ်)

ရည်ဝေ(လင်းရောင်ခြည်)

Monday, 29 July 2013

twist


လရောင်သေနေတဲ့ နှလုံးသား
ဘယ်ခါမှ လင်းမယ်မသိဘူး
အချစ်ဆိုတာ အခါခါ ရိတ်သိမ်းလို့ရသလား
တကယ်ဆို ကိုယ်ကိုယ်တိုင် မစိုက်ပျိုးခဲ့ပါဘူး
နှလုံးသားအလိုကို လိုက်ရုံတင်။

လမ်းခွဲ



တိတ်တိတ်ကလေး ပြေးသွားတဲ့ လေပြေမှာ
နင့်ရနံ့တွေ ဘာ့ကြောင့်ပါလာတာလဲ

မမလေး ပန်ဆင်စရာမဟုတ်တော့
ငါ မသုံးတတ်တဲ့ ပန်းခရေတွေလည်း မြေမှာ အပြန့်အကြဲ


The End ဆိုတဲ့ စာတန်းထိုးမှ
နင်ကခဏခဏလာပြုံးပြတယ်
တကိုယ်တည်းလွင့်နေတဲ့ စိတ်တေလေက
မခိုင်မခန့်သေးပေမယ့်
End ဆိုတဲ့ စာလုံးကို
နှလုံးသားမှာ ကမ္ဗည်းထိုးမိခဲ့........။


ရည်ဝေ(လင်းရောင်ခြည်)

Saturday, 27 July 2013

ဖီလင်၂၈

ဖီလင်၂၈-

စွန်းဝင်လာတဲ့ ရက်တွေ
တစ်ရက်ချင်းစီ လက်ချိုးမရေခဲ့ပေမယ့်
တစ်ရက်ချင်းစီဟာ အကျိုးမဲ့ပျောက်ဆုံးသွားကြောင်း
သတိတရ ဆန်းစစ်မှုမှာ ကိုယ်ဟာ အထိတ်တလန့်
ကိုယ် ရေမြွေတစ်ကောင်မဖြစ်ချင်ဘူး

ကိုယ့်အတွက်တော့ အချစ်ဆိုတာ

စံပယ်တွေဖူးနေပါလျှက်
ရနံ့တွေ လိုက်ရှာနေမိတုန်း
တောင်တွေ တွေ့နေပါလျှက်
မြေသားအခင်းကို တမ်းတနေမိခဲ့
ကိုယ်ဟာ နတ်မလိုက်နိုင်တဲ့ လောဘဆိုးလေးတစ်ခုလို

Monday, 15 July 2013

တခြမ်းပဲ့ လ

ကိုယ့်ကိုယ်ကို တူးဖေါ်ကြည့်လိုက်တယ်။ အကြီးစားလူလိမ်။ ဟုတ်တယ်။ အကြီးစားလူလိမ်ပါ။

စလုံးနဲ့စ စနစ်တကျ အကွက်ချလို့ လိမ်တတ်တယ်။ မယုံနဲ့။ မယုံကြနဲ့ဗျ။
ခဏခဏလိမ်းကျံထားတတ်တာက အဖြူရောင် အတ္တအပိုင်းအစများ။အပြင်ပန်းက ဖြူနေသမျှ အတွင်းမှာ အတ္တတွေ လှိုက်စားနေလိုက်တာ ဘယ်သူမှ မသိကြဘူး။

Wednesday, 10 July 2013

အစွန်းများ

ပေါင်းနုတ်မြှောက်စားနဲ့
အချိန်ကုန်နေရတာကြာလာတော့
စာရေးဖို့စိတ်ကလေးဟာ လူးလူးယိုင်ယိုင်ဖြစ်လာတယ်
သုည ငါးလုံးလေးဟာ
ဘယ်လောက်မှ အသုံးမခံတဲ့အခါ
တကယ်နေနိုင်ပါ့မလား ကိုယ့်ကိုယ်ကိုပြန်သံသယဝင်လာတယ်

လူ

ကိုယ်တိုင်ပျောက်ရှသွားမယ့်
သင်္ခါရမှန်းသိခဲ့တယ်
ခက်တာက
ခုထိစိတ်ကုန်လက်ပမ်းမရှိသေးဘူး
ဘဝကြီးကိုက
အကောင်းဆုံးကစားကွင်း
တစ်ခုပဲ
အဝေးကွင်းမှန်းသိသိနဲ့
အိမ်ကွင်းအဖြစ်အမှတ်မှား
ပရိတ်သတ်အားရှိတယ်ဆိုပြီး
ကစားကွက်တွေချော်တာဆိုးတယ်
ဒါပေမယ့်လည်း
စိတ်ကုန်လက်ပမ်းမကျသေးဘူး
ကိုယ်တိုင်ပျော်ကျတဲ့အထိ
ကစားလို့ကောင်းတုန်း ..,။

ရည်ဝေ(လင်းရောင်ခြည်)

Monday, 8 July 2013

ငယ်

“ငယ်”

ငယ်
အလွမ်းတစ်ခု ဖန်တီးမိတယ် ငယ်
မနေ့က
ဟိုတနေ့က
ဟိုးတလောက
ဟိုးတစ်လက
ငယ်
ပုံရိပ်တွေဟာ နှလုံးသားမှာ ဆန်းသစ်လာ
တကူးတကအလွမ်းဟာ နှလုံးသားကိုစိုက်စိုက်လာ
ရုန်းထွက်တယ်
ငြိ ငြိ ငြိတယ်

Saturday, 6 July 2013

ခရီးဆက်မယ်

“ခရီးဆက်မယ်”

ကမ်းမမြင်လမ်းမမြင်
ဖူးပွင့်နေတဲ့ အိပ်မက်တွေ
လရောင်ဆမ်းတဲ့ လမ်းကိုမှ လျှောက်ချင်နေသတဲ့
ဆက်ပေါ့
လရောင် မခပ်နိုင်သေးခင် ခဏလောက်တော့ ပင်ပန်းလိုက်ဦး
ဖိနပ်ပေါက်သည်ထိ လျှောက်ကြစို့ဦးရဲ့။

ဟိုမှာဒီမှာ
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လမ်းချော်သူတွေရှိတယ်
ဟိုမှာဒီမှာ
ကိုယ့်ခံယူချက်နဲ့ကိုယ် လမ်းကျော်သူတွေရှိတယ်
ဒီမှာဒီမှာ
ကိုယ့်ခံယူချက်နဲ့ကိုယ် ဖေါ့ဆို့လို တန့်နေရသူတွေရှိတယ်
ဒါပေမယ့်လည်း နှလုံးသားတွေ ပေါက်ပြဲသည်ထိ ဆက်ကြစို့ဦးရဲ့။

မတွေးမမြင်မသိခြင်းတရား
ဒီသုံးပါးကို သိရင် အားလုံးကျော်ဖြတ်နိုင်တယ်
မတွေးခြင်းကြောင့် အဆုံးသတ်ကို မမြင်
မမြင်တဲ့အတွက် အဆုံးသတ်ကို မသိ
အဆုံးသတ်ကို မသိတဲ့အတွက် ရှေ့ကိုပဲ ခရီးဆက်ချင်နေတယ်
ဆက်ပါလေ
လရောင်ဆမ်းတဲ့ လမ်းလေးက စောင့်နေပါတယ်
ဒို့လက်တွေ ပေါက်ပြဲသည်ထိ ခရီးဆက်ကြစို့ဦးရဲ့။

အဆုံးသတ်ကတော့မမျှော်လည်း ရောက်လာ လိမ့် မယ်။

ရည်ဝေ(လင်းရောင်ခြည်)

သူငယ်ချင်းပေးတဲ့ လက်ဆောင်ကဗျား)

သူဟာ ငှက်ကလေးပေါ့။
လွတ်လပ်ခြင်းတွေကို ကောင်းကင်လို့ သူသတ်မှတ်ထားတယ်။

ကိုယ်ဟာ သစ်ပင်လေးပေါ့။
ငှက်ကလေးခိုနားဖို့ အသိုက်ကို
အချစ်လို့ ကိုယ်သတ်မှတ်ထားတယ်။

ငှက်ကလေးလား..........သူ မာနသိပ်ကြီးတာပေါ့ ။
သစ်ပင်လေးလား..........သူ သိပ်သိုဝှက်လွန်းတာပေါ့ ။

ငှက်ကလေးက သစ်ပင်လေးကို တွယ်တာသတဲ့ ။
သစ်ပင်လေးက ငှက်ကလေးကို မြတ်နိုးသတဲ့ ။

သစ်ပင်လေး စိုးရိမ်တာ တစ်ခုရှိတယ်
ငှက်ကလေးတောင်ပံတစ်ချက်ခတ်တိုင်း
သူ့အနားက ပျံထွက်သွားမှာကိုပေါ့ ။

ငှက်ကလေး စိုးရိမ်တာ တစ်ခုရှိတယ်
သစ်ပင်လေးရွက်ကြွေတွေ ဝေတိုင်း
သူ့အပေါ် စိတ်ပြောင်းသွားမှာကိုပေါ့ ။

ဒီနေ့
မိုးတွေသည်းတယ် လေတွေထန်တယ်
မိုးသည်းထဲက သစ်ပင်လေး
ခိုက်ခိုက်တုန်အောင် ချမ်းနေရှာတယ်လေ ။
ငှက်ကလေးရေ......... ငှက်ကလေး........
မင်း ဘယ် ရောက် သွား တာ လဲ ဟာ ။

မျိုးကို

(သစ်ပင်လို့ ကိုယ့်ကိုကိုယ်နာမည်ပေးထားတဲ့ မရည်ဝေအတွက်) :P

Friday, 5 July 2013

ဂျစ်

ထမင်းသိုးဟင်းသိုးလေးပါလေ
စိတ်လိုလက်ရ ရှိမှ
သတိတရစကားဆိုတတ်တာမဟုတ်လား

ဝေခွဲဖို့လည်းမတတ်ဘူး
ပိုင်းခြားဖို့လည်း စိတ်မဝင်စားဘူး
အရာမဝင်တဲ့နေရာမှာ
အရောင်လက်မပြချင်ဘူး

ဂျင်းစိမ်းနဲ့မိဿလင်လို
မှန်စည်းမျဉ်းကိုပဲနှစ်သက်
ကိုယ့်စိတ်ပျော်ဝင်မှုကိုပဲ
အရောင်လက်စေချင်ခဲ့တာ

မကြမ်းတကြမ်းလမ်းလေးပါ
ဖိနပ်ပေါက်သည်ထိလျှောက်မယ်
အရာဝင်ဖို့တော့မဟုတ်
ကိုယ့်နှလုံးသားကိုယ်
အရောင်လက်စေချင်လို့ပါ။

Wednesday, 3 July 2013

သွားတော့နော်

သွားတော့နော်
ကိုယ်နဲ့ မထိုက်တန်မှန်းသိတဲ့အခါ
ငေးနေရမှာကိုတောင်အားနာရှက်ရွံမိလာတယ်

သွားတော့နော်
ကိုယ့်အဝေးမှာနေမှ သူပျော်မယ်ဆို
ဒီကြိုးလေးကို ကိုယ်ကိုယ်တိုင် ဖြတ်ပေးချင်မိလာတယ်

အလွမ်းကြောင့်ရူး

ဖြည်ချလိုက်တဲ့ အလွမ်းမှာ
နာမည်တစ်ခုသာာကျန်ခဲ့
လွတ်လွတ်ကျွတ်ကျွတ်ကြီးရူးတော့မယ်ထင်ရဲ့

အသံစလေးတွေဟာ အလွမ်းမပြေစေဘူး
ဖုန်းကလေးကို ပိတ်လို့ အိပ်ပစ်မယ်
အိပ်မက်မှာ တွေ့ခွင့်ရချင်ရဲ့

နှလုံးသားစောင့်နတ်ကလေးရေ
ကိုယ့်အိပ်မက်ကို လာပါ
ကျေးဇူးပြု၍
ကိုယ့်အလွမ်းကို နှစ်သိမ့်ပါ

ဖျက်ပစ်ဖို့ မေ့နေတဲ့ မန်မိုရီတွေမှာ
နင်သာ နေရာယူထားကြောင်း
ငါဘယ်လိုပြောရမလဲ

ရူးတယ်
လွတ်လွတ်ကျွတ်ကျွတ်
အလွမ်းတွေဟာ လေးသထက်လေးလာ
ကိုယ့်ရင်တစ်ခုလုံး လွတ်ဟာစရာနေရာမရှိခဲ့

ကျေးဇူးပြု၍ ကိုယ့်အလွမ်းတွေကို ဖြေသိမ့်ပေးပါ။

သုညလူ

“သုညလူ”

အိပ်မက်တွေ လက်သိပ်ထိုးရောင်းချင်တယ်
ဟိုတစဒီတစ
မပီပြင်တော့တဲ့ အိပ်မက်နယ်ပယ်များ
ဖြစ်ချင်တာတွေများပြီး ဖြစ်သင့်တာနည်းလာခဲ့
ဘဝမှာ ကိုယ်ဟာ ဆန်ကုန်မြေလေးရုံသက်သက်ရှင်သန်ခဲ့သလား
သိလျှက် လမ်းပျောက်နေတဲ့ အဖြေတွေ
လိုက်မရှာချင်ဘူး
တစ်နေ့ တွေ့မယ်

ကိုယ်မတည်ဆောက်ပေမဲ့
ကိုယ့်ရည်မှန်းချက်အတွက် ဖြစ်လာမယ့် လှေကားတစ်စင်း
လမင်းအလင်းကို ခပ်ဖို့ အသုံးပြုစေတဲ့

လက်ဆုပ်လက်ကိုင်မပြနိုင်သော ပန်းတိုင်များ
အရာရာဟာ စိတ္တဇနာမ်
ဒြပ်မရှိတဲ့ ပန်းတိုင်တွေကိုပဲ ကိုယ်
တစ်ခုပြီးတစ်ခုမျှော်ကြည့်နေမိခဲ့
လမင်းအလင်းကို ခပ်ဖို့ ကြိုးစားနေမိရဲ့။

ရည်ဝေ(လင်းရောင်ခြည်)