Monday 1 April 2013

၃၁-၃-၂၀၁၃ ချစ်သူသို့...

ဒီလမ်းကို ငါဆက်လျှောက်တယ်
မင်း သိရင်တောင် မမြင်ချင်ယောင်ဆောင်ပေးပါ
ဒီချစ်ခြင်းကိုဆက်ထမ်းပိုးထားတယ်
မင်း မြင်ရင်တောင်မသိချင်ယောင်ဆောင်ပေးပါ

 လေပြေလေးတွေ တိုက်ခတ်နေတာတွေ့ရင်
အရင်လို ငါ့ကဗျာတွေကို သတိတရ ရှိမနေနဲ့တော့
မင်းရဲ့ ဖေဖေါ်ဝါရီ၁၄ပိုင်ရှင်လေးဆီမှာ ဆက်နေပါ

ကောင်းကင်ကို မော့ကြည့်မိရင်
ငါ့ကဗျာတွေကို သတိတရနဲ့ မပြုံးနဲ့
မင်းပြုံးလိုက်တိုင်းမှာ
ငါ့အတွက် အချစ်ခါးခါးတွေ ဟာ သတိတရရှိစေလာတယ်

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်