Sunday 7 April 2013

၇-၄-၂၀၁၃ ချစ်သူသို့ တစ်နေ့တာ




ဧဒင်နဲ့ပတ်သတ်လာရင်
ဇာတာက အနုတ်ဘက်မှာ
ကိုယ့်အကြောင်းကိုယ်သိပါလျှက်
မရည်ရွယ်ပဲ ခူးမိခဲ့ ဒီသစ်သီး
ပြန်ထွေးဖို့လည်း မဖြစ်နိုင်တော့
အတူတူ စားသုံးမယ့် ငှက်ကလေးကို မျှော်မိတယ်



အေးခဲလွန်ဆောင်းရာသီမှာ
သစ်ပင်ဟာ ဆောင်းငွေ့တွေနဲ့ အတူရှင်သန်နေခဲ့
လိုအပ်နေတဲ့ ရင်ငွေ့ဟာ ရောက်မလာခဲ့ဘူး
အဝေးဆုံး....
ဟိုး အဝေးဆုံးမှာ
သူ ပျော်နေခဲ့တယ်

တကယ်ဆို
သူမပေးလည်း ကိုယ်ဟာ
ဒီပြဇာတ်ကို ဆက်ကသွားမှာ သက်ဆုံးတိုင်
ပလော့တ်အမှားတွေ လာလာမပေးနဲ့
ပလော့တ်တွေ လာလာမပြောင်းနဲ့
ကိုယ့်ဇာတ်နဲ့ကိုယ် က ကြေး
မင်းပျော်တဲ့ မင်းငှက်ကလေးဆီမှာနေ
ငါ့အလွမ်းတွေကို မတိုက်ခိုက်လာနဲ့
တားမြစ်တယ်

ဖြစ်တည်လာတဲ့ ချစ်ခြင်းဟာ အမှားလား
ခယ.. တောင်းခံနေရလောက်အောင်ထိ ငါမရူးဘူး
တစ်ခုတည်း...ပဲ။
ချစ်ခွင့်ရနေခြင်းမှာ ချစ်နေပါရစေ
အချိန်တန်လာတဲ့အခါ
မင်း ငါ့အချစ်တွေကို မေ့နိုင်မယ်။

ပျော်နေ..
ပျော်နေပါ
ပျော်နေပါလေ
မင်းငှက်ကလေးနဲ့မင်း
ပျော်နေပါ
ဒီခံစားချက်ဟာ မှားတယ် ငါမတွေးသေးဘူး
ငါ့ရူးမိုက်မှုနဲ့ငါ
တခါတလေ ဆုံဖြစ်ရင် မျက်နှာလွှဲပေးပါ ငှက်ကလေး
တကယ်ဆို မင်းငါ့ကို လှည့်မကြည့်ဖြစ်ရင်
ငါ့ချစ်ခြင်းတွေ မင်းမသိနိုင်ဘူး
တစ်ချက်လောက်...
မျက်နှာလွှဲနေ...။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်