Monday 8 April 2013

၈-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


လှည့်မကြည့်မိချင်သော နှုတ်ဆက်စကားများ
လက်မပြချင်သော လမ်းခွဲများ
ငှက်ကလေးရေ ခင်ဗျားနဲ့ပတ်သတ်ရင် ကျွန်တော်ဟာ အဲဒီလောက်ထိ ရူးတဲ့သူပေါ့
နှုတ်ဆက်ခြင်းကို မုန်းတယ်


ငှက်ကလေးက
လူကြီးဆန်ပါ
ရင့်ကျက်ပါ
ကျွန်တော့်ရဲ့ ဒိသာပါမောက္ခ
သင်ပြပေးပါ
ကျွန်တော် လူငယ်ဆန်လွန်းသွားရင်
ကျွန်တော့်ကို ဆူပါငေါက်ပါ

သစ်ပင်က မရင့်ကျက်သေးဘူး
ဟိုလူးဒီလူး
ဆယ်ကျော်သက်အရူးလေးပါ
ဒါပေမယ့်လည်း
အကြီးကြီး ချစ်တတ်တယ်
ခိုင်ခိုင်မြဲမြဲ။

ငှက်ကလေးရေ
ကျွန်တော်က သစ်ပင်ငယ်
စိတ်လည်းငယ်တယ်
ကျွန်တော့်စိတ်ရဲ့ ကြီးမြတ်မှုဟာ
ဝလုံးလေးတွေမြင်မိတိုင်းသိမ်ငယ်သွားရ
ဝန်တိုမှုမဟုတ်ဘူး အားလျော့မှုပါ

ငှက်ကလေးရေ
မပြီးသေးတဲ့ဒီကဗျာတွေကို
အစကနေ သေချာဖတ်ကြည့်လာခဲ့
ကဗျာထဲက စကားတွေနားလည်ရဲ့လား
နားမလည်ရင် တစ်ခေါက်ထပ်ပြောမယ်
ကျွန်တော်က ဆယ်ကျော်သက်အရူးလေးပါ
ဒါပေမယ့်
စိတ်ကူးမယဉ်ဘူး

အချစ်တစ်ခုကို ရူးရူးမိုက်မိုက် ဖူးပွင့်မိယုံတင်။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်