Monday 22 April 2013

၂၂-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

မဆုံနိုင်တော့ဘူး မဆုံနိုင်လောက်တော့ဘူး
ခဏခဏညာတယ်
ခဏခဏ ပျက်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ
ကြာလေကြာလေ ရူးလေ
ငှက်ကလေး
သစ်ပင်ရူးတစ်ကောင်ကို ခွင့်လွှတ်ပေးနိုင်မလား
ခဏခဏမပြုံးပါနဲ့ ငါထပ်ရူးမိမှာစိုးတယ်
ခဏခဏမရယ်ပါနဲ့ ငါထပ်မူးမိမှာစိုးတယ်
ခဏခဏမမှိုင်ပါနဲ့ ငါစိတ်ပူမိမှာစိုးတယ်
ခဏခဏနေမကောင်းမဖြစ်ပါနဲ့ငါစကားတွေကျွံမိတော့မယ်
ခဏခဏအသံတွေ မနာပါနဲ့ငါငိုချင်မိမှာစိုးတယ်
ခဏခဏ ခဏခဏ ခဏခဏ ခဏခဏ။

ခုတွေ့ချင်နေစိတ်တွေကို ဘယ်လိုထိန်းရမလဲ
အလွမ်းဆိုတာ ကြာလေရင့်လေ
အချစ်က ကြာလေစပ်လေ
ငှက်ကလေး ငါ တကယ်လိုအပ်နေပါပြီ
မင်းကို။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်