Wednesday 3 April 2013

၃-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ

ကိုယ်က သိပ္ပံသမား
အတွက်အချက်ကို ကြိုက်လွန်းလို့
ကျက်စာကိုပြေးခဲ့သူ
ခုတော့ ဒီဦးနှောက်ကို ပြေးပြေးရိုက်ပစ်ချင်တယ်

ဒီချိန်ဆို ဘယ်နေရာမှာလဲ
ဒီချိန်ဆို ဘာများလုပ်နေမလဲ
ဒီချိန်ဆို..
ဒီချိန်ဆို.......

အတွေးတွေနဲ့ရူးပေါ့
မှန်းချက်က မှန်လွန်းဖူးတော့ကြောက်တယ်
ချစ်သူ့ခြေလှမ်းတွေ အမှားများမှာ ကြောက်တယ်
ကိုယ်မပိုင်ဆိုင်ရဘူးဆိုရင်တောင်
ချစ်သူဟာ စံပယ်လို ဖြူစင်နေစေချင်တာ ကိုယ်ဆန္ဒ

ချစ်သူရေ
လွမ်းတယ်
စိုးရိမ်တယ်
နောက်... ယုံကြည်တယ်
ယုံကြည်မှုနောက်မှာ စိုးရိမ်ခြင်းကပ်ပါလာရင် ချစ်သူရယ်မလား
မရယ်နဲ့ ချစ်သူ
ယုံကြည်မှုက နှလုံးသားကဖြစ်တည်ပြီး
စိုးရိမ်မှုဟာဦးနှောက်က ဖြစ်တည်တာ
ချစ်သူရေ...
ခရီးလမ်းပမ်းသာကြောင်း
တစ်နေ့တာမှာ ပျော်ရွှင်နေကြောင်း
စာလွှာလေးပါးရင် သိပ်ကောင်းမှာပဲ
ခုတော့..............
လွမ်းတယ်ဟာ...။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်