Thursday 18 April 2013

“၁၇-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ”




ငှက်ကလေးရေ ပျော်ရဲ့လား
မဟာစေ့စပ်ပွဲမှာ
ငှက်ကလေးနဲ့ ငှက်ကလေးရဲ့ချစ်သူဟာ
အပြုံးမြိုင်နေမှာပေါ့နော်

ငှက်ကလေးရေ ပျော်ရဲ့လား
တရွေ့ရွေ့နီးကပ်လာတဲ့
အချစ်တံခါးပိတ်သံတွေ
ချစ်ခွင့်မရှိတော့မယ့်ေ န့ရက်တွေအတွက်
ငါ ငိုပါရစေ
ဒီနေ့တစ်နေ့တာ ငါငိုပါရစေ



ငှက်ကလေးရေ
အဆုံးသတ်သိတဲ့ ဇာတ်သိမ်းတစ်ခုအတွက် ငါငိုနေတယ်
လှည့်မကြည့်နဲ့
လှည့်မကြည့်နဲ့နော်
ခင်းထားတဲ့ ကော်ဇော်နီပေါ် ပျော်ပျော်ကြီးလျှောက်
ငိုနေတဲ့ သစ်ပင်ရူးတစ်ကောင်က
ငှက်ကလေးအတွက်အရေးမပါတဲ့ စပါးစေ့တစ်စေ့ပါ
တကယ်ဆို
ငှက်ကလေးအတွက် စပါးနှံတွေ ဖန်တီးပေးဖို့ ကြိုးစားမိသူပါ
ခုတော့လည်း...
အရာအားလုံးဟာ မှောင်မှောင်မိုက်မိုက်။

တိတ်တဆိတ်နေ့လည်ခင်း
အလင်းဖျောက်ခံထားရ
စိတ်ကမ္ဘာမှာ အမှောင်တွေဟာ လှိုင်လှိုင်ဝေ
ဝေ ကျနေခဲ့ရ
ဒီညမှာလည်း ကိုယ်ဟာ.....
ငှက်ကလေးအတွက် အလွမ်းကို သတ်ဖို့ကြိုးစားမိဦးမယ်ဆိုတာ
သေချာနေလေရဲ့
သတ်လေသတ်လေ
ရှင်သန်နေတဲ့ အလွမ်းတွေ.....
တစ်နေ့တစ်လံ မရွေ့တဲ့ ပုဂံမဟုတ်ဘူး
တစ်နေ့တစ်မျိုး ပိုတိုးလာတဲ့ အလွမ်းတွေ
ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ဦးမယ်
သူသေမလား ကိုယ်ရှင်မလား
အမှောင်တွေ ဆိုင်းညှို့နေတဲ့ နှလုံးသားဟာ
မလွမ်းတတ်ချင်တော့ဘူးတဲ့လေ...။
လွမ်းဖို့ အခွင့်အရေးဟာလည်း တဖြည်းဖြည်းနဲ့ ဆုံးရှုံးရတော့မယ်..တဲ့

ငှက်ကလေး ငါ ငိုနေတယ်။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်