Sunday 28 April 2013

၂၈-၄-၂၀၁၃ငှက်ကလေးသို့တစ်နေ့တာ




အချစ်=အချစ်
အချစ်=အချစ်
အချစ်=အချစ်
ငှက်ကလေး ဖြစ်ချင်နေတဲ့ ညီမျှခြင်းတစ်ခုပဲရှိတယ်
ယုံကြည်ရက်နဲ့

ငါ့ချစ်ခြင်းကို ပစ်ပယ်ဖို့ မင်းကြိုးစားနေတယ်
သွားပါ


ဟိုးအဝေးဆုံးကိုသွားပါ
ငါမမြင်အောင်ပုန်းပါ
ဟိုးအဝေးမှာငါမမြင်အောင်ရှောင်ပုန်းပါ
ငှက်ကလေး
င့ါကိုယ်ငါ ငှက်ကလေးတစ်ကောင်အဖြစ်အသက်သွင်းကြည့်တယ်
ဘဝကအမြစ်ကိုလေပေါ်ပျံခွင့်မပေးဘူ
မင်းနဲ့အတူပျံသန်းခွင့်ရချင်လိုက်တာ ငှက်ကလေး

ငှက်ကလေး
အလွမ်းတွေချည်းရွတ်ပြနေရတဲ့ ညနေကိုငါမုန်းလာပြီ
ချစ်သူကိုစကားတွေ ခြွေပြနေရတဲ့ ညနေလိုချင်တယ်
ချစ်သူရဲ့ အပြုံးလေးကို တစိမ့်စိမ့်ငေးကြည့်ခွင့်ရတဲ့ ညနေကို လိုချင်တယ်
ချစ်သူ့အသံကို နားဆင်နေရတဲ့ ညနေခင်းလေးကို လိုချင်တယ်
မပြည့်စုံနိုင်တဲ့ လိုအင်ဆန္ဒတွေမှန်းသိရက်
ညနေတိုင်း မျှော်လင့်မိ
မင်းကိုချစ်မိကတည်းကဘဝဆိုတာ ငါ့အတွက်
မပြည့်စုံသေးတဲ့ဟာတာတာ အိပ်မက်တစ်ခု။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်