Saturday 20 April 2013

၂၀-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ

ငှက်ကလေး
တွေ့သလား
ကိုယ်ကလေးဆန်နေတယ်
ကိုယ် စိတ်ကို လွှတ်ပေးနေမိတယ်
တွေ့ချင်စိတ်ပြင်းပြင်းပြပြမှာ
ထိန်းမရတဲ့စကားလု့းတွေက
အန်းတားတစ်ချက်ခေါက်လိုက်တိုင်းပေါ်လာ
ဟောဒီဝါယာကြိုးတွေထဲ ကို ကျုံ့ဝင်နိုင်စွမ်းရှိချင်လိုက်တာ


ဒါဆို ငှက်ကလေးဆီရောက်ဖို့
မိုင်တိုင်တွေ နည်းသွားလိမ့်မယ်
ဒါမှမဟုတ် နေရာအနှံ့ကိုသွားပြီး ငှက်ကလေးရဲ့ ရနံ့တွေကို
လိုက်ပြီး ရှာဖွေမိလိမ့်မယ်
ဒီနေရာမှာ ငှက်ကလေး ကျောင်းတက်ခဲ့တာ
ဒီနေရာမှာ စာသင်ခဲ့တာဆိုတဲ့ အတွေးလေးနဲ့
ငှက်ကလေး ရဲ့ စာသင်ခုံလေးကို ဖက်ထားချင်လိုက်တာ

ငှက်ကလေးရေ
လွမ်းတယ်ဟာ
ဒီစကားတစ်ခွန်းပဲ ဆိုနေရတာ
ကြာတော့့ငါ့နှလုံးသားက နာလာတယ်
မလွမ်းချင်တော့ဘူးလို့ ထပ်ခါထပ်ခါ ရွတ်နေမိပေါ့
ငှက်ကလေးရေ.............
တွေ့ချင်လိုက်တာ....။


ထိန်းထားလျှက်နဲ့ပဲ
လွတ်ထွက်သွားခဲ့တဲ့ သံယောဇဉ်အပိုင်းအစများ
လှောင်လိုလည်း ရှိပစေတော့
ကိုယ်က ရှုံးသူမဟုတ်လား
သွက်လက်နေတဲ့ စကားပြောဟန်တွေမှာ
ကျရှုံးခဲ့ဖူးပြီ
ကျရှုံးနေဆဲပဲ
နှလုံးသားကိုမှ ဆွဲဆောင်နိုင်လွန်းတဲ့ရယ်သံ
စိုင်းစိုင်းလိုပဲ အော်ချင်မိရဲ့
ကျွန်တော် တကယ်ကြီး ကျရှုံးခဲ့ပါတယ် လို့
hey my bird
look here
i be there for you
i fall in love for you
i can't change our fate
i don't talk that believe me
because
my love can't control your mind
and my love can't destroy if you always hate me
so..
so..
hey i miss you
just listen my word
just read my page
that's all
that's all
just fall in lovefor you..

ငှက်ကလေးရေ လွမ်းတယ်..။

 

1 comment:

Anonymous said...

That's all ငှက်ကလေးရေ

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်