Saturday 6 April 2013

၆-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ

“၆-၄-၂၀၁၃ ချစ်သူသို့ တစ်နေ့တာ”



အရာအားလုံး ဆွံ့အတိတ်ဆိတ်

တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားက

စကားတွေ ပြောကြားချင်နေခဲ့တယ်။



ငှက်ကလေး သစ်ပင်

ညီမျှခြင်းချကြည့်တယ်

အချစ်ဖြစ်လာလေမလား

ဒါမှမဟုတ်

သုည ပဲ ရလာလေမလား



လိုက်လေလေဝေးတဲ့နေရာ

ကမ္ဘာ့နွေဦးရောက်နေပါတယ်ဆိုတဲ့

နှလုံးသွေးခမ်းနေတဲ့ ငှက်ကလေး



မင်းက ကမ္ဘာ့နွေဦးမှာ

ကိုယ်က အအေးခဲဆုံးဆောင်းရာသီမှာ

အချစ်တွေဟာ အငွေ့ပျံမသွားနိုင်ဘူး

အေးခဲလွန်းတဲ့

ရေခဲပုံဆောင်ခဲအဖြစ်နဲ့ တည်ရှိနေခဲ့

မင်းရဲ့ရင်ငွေ့နွေးနွေးလေး ရမှ အသက်ရှင်မယ့်အဖြစ်

ငှက်ကလေးရေ...

တစ်ချက်လောက် စောင်းငဲ့ကြည့်

ချစ်ခြင်းတရားဟာ အပူဒဏ်မဟုတ်ဘူး။



ငှက်ကလေးက

သူ့ငှက်ကလေးရဲ့ ရာသီအတိမ်းအစောင်းကို ဂရုတစိုက်ကြည့်နေကျ

သူကိုယ်တိုင်ရဲ့ နွေရာသီကိုတော့ သူ မပြောင်းချင်ခဲ့ဘူးတဲ့လေ



 ငှက်ကလေးရေ

ကိုယ်ဟာလည်း မင်းရင်ငွေ့နွေးနွေးရမှ

အသက်ရှင်ခွင့်ရမဲ့ သစ်ပင်

အေးခဲနေတဲ့ အမြစ်တွေမှာ အတောင်ပံ ရောက်လာဖို့

ငှက်ကလေးရဲ့ ချစ်ခြင်းဖွဲ့တေးသီသံ လိုအပ်တယ်

ငှက်ကလေးရေ

ကိုယ်ဟာ မင်းရဲ့ငှက်ကလေးမဟုတ်ဘူး

ဒါပေမယ့်လည်း

ငှက်ကလေးအတွက်

တေးသီနေတဲ့ ဆောင်းရိပ်ခို သစ်ပင်

ဆောင်းခို သစ်ပင်တစ်ပင်ပါ

အေးခဲနေတဲ့ လေငွေ့တွေမှာ

ကိုယ်မျှော်လင့်နေတဲ့ ရင်ငွေ့နွေးနွေးလေးရဲ့ ရနံ့ပါမလာသေးဘူး

 ကိုယ် ရနံ့ကျူးတဲ့ သစ်ပင်မဟုတ်ပါဘူး

အထပ်ထပ် သစ္စာဆိုပြမယ်

ဤမှန်သော သစ္စာစကားကြောင့်

ချစ်သောငှက်ကလေး ပျော်ရွှင်ပါစေ...။

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်