Saturday 13 April 2013

၁၃-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


ငွေ့ငွေ့လေးမြင်ရတဲ့အရိပ်
သဲ့သဲ့လေးကြားလိုက်ရတဲ့ တောင်ပံခတ်သံ
ငှက်ကလေးရေ
သစ်ပင်ရူးတစ်ကောင်
ရင်တွေ ပူလောင်နေတယ်
နေကျော်ရင်မူးမဲ့ ထန်းရည်ချိုကိုသောက်လို့
တဝကြီး မူးပစ်ကြည့်တယ် မေ့မလားလို့
ရေနံချောင်း ၃၆ က ထန်းရည်ချိုလည်း မကယ်နိုင်ဘူး
နေကျော်ရင်မူးမဲ့အစား
အလွမ်းတွေ ပျို့တက်လာတယ်



ငှက်ကလေး
ကိုယ်ပုပ္ပားတောင်ပေါ်ထိ တက်ကြည့်တယ်
မောပန်းမှုများစွာဟာ ငှက်ကလေးသို့အလွမ်းကို မဖျောက်ပစ်နိုင်ဘူး
အလွမ်းတွေက ပင်ပန်းခြင်းကို ချေဖျက်တယ်ထင်ပါရဲ့
ခုထိ ငါ လွမ်းနေရတာကို မမောသေးဘူး

ငှက်ကလေး
လောကနန္ဒာစေတီတော်ကိုဖူးခဲ့တယ်
အာနန္ဒာကိုရောက်ခဲ့တယ်
ရွှေစည်းခုံကို ဖူးခဲ့တယ်
ဧရာဝတီမြစ်ရေကိုကြည့်ရင်း
အလွမ်းတွေက မူးနောက်နောက်ဖြစ်လာ
ပိုင်ဆိုင်ခွင့်မရမဲ့ကံကို
ဘာ့ကြောင့်များ တမ်းမက်နေသလဲ တွေးရင်း
မာနက ငါ့ကို သတ်နေတယ်
ဒါပေမယ့်လည်း ငှက်ကလေး
ဒီအလွမ်းကို ငါဆက်ပျိုးနေမိတယ်

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်