Monday 29 April 2013

၂၉-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ




ငှက်ကလေး
ငါစိတ်ညစ်နေမှန်းသိရက်
အားပေးစကားတစ်ခွန်းတောင် မကြားရဘူးနော်
ရက်စက်တတ်လိုက်တာ
တကယ်ဆိုမေးသင့်ပါတယ်
မျှော်လင့်မိသူအမှားလို့ပဲ ကိုယ့်ကိုယ်ကို ပုံချလိုက်ပါတယ်

ငှက်ကလေး
အချစ်တစ်ခုဟာ ဖြစ်တည်ပြီးရင် ပျက်ဖို့လွယ်သလား
င့ါကို ဖျက်နည်းသင်ပေးပါ
မင်းနဲ့ ငါ့ကြားက ဝေးကွာနေတဲ့ မိုင်တိုင်တွေကိုကြည့်ရင်း
ငေးငိုင်နေရတဲ့ နေ့ရက်တွေကို မုန်းလာပြီ
ဝေးတယ်
မင်းနဲ့ငါဟာ အရမ်းဝေးလွန်းတယ်
စိတ်ချင်းဝေးကွာတယ်
နေထိုင်ပုံဝေးကွာတယ်
နေရာအကွာအဝေး ဝေးကွာတယ်
ငှက်ကလေး 
ချစ်တယ်ဆိုတဲ့စကားကို အခါခါမသုံးခဲ့ဘူး
မင်းနဲ့ကျမှ သုံးခဲ့မိတဲ့ ဒီစကားတစ်ခွန်းရဲ့ တန်ဖိုး
မင်းမသိပါစေနဲ့
သိခဲ့ရင် မင်းနှမြောမိလိမ့်မယ်
ပြောရဦးမယ် ငှက်ကလေးရဲ့
ကရကဋ်ရာသီဖွါးတွေက အချစ်ရေးမှာကံမကောင်းဘူးတဲ့
ငှက်ကလေးကိုယ့်ကို မချစ်တာ ကိုယ်က ကရကဋ်ရာသီဖွါးမို့ဖြစ်လိမ့်မယ်
နောက်ဘဝကျကိုယ် ကရကဋ်ရာသီဖွါးအဖြစ်ကို ရှောင်ခဲ့ပါ့မယ်
ငှက်ကလေး ကိုယ့်ကို ချစ်ပါ
ငှက်ကလေး
ငါ ခုလိုအပ်နေတာ မင်းရဲ့ အားပေးစကားတစ်ခွန်း
ဘာဖြစ်နေလဲ ဆိုတဲ့ အမေးစကားတစ်ခွန်း
အဆင်ပြေရဲ့လား ဆိုတဲ့ အမေးစကားတစ်ခွန်း
ငှက်ကလေး ငါ ငိုမိတယ်
ကိုယ့်လိပ်ပြာကိုယ်လုံပါရဲ့
ကိုယ့်စိတ်လည်းသန့်ပါရဲ့
လွဲနေတဲ့ အထင်တွေကို မဖြေရှင်းတော့ပါဘူး
ငှက်ကလေး မင်းနားမလည်ရင် ကိုယ့်ကိုမေးပါ
အရိုးသားဆုံး ဖြေပေးချင်လို့ပါ
ငှက်ကလေး
မင်း ကိုယ့်ကို နားမလည်မှန်းသိရက်နဲ့ မမေ့နိုင်သေးဘူး
ချစ်တယ် မျှော်လင့်တယ် တွေ့ချင်တယ်
လိုအင်ဆန္ဒတွေအထပ်ထပ်နဲ့
မင်းကို ချစ်နေမိတုန်း
ကိုယ် တကယ့်အရူးလို့ မင်းတွေးနေပြီမဟုတ်လား
တွေးပါ
တွေးချင်သလိုတွေးပါ
အချစ်နဲ့ပတ်သတ်လာရင် လူတိုင်းရူးတတ်ကြတာပဲ
အရိုးသားဆုံးဝန်ခံပစ်မယ်
ငှက်ကလေးအတွက် ရူးနေတဲ့ သစ်ပင်ရူးတစ်ကောင်ပါ...လို့လေ။



1 comment:

ဇော်သူရ (ပြည်) said...

ဒါလေးသဘောကျတယ်။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်