Tuesday 2 April 2013

၂-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ

ငှက်ကလေးရေ
ဒို့တွေ
တိတ်တဆိတ်နေကြေး
သံယောဇဉ်တွေ ပျိုးမနေမိစေအောင်
တစ်ချက်လောက်မျက်နှာလွဲပေးကွယ်။



ထွက်အံလုလု စကားအခွန်းပေါင်းများစွာဟာ နှလုံးသားထဲမှာ ဟိုဒီလွန်းလွန့်
ငှက်ကလေးရေ တိတ်ဆိတ်နေမိတဲ့ အချိန်များစွာမှာ ကိုယ်ဟာ
မင်းအတွက် စကားများစွာဖူးပွင့်နေခဲ့ကြောင်းမင်းသိမယ်မထင်ဘူး

ဟောဒီရင်မှာ ဖူးပွင့်နေတဲ့ အလွမ်းတွေအကြောင်း
လင်းလက်နေတဲ့ ချစ်ခြင်းတရားအကြောင်း
မင်းသိအောင်ပြောပြချင်မိစိတ်တွေကို ထိန်းသိမ်းနေရ
ငှက်ကလေးရေ
ငါက သစ်ပင်ပါ
ပြောဆိုခွင့်မရှိတဲ့သစ်ပင်
လာပါနားပါ ခေါ်ဆိုခွင့်မရှိတဲ့သစ်ပင်
ကောင်းကင်ကို ငေးကြည့်လို့
မင်းအတောင်ပံခတ်သံသာ နားဆင်နေခဲ့ရ
ငှက်ကလေးရေ
သစ်ပင်ဟာ ဆန့်တန်းထားတဲ့ လက်တွေမှာ 

ငှက်ကလေးကို ထွေးပိုက်ခွင့်မျှော်လင့်နေကြောင်း
ငှက်ကလေး သိစေချင်လိုက်တာ..။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်