Thursday 18 April 2013

၁၈-၄-၂၀၁၃ ငှက်ကလေးသို့တစ်နေ့တာ


တဖျတ်ဖျတ်နဲ့
တောင်ပံခတ်သံ လာပေးသွားတယ်
ကြားလိုက်သူမှာက အရူးတပိုင်းကိုဖြစ်လို့
ငှက်ကလေး
မင်းအတွက်နဲ့ အရူးစိတ်ဟာ ကြာလေ၇င့်လေ


မလွမ်းချင်တော့ဘူး
မချစ်ချင်တော့ဘူး
မသိချင်တော့ဘူး
အရာရာကို မေ့ပစ်ဖို့
ပလော့တ်အသစ်တစ်ခုခင်းလိုက်တယ်
ကိုယ့်ပလော့တ်မှာကိုယ်မိလို့
ဝမ်းနည်းခြင်းတွေ လှိုင်တက်နေပုံများ
မင်းမြင်ရင် ရယ်လိမ့်မယ်
ငှက်ကလေးနဲ့ သစ်ပင်အတွက် ခွဲခွါဖို့ပလော့တ်တစ်ခုခင်းပြခဲ့မိတယ်
အဒီနေ့က ကိုယ့်စိတ်တွေ ခဏသေတယ်
သေချာနေပြီ
သေချာနေပါပြီ
ဒီစကားကိုပဲ အထပ်ထပ်ရွတ်နေမိတော့တယ်
မင်းကိုမချစ်ပဲ မနေနိုင်တော့ဘူး သေချာနေတယ်
အချစ်ဟာ ဘိန်းလိုလား
သူလည်းစွဲတတ်တယ်
အလွမ်းလည်း ဘိန်းပဲလား
ကိုယ်မင်းကို မလွမ်းတဲ့နေ့ကိုပြန်ရှာတော့
မင်းနဲ့တွေ့နေချိန်မှာတောင် မတွေ့ဖြစ်တဲ့နေ့တွေကို နှမြောတသနဲ့ လွမ်းမိနေရ
ငှက်ကလေး..
ငှက်ကလေးရေ..
ငှက်ကလေးရေ.........
အကျယ်ကြီးအော်ပစ်မိတဲ့ ရင်ခွင်းသံ
မင်းကြားနိုင်မလား
တားမြစ်စည်းကိုဖေါက်နေတဲ့ အလွမ်းတွေ..
တားမြစ်စည်းကို ခေါက်သွားတဲ့ ချစ်ခြင်းတွေ
ငှက်ကလေး သေချာတယ်
ငါ မင်းမရှိလို့ မဖြစ်ဘူး ..။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်