Thursday 4 April 2013

“၄-၄-၂၀၁၃ ချစ်သူသို့တစ်နေ့တာ”



နှလုံးသားရှိရာဘက်ခြမ်းဟာ
ထိခိုက်မှုမရှိပါပဲ
တသိမ့်သိမ့်ခုန်နေတတ်တာ ငှက်ကလေးအတွက်တဲ့

နေ့ည ထိန်းရခက်တဲ့ ရင်ခုန်ခြင်းတွေ
ငှက်ကလေးေ၇
မင်းသာအပိုင်စားယူ


ကြည့်နေတဲ့ ဇာတ်လမ်းမှာ
ငှက်ကလေးက ဇာတ်လိုက်
ဆယ်ယောက်တစ်ယောက်တိုက်တာတောင် နိုင်သတဲ့

ကိုယ်နေတဲ့ အိမ်လေးမှာ
ငှက်ကလေးအငွေ့အသက်လွှမ်းနေတယ်
လေထုထဲမှာ ငှက်ကလေးရဲ့ ရနံ့တွေပါသတဲ့

ငှက်ကလေးရေ
ကောင်းသောညလို့ နှုတ်ဆက်ရဦးမယ်
မုန်းလိုက်တာ
အချိန်တွေကို ရပ်တန့်ပစ်ဖို့
ကမ္ဘာဦးဆီ ခရီးထွက်လို့ရရင် ထွက်ပစ်လိုက်ချင်တယ်
ဗြဟ္မာကြီးတွေဆီမှာ အချိန်ရပ်ခွင့်တောင်းဖို့လေ

ငှက်ကလေးရေ...
တားမြစ်မရတဲ့အရာဟာ အချစ်နဲ့အချိန်တဲ့
တာ့တာကွယ်
သစ်ပင်ငိုက်တော့မယ်
မနက်ခင်းကိုကြိုဆိုဖို့
မဖြစ်မနေအိပ်ရမယ်

ရည်ဝေ

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်